တောင်ရိုး တိုင်းရင်းသား အမျိုး သမီးများ ၀တ်ဆင်သော ဂျပ်ခုတ် သင်တိုင်း ၀တ်စုံများ ရက်လုပ် သည့် ပညာရပ်များ မပျောက်ပျက် စေရန် ရည်ရွယ်၍ ဂျပ်ခုတ် ရက်လုပ်မှု ပညာ ရပ်ကို လက်ဆင့်ကမ်း သင်ကြားပေး နေကြောင်း ပင်းတယ မြို့ရှိ golden Cave ဟိုတယ်တွင် သင်ကြားပေး နေပြီဖြစ်ကြောင်း အဆိုပါ ဟိုတယ် ပိုင်ရှင် ဦးကျော်ထွေးက ပြောသည်။
“အခု ဒီမှာက ဂျပ်ခုတ်ပြီး ၀တ် တဲ့ အ၀တ်အစားကို သိပ် ၀တ်တာ မတွေ့ရ တော့ဘူး၊ အဲဒါက အရမ်းကို ရှား ပါးနေ ပြီ။ အမှန်က ဂျပ်ခုတ် သင်တိုင်း ရှည်က တောင်ရိုး တိုင်းရင်းသား တွေဝတ် ကြတာပါ။ ဒီဝတ်စား ဆင်ယင်မှုကို ပြန်လည် ဖော်ထုတ် ပေးဖို့အတွက် ဦးအနေနဲ့ တတ်နိုင်သမျှ ဆောင်ရွက်ပေးတယ်၊ ဦး ဟိုတယ်မှာ ရက်လုပ် တဲ့ အခန်းတစ်ခန်း ရှိတယ်။ အဲဒီမှာ ရက်တဲ့ သူကိုခေါ်ပြီး သင်ကြား ပေးစေ တယ်။ လာရောက်ပြီး သင်ယူ စေပါတယ်။ ရှမ်းရွာ က မသိမ်းဝေက သင်ကြားပေးတယ်။ စိတ်ဓာတ် ရေးရာ တွေဝင်လာ စေအောင် ဆောင်ရွက်ပေး နေပါတယ်။ အခု ဟိုတယ်မှာ ဂျပ်ခုတ် စင် ထားပေး ထားတယ်။ အမျိုးသမီး တွေကို သင်ယူစေတယ်။ အသက်မွေး ၀မ်းကျောင်း တစ်ခုလို ဖြစ်စေချင်တဲ့ ရည်ရွယ်ချက် ကြောင့် ဖွင့်လှစ် ပေးခဲ့ တာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆို သည်။
ဂျပ်ခုတ်ဖြင့် ရက်လုပ်သော ၀တ် စားဆင်ယင်မှု သည် တောင်ရိုး တိုင်း ရင်းသား ၀တ်စုံ ဖြစ်ပြီး ယခုအခါ တွင် ဂျပ်ခုတ်ဖြင့် ရက်သော အ၀တ်အထည် သည် ရက်လုပ်သော သူမရှိခြင်း၊ အလွယ်တကူ ချုပ်လုပ်ပြီး ၀တ်စား ဆင်ယင်သော ကြောင့် တဖြည်းဖြည်း ၀တ်ဆင်မှု မရှိဘဲ ပျောက် ကွယ်ခြင်း ကြောင့် ယခုကဲ့သို့ ဂျပ်ခုတ် ရက်လုပ် မှုကို ပြန်လည် သင်ကြားပေးခဲ့ ခြင်းဖြစ်သည်။
ယဉ်ယဉ်လှ
Share


