ဗဟို အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) က သောက်ရေသန့် ထားရှိသောနေရာများ၊ သယ်ဆောင် သော နေရာများအား ကျန်းမာရေး နှင့် ညီညွတ် မှုရှိမရှိ လိုက်လံ စစ်ဆေးဆောင် ရွက် နေကြောင်း FDA တာဝန်ရှိသူ တစ် ဦးကပြောသည်။
အဆိုပါ စစ်ဆေးမှုများ ကို နှစ်ပတ် တစ်ခါ၊ တစ်ပတ် တစ်ခါ နေပြည်တော်မှ ရန်ကုန်သို့ လာရောက်ပြီး စစ်ဆေးကြောင်း သိရသည်။ “အခု တချို့သောက်ရေသန့် ဘူးသယ်တဲ့ ကားတွေမှာ ဆိုရင်သောက်ရေ သန့်ဘူး ပေါ်မှာထိုင်ပြီး လိုက်တာ ရှိသလို သောက်ရေသန့်ဘူးကို ကျော်ခွပြီး သွားတာ တွေကို တွေ့နေရ တယ်။ အမှန်ဆိုရင် ခုလို မလုပ်သင့်ပါဘူး။ သောက်ရေ သန့်ဘူး သယ်ဆောင်တဲ့ ကားပေါ်မှာ လူသွားလမ်း လုပ်ပေး သင့်တယ်။ အဲဒီမှာပဲ ထိုင်သင့်ပါ တယ်။ အခုဆိုရင် တချို့ ကုမ္ပဏီတွေက လုပ်လာ ကြတာကို တွေ့နေရ တယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
သောက်ရေသန့်ဘူး များအား အပတ် ပတ်ထားမှုများ မလုံခြုံပါက ဖုန်ဝင်လာ ကာ ရောဂါပိုးများ လွယ်ကူစွာ ၀င်ရောက် လာနိုင်သည်။ ထို့ပြင် ရေပိုက်ခေါင်း များကို သေသေချာချာ စွပ်မထားပါက ရောဂါပိုး ၀င်ရောက် နိုင်သည်။ ထိုမှတစ်ဆင့် ၀မ်း ပျက်၊ ၀မ်းလျှော ရောဂါများ ဖြစ်လာနိုင် သည်။ ထို့ကြောင့် ရေသန့် ကုမ္ပဏီ များနှင့် တခြား ပုဂ္ဂလိက လုပ်ကိုင်နေသော လုပ် ငန်းရှင် များမှ စနစ်တကျ ဆောင်ရွက်လုပ် ကိုင်ရန်နှင့် ကျန်းမာရေး ကို အလေးထား ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ၀ယ်ယူ သုံးစွဲသော သူများကဆိုသည်။ ယဉ်ယဉ်လှ
Share


