ကမ္ဘာ့ စီးပွားရေး ကျဆင်းမှု ဖြစ်ရာ တွင် စီးပွားရေး ကျဆင်းမှု လုံးဝ မရှိသည့် လုပ်ငန်းမှာ ပန်းမန် အလှ စိုက်ပျိုးထုတ် လုပ် ရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်း၊ တစ်နည်း အားဖြင့် ကမ္ဘာ့ ပန်းဈေးကွက် ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းမှာ ဘယ် သော အခါမှ ကျဆင်းသွားမည် မဟုတ် ကြောင်း၊ ကိန်းဂဏန်း အားဖြင့် အမြဲတမ်း နှစ်စဉ် တိုးတက်မှုမှာ ငါးမှ ၁၀ ရာခိုင် နှုန်း အတွင်း ရှိနေကြောင်း၊ အကြောင်း အရင်းမှာ ပန်းမန်သုံးစွဲသူ လူဦးရေ ပိုများ လာခြင်း၊ လူဦးရေ တိုးပွား လာခြင်း၊ ၀ယ် ယူ သုံးစွဲ နိုင်မှု လူဦးရေ များလာခြင်း စသည့် တို့ကြောင့် ဖြစ်ကြောင်း မြန်မာ နိုင်ငံ ပန်းဝါသနာ ရှင်များ အသင်း အလုပ် အမှုဆောင် နှင့် Myanmar Flora Co., Ltd ၏ မန်နေဂျင်း ဒါရိုက်တာ၊ သစ်ခွပညာရှင်နှင့် အပင် တစ်သျူး ပညာ ရှင်ဖြစ်သူ ဒေါက်တာ စောလွင်က ဖေဖော်ဝါရီ ၂၀ ရက် တွင် ပြောကြား သည်။
တရုတ်ပြည်
တရုတ်ပြည်၌ ပန်းမန် လုပ်ငန်းကို တိုးချဲ့ လုပ်ကိုင် လျက်ရှိရာ သူတို့ ၏ မျှော် မှန်းချက်မှာ ယခုနှစ်တွင် အမေရိကန် ဒေါ် လာသန်း ၈၀၀ဖိုး နိုင်ငံခြား သို့ တင်ပို့ ရောင်းချ ရကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အမေရိကန် ဒေါ်လာသန်း ၅,၀၀၀ ဖိုး ပြည်ပ ပို့ကုန် လုပ်နိုင်ရန် ချမှတ်ကြိုးပမ်း လျက်ရှိကြောင်း ဒေါက်တာ စောလွင်က ပြောကြားသည်။
မြေခင်းအလှလုပ်ငန်း
ကမ္ဘာတွင် မြေခင်း အလှပြုပြင်မှု လုပ်ငန်းမှာလည်း ခေတ်စား တွင်ကျယ် လာနေသဖြင့် ဧရာမ ဈေးကွက်ကြီးအဖြစ် ကြီးထွား လျက်ရှိနေကြောင်း၊ ကမ္ဘာ့မြေ ခင်း အလှ ပြုပြင်မှုလုပ်ငန်း ပမာဏသည် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၄,၀၀၀ ရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း မြေခင်းအလှပြင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက် လျက်ရှိကြောင်း ဒေါက်တာ စောလွင်က ဆက်လက် ပြောကြားသည်။
ထိုင်းနိုင်ငံ
မြန်မာနိုင်ငံ ၏ အိမ်နီးချင်း ထိုင်းနိုင်ငံ သည် ၁၉၆၂ခုနှစ် သစ်ခွ စတင်စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချစဉ်က ၀င်ငွေ မှာ အမေရိကန် ဒေါ်လာလေးသောင်း၊ ငါး သောင်း ခန့်ပဲ ရှိခဲ့ ကြောင်း၊ ပြီးခဲ့သည့်နှစ် တွင် အမေရိကန် ဒေါ်လာ သန်း ၉၀ ဖိုး တင်ပို့ ခဲ့ရကြောင်း၊ သူတို့၏ မျှော်မှန်းချက် သည် လာမည့် ငါးနှစ်တွင် အမေရိ ကန် ဒေါ်လာ သန်း ၃၀၀ နှစ်စဉ် ပို့နိုင်ရန် ဖြစ် ကြောင်း၊ မြန်မာ နိုင်ငံ အနေနှင့် ထိုင်းကဲ့သို့ ပန်းမန် စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချမှု မျိုး ချက်ချင်း မဖြစ်နိုင် သေးသော်လည်း တစ်ချိန်ချိန် တွင်ဖြစ်လာ နိုင်ကြောင်း မြန်မာ နိုင်ငံ သည်ထိုင်းထက် ရာသီဥတုပိုစုံ ကြောင်း၊ ပန်းမန် အမျိုးလည်း ပိုများ ကြောင်း၊ လေကြောင်း သယ်ယူပို့ဆောင် မှု ပိုများလာလျှင် သစ်ခွ တင်ပို့မှု ပိုအဆင် ပြေ လာမည် ဖြစ်ကြောင်း ဒေါက်တာ စော လွင်က ပြောကြား သည်။
အနာဂတ် အလားအလာ ကောင်း မျှော်မှန်းပြီး ယခုကတည်းက ကြိုတင် ပြင်ဆင် လုပ်ကိုင် ထားရမည် ဖြစ်ကြောင်း၊ ကိုယ်ရဲ့ သစ်ခွမျိုးတွေ၊ ကိုယ်တိုင် စိုက်တဲ့ သစ်ခွ မျိုးတွေကို ဖော်ထုတ် ရမည်ဖြစ် ကြောင်း၊ ဖော်ထုတ်တဲ့ မျိုးတွေကို မှတ်ပုံ တင် စာရင်း လုပ်ရမည်ဖြစ်ကြောင်း၊ အဲဒီ လို လုပ်မှသာ ကိုယ့်ရဲ့ ပန်းမန်ကို တင်ပို့ ရောင်းချ ၍ ရမည် ဖြစ် ကြောင်း၊ နိုင်ငံခြား မျိုး ဒီမှာစိုက်ပြီး တင်ပို့ ရောင်းချ၍ ရမည် မဟုတ်ကြောင်း၊ အကြောင်းမှာသူတို့က မူပိုင်ခွင့် အရ မှတ်ပုံတင်ပြီး လုပ်ကိုင်နေ ကြခြင်းကြောင့် ဖြစ်ကြောင်း ပြောကြား သည်။ နိဂုံးချုပ် အားဖြင့် ပြောကြား ရာတွင် သစ်ခွကို ပိုပြီး အလေးအနက် ထားလုပ် ကိုင်နိုင်ရေး အတွက် မြန်မာနိုင်ငံ သစ်ခွ အသင်း သီးခြား ထူထောင် ရန်လည်း ကြိုး ပမ်းနေကြောင်း၊ မြန်မာ့ သစ်ခွကို ပြည်ပ တင်ပို့ဖို့ အထိ ကျွန်တော်တို့ ရည်ရွယ် ကြောင်း ဒေါက်တာ စောလွင်က ပြော ကြားသည်။
မြန်မာပို့စ်
Share


