ရွှေမင်းသား ဖောင်ဒေးရှင်း (မြန်မာ) မှ ရန်ကုန်တိုင်း အတွင်းရှိ မသန်စွမ်း သူများ ကို ကိုယ်ပိုင် လုပ်ငန်းများ လုပ်ကိုင် နိုင်ရန် ၂၀၀၉ ခုနှစ် အတွင်း အသေးစား ရင်းနှီး မတည်ငွေ ထုတ်ချေး ခဲ့ရာ ရာနှုန်းပြည့် ပြန် လည် ရရှိ ခဲ့ကြောင်း အဆိုပါ ဖောင်ဒေး ရှင်းမှ ဥက္ကဋ္ဌဦးမြတ်သူဝင်း က ပြောကြား သည်။
အဆိုပါ ချေးငွေ ရာနှုန်းပြည့် ပြန်လည် ရရှိခြင်း နှင့် ပတ်သက်၍ ဦးမြတ်သူဝင်းက “ကျွန်တော်တို့ ဖောင်ဒေးရှင်း က မသန်စွမ်း ၂၀ ခန့်ကို ၂၀၀၉ ခုနှစ် အတွင်းမှာ အသေး စား ချေးငွေ သုံးသန်းခန့် ထုတ်ချေး ပေးခဲ့ပါ တယ်။ ချေးငွေကို ခြောက်လ အတွင်းပြန် ဆပ်နိုင် ပါတယ်။ အခု ရာနှုန်းပြည့် ပြန်ဆပ် တာ တွေ့ရတယ်။ မသန်စွမ်းတွေ ဘ၀ရပ် တည်ရေး အတွက် ဒီနှစ် အတွင်းမှာ ထပ်ပြီး ထုတ်ချေး သွား မှာပါ။ တချို့က တစ်နိုင်တစ် ပိုင် အရောင်းအ၀ယ် လုပ်ချင်တာရှိတယ်။ ဒါပေမဲ့ သူတို့မှာ အရင်းအနှီး မရှိ ဘူး။ အဲဒီ အခက်အခဲ တွေကို တတ်နိုင် သလောက် ကူညီ ပေးတာပါ။ အခု ကိုယ်ပိုင် လုပ်ငန်းရှိပြီး သူတို့ ဘာသာ ရပ်တည်လို့ ရသွားပြီ။ ဆက် ပြီး လုပ်ငန်း တိုးချဲ့ ချင်တယ် ဆိုရင်လည်း ထုတ် ချေး ပေး သွား မှာ ပါ။ မသန်စွမ်း တွေ အလုပ် အကိုင် ရရှိဖို့အတွက် အခက်အခဲ တွေရှိ တယ်။ ဥပမာ – ပညာ အရည် အချင်း အား နည်းတယ်။ တချို့အရည် အချင်းရှိတဲ့ မသန် စွမ်းတွေကို ကျွန်တော်တို့ ဖောင်ဒေးရှင်း မှာ အလုပ် ပြန်ခန့် ထားတယ်။ ကျွန်တော့် ဆီမှာ ရာခိုင်နှုန်း ၂၀ လောက်က မသန်စွမ်း အလုပ် သမား တွေပါ” ဟု ပြောကြားသည်။
ထို့အပြင် အသေးစားချေးငွေရယူလို သောရန်ကုန်တိုင်းအတွင်းရှိ မသန်စွမ်းသူ များအနေဖြင့် ရင်းနှီးမတည်ငွေတောင်းခံ လွှာကို ရွှေမင်းသားဖောင်ဒေးရှင်း၊ ဗိုလ် ချုပ်လမ်းနှင့် ၀ါးတန်းလမ်းထောင့်၊ လမ်း မတော်မြို့နယ်၊ ရန်ကုန်မြို့တွင် ရယူနိုင် ကြောင်း သိရသည်။
ထွန်းလင်း
Share
