အားကစား ၀န်ကြီးဌာန၊ မြန်မာ နိုင်ငံ မြင်းစီး အားကစား အဖွဲ့ချုပ်နှင့် Baron’s တို့ ပူးပေါင်း ကျင်းပသော BARON’S CUP 2010 မြင်းစီး ပြိုင် ပွဲတွင် ပြိုင်ပွဲဝင် မြင်းများကို မှတ်ပုံ တင် ပြုလုပ် ပေးမည် ဖြစ်ပြီး မှတ်ပုံတင် ထားသော မြင်းဖြစ်မှသာ ပြိုင်ပွဲဝင် ခွင့် ရ မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ် နှင့် အာဆီယံ မြင်းစီး အားကစား အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးငြိမ်းကျော်က ပြိုင်ပွဲ နှင့် ပတ်သက်၍ စာနယ်ဇင်း ရှင်းလင်းပွဲ တွင် ပြောသည်။
မှတ်ပုံတင် ထားသော မြင်းများ သာ ပြိုင်ပွဲ ၀င်ခွင့် ပြုမည့် ကိစ္စနှင့်ပတ် သက်၍ ဦးငြိမ်းကျော်က “လက်တ လော အနေနဲ့ ပြိုင်ပွဲ ကစားနည်း လေး မျိုးလောက် ကျင်းပမယ်။ ပြိုင်ပွဲ လုပ် ရတဲ့ ရည်ရွယ်ချက် က မြင်းစီး အားက စား ပုံမှန် ဖွံ့ဖြိုးပြီး လူအများ စိတ်ဝင် စား လာအောင် နဲ့ ပြည်ပ ပြိုင်ပွဲတွေ သွားပြိုင် နိုင်အောင်နဲ့ ပြည်တွင်း က စားသမား တွေ တိုးတက် လာအောင် ကျင်းပ ပေးတာ ဖြစ်ပါတယ်။ အခုပြိုင် ပွဲမှာ ထူးခြား တာက မြင်းစီး အဖွဲ့ချုပ် မှာ မှတ်ပုံတင် ထားတဲ့ မြင်းတွေကိုပဲ ယှဉ်ပြိုင်ခွင့် ပြုမယ်။ မြင်းတွေ ကိုမှတ် ပုံတင် ထုတ်ပေးရခြင်း ကတော့ နိုင်ငံ တကာ အဆင့်မီ ဖို့ပါ။
ကမ္ဘာပေါ်မှာ လက်ရှိ မြင်း အမျိုး ပေါင်း ၂၅၀ လောက် ရှိတာ တွေ့ရ တယ်။ မြင်းတွေ ရဲ့ အဖေ၊ အမေမျိုး ရိုး ပြန်စစ်ပြီး ဘယ်မြင်း အမျိုးအစား လဲ ဆိုတာ သတ်မှတ် ပေးမယ်။ မြင်း တွေမှာ ရှိတဲ့ အမှတ်အသား တွေက အစ မှတ်ပုံတင် ထဲမှာ ထည့်ထားမယ်။ နိုင်ငံခြား ပြိုင်ပွဲ သွားပြိုင်ရင် မြင်းတွေ ကို ပတ်စပို့ လုပ်ပေး ထားရတယ်။ အဲ ဒါမှ ပြိုင်ပွဲမှာ မြင်းပြောင်းပြီး ပြိုင်တာ တို့ နယ်စပ် ဖြတ်ကျော်ပြီး မြင်းတွေ ရောက်လာတာ တို့ကို လုပ်လို့ မရဘူး လေ။ ရောင်းတာ ပဲဖြစ်ဖြစ်၊ အားက စား အတွက်ပဲ ဖြစ်ဖြစ် မြင်း တွေကို စနစ်တကျ ဖြစ်စေ ချင်တယ်။ ကျွန် တော်တို့ အဖွဲ့ချုပ်က ကမ္ဘာ့မြင်းစီး အ ဖွဲ့ချုပ် မှာ မြင်းရှစ်ကောင် မှတ်ပုံတင် ထားတယ်။ တစ်ကောင် ကို ဒေါ်လာ ၄၀၀ လောက် ကျတယ်။ ပြည်တွင်း မှာတော့ ၄ ပေ၊ ၁၀ လက်မ အထက် မြင်းကို မှတ်ပုံတင်ကြေး တစ်သောင်း နဲ့ လေးပေ၊ ၁၀ လက်မအောက် မြင်း တွေကို မှတ်ပုံတင်ကြေး ၅,၀၀၀ သတ်မှတ် ထားပါတယ်” ဟု ပြော သည်။
အဆိုပါ ပြိုင်ပွဲတွင် မြင်းတန်း ခုန် စီးပြိုင်ပွဲ၊ အလွတ်တန်း နှင့်မြင်း ဒုန်းစီး ပြိုင်ပွဲ၊ အကြီးတန်း၊ အထက်တန်း၊ အငယ်တန်း စသည်ဖြင့် အမျိုးအစား စုံလင်စွာ ကျင်းပမည် ဖြစ်ပြီး ဆုတံ ဆိပ်နှင့် ငွေကြေး ထိုက်တန်စွာ ချီးမြှင့် သွားမည် ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကို လာမည့် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီမှ ၁၂ နာရီထိ မြန်မာ နိုင်ငံ မြင်းစီး အားကစား အဖွဲ့ချုပ် တည် ရှိရာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့ နယ် အားကစားကွင်း ၌ ကျင်းပမည် ဖြစ် ကြောင်း သိရသည်။
ထွန်းလင်း
Share


