ကြိုတင် ငွေဖြည့် ကတ်သုံး စီဒီအမ် အေ ၈၀၀ မဂ္ဂါဟက်ဇ် တယ်လီဖုန်း များကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း က စတင် ချထား ပေးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီဒီအမ်အေ ၈၀၀ MHz ဖုန်းများနှင့် ကြိုတင် ငွေဖြည့်ကတ် များ ကို မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်း က တရားဝင် ရောင်းချ ခွင့်ပြု ထားသော အ ရောင်း ကိုယ်စား လှယ်ထံ တွင် ၀ယ်ယူ ရန် ကတ်အတွင်း စည်း ကမ်းချက် အနေဖြင့် ရေးသား ထားသည်။ ကြို တင် ငွေဖြည့် ကတ် prepaid top up card နှင့် ဖုန်းကတ် ထည့်သွင်း အသုံး ပြုရမည့် fix phone terminal များ ကို ၀ယ်ယူ လိုသူများ သဖြင့် ရောင်းချ သည့် ပန်းဆိုးတန်း လမ်းရှိ mobile shopping mall တွင် နံနက်ပိုင်း ၌ ၀ယ်ယူရန် စောင့်ဆိုင်း နေသူ အများ အပြား ကို တွေ့ရှိ ရကြောင်း ခရီးသွား ပြည်သူ တစ်ဦးက ပြောသည်။
ကျပ် ၅,၀၀,၀၀၀ တန် ဖုန်း များကို ရန်ကုန် တိုင်း ၃၁ မြို့နယ် တွင် စတင်ချ ထား ပေးခြင်းဖြစ်ပြီး မန္တလေး တွင်လည်း ချထား ပေးရန်ရှိကြောင်း သိရ သည်။ အဆိုပါ ကျပ် ၅,၀၀,၀၀၀ တန် ဖုန်းများကို ရန်ကုန် နှင့် မန္တလေး မြို့များ တွင် အလုံး ပေါင်း ၁,၅၀,၀၀၀ အထိ ချထား ပေး ရန် ရှိကြောင်း သတင်း ရလျင်ရချင်း ရန်ကုန်မြို့ရှိ ဖုန်း အရောင်းဆိုင် အများ စုက ဖုန်းခွံများ တင်သွင်း ခဲ့ရာ ယခု အချိန် အထိ အရောင်း အ၀ယ် အေးနေ သေးကြောင်း လသာလမ်းရှိ မိုဘိုင်းဖုန်း ဆိုင် တစ်ဆိုင်မှ သိရသည်။
ကြိုတင် ငွေဖြည့်ကတ် prepaid top up card အသုံးပြုရာတွင် နည်း လမ်း မှန်ကန်မှု ရှိရန်လိုအပ်ပြီး ငွေဖြည့် ကတ် အသုံးပြုရန် pin နံပါတ် ရိုက် ရာတွင် ငါးကြိမ် မှားယွင်း ပါက ၂၄ နာရီ အတွင်း ဖုန်း ခေါ်ဆို၍ မရနိုင် ကြောင်းနှင့် ၂၄ နာရီ ပြည့်ပြီးမှသာ ပြန်လည် ခေါ်ဆို နိုင်မည် ဖြစ်သည်။ Pin နံပါတ်တွင် ရိုက်ထည့်ရမည့် ဂဏန်းကို ငွေဖြည့် ကတ်ပေါ်ရှိ ခဲခြစ် အမှတ်အသား အား ခြစ်ကာ ကြည့်ရှု နိုင်သည်။
Pin နံပါတ် ရိုက်ထည့်ပြီး မှန်ကန် သွားပါက ထပ်မံ မရိုက်မိစေရန် သတိ ပြု ရမည်ဖြစ်ကြောင်း၊ ထိုနံပါတ်ကို နှစ်ခါ ပြန်နှိပ်မိပါက ဖုန်းကတ် ပျက်စီး နိုင်ကြောင်း သိရသည်။
ဝယ်ယူ အသုံးပြုသော ဖုန်းကတ် များ သုံးစွဲ၍ အဆင်မပြေ ပါက ဖုန်း – ၀၁၁၇၃၀၀၀၀၀၀ နှင့် ၀၁၇၃၀၀၀ ၉၃၃ သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရသည်။
အေးမြခိုင်
Share
