စစ်တွေ မြို့တွင်း နေပြည်သူများ ရေ လုံလောက်စွာ ရရှိရေး အတွက် သက်ဆိုင်ရာ မှ ရေတို ရေရှည် စီမံချက် များဖြင့် ဆောင် ရွက် လျက်ရှိနေသည်။ လက်ရှိ မြို့တွင်း သို့ ရေပေး လျက်ရှိသည့် ကန်တွင်းကြီး အတွင်းတွင် ရေလှောင်မှု ပမာဏ နည်းပါး လာပြီး မြို့နေ လူထု လိုအပ်ချက် ၏ ၄၁ ရာခိုင်နှုန်း ကိုသာ ရေပေး ဝေ နိုင်သည်။
အခြား လိုအပ် ရေများကို ပုဂ္ဂလိက ရေတွင်းများ၊ ရေကန် များဖြင့် ရယူ အသုံးပြု လျက် ရှိနေကြသည်။ စစ်တွေ မြို့တွင်း မြို့ပေါ်လူဦးရေ ၁ ဒသမ ၅ သိန်းအတွက် တစ်နေ့လျှင် ရေဂါ လန်သုံးသန်း ခန့် လိုအပ် သည်။
စစ်တွေမြို့ ရေတိုးချဲ့ပေးဝေရေး အတွက် စစ်တွေမြို့မှ သုံးမိုင်ခန့် ကွာဝေးသည့် အောင်တိုင် ချောင်းအား မြို့နေ လူထု ၏ ပံ့ပိုး ကူညီဖြင့် ၁၉၉၂ ခုနှစ် ၀န်းကျင်က တူးဖော် ဆည်ဖို့ ခဲ့ပြီးဖြစ်ရာ အဆိုပါ ဆည်မှ ရေများ ကို ရှစ်လက်မ ပိုက်လုံး ပေ ၁၇,၃၀၀ တိုးချဲ့ သွယ်တန်း ၍ လက်ရှိ ကန်တော်ကြီး သို့ ရေများ ဖြည့်ပေး ပြီး ထို ကန်တော်ကြီးမှ တစ်ဆင့် ရေများ ပေးဝေရန် ဆောင်ရွက် လျက်ရှိသည်။
ရေပိုက် သွယ်တန်း ပြီးပါက အောင်တိုင်ဆည် အနီးတွင် ရေတွန်းစက် တစ်လုံး တပ်ဆင်ပြီး ကန်တော်ကြီး သို့ ရေများ တွန်းပို့ ပေးမည်ဖြစ်ကာ ကန်တော်ကြီးမှ ရေ ပေးနိုင်မည် ဖြစ် သဖြင့် နွေရာသီ ရေရှားပါးမှု ကို ဖြည့်ဆည်း နိုင်တော့မည် ဖြစ် သည်။ အဆိုပါ လုပ်ငန်းအတွက် ကုန်ကျငွေ ခန့်မှန်းမှု မှာ သိန်း ၁,၄၀၀ ခန့် ရှိကြောင်း သိရသည်။
ကိုကြီးမန်း
Share


