Myanmar Professionals Education Centre (MPEC) မှ Software Programmer ဖြစ်လိုသူ လူငယ် များ အတွက် Foundation of Programming သင်တန်းကို ဇန်န၀ါရီ နောက်ဆုံး ပတ်တွင် စတင် ဖွင့်လှစ် ပေး သည်။
သင်တန်းတွင် Basic Computer Priciple, Introduction to Computer Science, Mathematics of Computing, Data Structure & SQL နှင့် Programming Language စသည့် ဘာသာရပ်တို့ကို သင်ကြား ပို့ချပေးပြီး Programming ၏အခြေခံအကျဆုံးသဘော တရားများ၊ Theory များ၊ Flow Chat, Pseudo Code ရေး သားနည်းများ၊ Mathematics for computing စသည် တို့ကို သင်ကြား ပေး မည် ဖြစ်သည်။ အဓိက အားဖြင့် Java, Microsoft C#, .Net, Python စသည့် programming language တို့ကို အခြေခံ မှစ၍ ကျွမ်းကျင် ပိုင်နိုင်စေ ရန် စနစ်တကျ လေ့ကျင့် သင်ကြား ပေးသည်။ သင်တန်း၏ ထူးခြား ချက် အနေဖြင့် Programming Language သုံးမျိုးကို ထည့်သွင်း သင်ကြား ပေးခြင်းကြောင့် သင်တန်း ပြီးဆုံး ပါက မိမိတို့ နှစ်သက်ရာ Programming Language ကိုဆက် လက် လေ့လာ သွားနိုင်မည် ဖြစ်သည်။ အဆို ပါ သင်တန်းသို့ အနိမ့်ဆုံး အခြေခံပညာ အထက်တန်း အဆင့် computer အခြေ ခံ ရှိထားပြီး သူများမှ စ၍ Software programmer ဖြစ်လို သူများ တက် ရောက် နိုင်ကြသည်။
သင်တန်းနှင့် ပတ်သက်၍ ဆက်သွယ် လိုပါက MPEC အမှတ် ၁၁၂၊ အခန်း ၁၁၊ ၁၂၊ ရှစ်မိုင်၊ ပြည်လမ်း၊ မရမ်း ကုန်း မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၆၆၈၇၇၉၊ ၆၆၈၂၅၉၊ ၆၅၀၁၂၄ သို့ ဆက်သွယ်နိုင် ကြောင်း သိရ သည်။
သုဝဏ်
Share


