ၾသစေၾတးလ် နိုင်ငံရှိ Newcastle တက္က သိုလ်၊ Wollongong တက္ကသိုလ်နှင့် PSB အကယ် ဒမီ (စင်္ကာပူ) တို့ ပူးပေါင်း၍ သြစတြေးလျ ပညာရေး အကြောင်း သိကောင်း စရာများ၊ သင်ကြားမှု အတွေ့ အကြုံများ၊ PSB အကယ်ဒမီမှ နိုင်ငံတကာ ကျောင်းသားများ အတွက် ၂၀၁၀ ပြည့်နှစ်တွင် ပေးအပ် မည့် စင်ကာပူ ဒေါ်လာ ၂,၃၉,၀၀၀ တန် ဖိုးရှိ ပညာသင် ထောက်ပံ့ကြေးများ အကြောင်း ရှင်းလင်း ဟောပြောပွဲကို ဖေဖော် ၀ါရီ ၂၇ ရက် တွင် ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်၌ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ လည်း ကောင်း၊ ဖေဖော်ဝါရီ ၂၈ ရက် တွင် မန္တလေး Sedona ဟိုတယ်၌ မွန်းလွဲ ၃ နာရီမှ ၅ နာရီ အထိ ကျင်းပ မည်ဖြစ်သည်။
အဆိုပါ ပညာသင် ဆုများမှာ Business Administration, Banking & Finance, Marketing & Sales Management, Tourism & Hospitality Management ဒီပလိုမာတန်း များအတွက် ရာနှုန်းပြည့် ပညာသင် ဆု နှစ်ဆု၊ ရာ ခိုင်နှုန်း ၅၀ နှစ်ဆု၊ ၂၅ ရာခိုင်နှုန်းနှစ်ဆု၊ Dip.in Engineering အတွက် ရာခိုင်နှုန်း ၅၀ တစ်ဆုနှင့် ၂၅ ရာခိုင်နှုန်းနှစ်ဆု Newcastle တက္ကသိုလ် (UK) ၏ အင်ဂျင်နီယာ ဘွဲ့အတွက် စင်ကာပူ ဒေါ် လာ ၁၀,၀၀၀ တန်ဖိုးရှိ ဆု ၂၀ ဖြစ်သည်။
အသေးစိတ်သိရှိလိုပါက PSB Academy ၏ မြန်မာပြည် ကိုယ်စားလှယ်များ ဖြစ်သော AT&S, Regent, SR, MSI, RV နှင့် Crown Education ရုံးခန်းများသို့ ကိုယ်တိုင် စာရင်းများ ပေးသွင်း နိုင်ကြောင်း သိရ သည်။
သုဝဏ်
Share


