မြန်မာ့ ရော်ဘာ ထုတ်လုပ်မှု ကို မြှင့်တင်၍ ပြည်ပ ဈေးကွက်သို့ တိုး ချဲ့ တင်ပို့မည ဖြစ်ရာ မွန်ပြည်နယ်အ ရှေ့တောင်ပိုင်း တွင် ရော်ဘာ စိုက်ပျိုး မြေ ဧက ဟက်တာ ၆၇,၆၀၀ ကျော် ကို ငါးနှစ် စီမံကိန်း ချမှတ် စိုက်ပျိုး မည် ဖြစ်ကြောင်း ရော်ဘာ စိုက်ပျိုးထုတ် လုပ် သူများ အသင်းမှ သိရသည်။
လက်ရှိ အချိန်တွင် အဆိုပါ ဒေသ၌ ရော်ဘာ စိုက်ပျိုး မြေဧက ၁၇၁,၃၀၀ ဟက်တာ စိုက်ပျိုး ပြီးဖြစ်ရာ အဆိုပါ ငါးနှစ်ဟာ စီမံကိန်း အောင် မြင်ပြီးစီးပါက ဒေသတွင်း ရော်ဘာ စိုက်ပျိုး မြေဧက ၃၃၈,၉၀၀ ဟက် တာ အထိ ရောက်ရှိ လာမည်ဖြစ် ကြောင်း၊ စီမံကိန်း ကာလမှာ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ခုနှစ် အထိ ဖြစ် ကြောင်း မြန်မာ့ ရော်ဘာကို တရုတ်၊ မလေး ရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီရှား၊ တောင်ကို ရီးယားနှင့် အိန္ဒိယနိုင်ငံ များသို့ အဓိက တင်ပို့ လေ့ရှိကြောင်း သိရ သည်။
၂၀၀၉ -၂၀၁၀ ဘဏ္ဍာရေး နှစ် အတွင်း ပြည်ပသို့ ရော်ဘာ တန်ချိန် ၇၀,၀၀၀ တန်ကျော် တင်ပို့ရန် မျှော်မှန်း ထားရာ ပြီးခဲ့သည့် စက်တင်ဘာ အထိ တန်ချိန် ၃၅,၀၀၀ကျော် တင်ပို့ နိုင် ခဲ့ကြောင်း၊ စိုက်ဧက ၄၀၇,၈၇၉ ဧက စိုက်ပျိုး ဖြစ်ကြောင်း သိရသည်။ မွန်ပြည်နယ် အပြင် တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် ရှမ်းပြည်နယ် များသည် လည်း ရော် ဘာ စိုက်ပျိုးရန် သင့်တော် ကြောင်း သိရသည်။ ၂၀၀၈ -၂၀၀၉ ဘဏ္ဍာရေး နှစ်အတွင်း မြန်မာနိုင်ငံ၏ ရော်ဘာ တင်ပို့မှုမှာ တန်ချိန် ၄၀,၀၀၀ အထိ ထိုးကျ ခဲ့ကြောင်း သိရသည်။
ဖြိုးမောင်မောင်
Share


