၂၀၀၈ခုနှစ် အတွက် မြန်မာ့ ရုပ်ရှင် ထူးချွန် ဆုကို ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီ ၆ရက် ညက ချီးမြှင့် ခဲ့သည်။ ဆု ချီးမြှင့်ပွဲ တွင် ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှူး ချုပ် ကျော် ဆန်းက “ယနေ့ မြန်မာ့ ရုပ်ရှင် လောက အဆင့်အတန်း ကို ကြည့်လျှင် ဇာတ် လမ်း ဇာတ်ကွက် အပိုင်း၊ သရုပ် ဆောင်မှု၊ ၀တ်စား ဆင်ယင်မှု အပိုင်း၊ studio အပါ အ၀င် ရိုက်ကူးရေး အထောက်အကူပြု အပိုင်း၊ ပြသမှုနှင့် ရုပ်ရှင်ရုံ ၀န်ဆောင်မှု အပိုင်း၊ ပြည် ပ ဈေးကွက် ထိုးဖောက် ပြသ နိုင်မှုအပိုင်း၊ စက်မှု နည်းပညာ ပိုင်းနဲ့ ထုတ်လုပ်သူ အပိုင်း စသည့် လုပ်ငန်း အားလုံးတွင် အားနည်း ချက်၊ လိုအပ်ချက် များရှိနေ သေးသည်ကို တွေ့ ရကြောင်း ဖြင့် ထောက်ပြ သွားခဲ့သည်။
စိန်ရတုအထိ
မြန်မာ့ ရုပ်ရှင် အဆင့်အတန်း မြင့်မားရေး မှာ မြန်မာ့ ရုပ်ရှင် လောကသားတို့ အပေါ် တွင် တည်သည်။ မြန်မာ့ ရုပ်ရှင် ခေတ်ဦးမှ ယနေ့ ရွှေရတု၊ စိန်ရတု သက်တမ်း အထိ မြန်မာ့ ရုပ်ရှင် အဆင့် တိုးတက် မြင့်မားရေးမှာ ခိုင်မာမှု မရှိသေး။ အေ၀မ်း ဖလင်၊ ရှုမ၀ ရုပ်ရှင်၊ ပဒေသာ စသည့် သက်တမ်း ရှည် မြန်မာ့ရုပ် ရှင် ထုတ်လုပ်ရေး ကုမ္ပဏီကြီး များပင် ယနေ့ အထိ မရပ်တည်နိုင်။
ခေတ် အလိုက် အလျှိုလျှို ပေါ်ပေါက် လာသော ကုမ္ပဏီများ ကလည်း ပေါ် လိုက် ပျောက်လိုက် ကြာကြာ မရပ် တည်နိုင်ရှာ။ အကြောင်းရင်း ရှာ သော် ဈေးကွက် ကျယ်ပြန့်မှု မရှိခြင်းသည် ခေတ်၏ တောင်းဆိုမှုကို မဖြည့် ဆည်းနိုင် သော အနုပညာ ၀မ်းစာ အားနည်းမှု ကြောင့် ပင် ဖြစ်သည်။
ဇာတ်အိမ်၊ ဇာတ်လမ်း
မြန်မာကား မှန်လျှင် ဇာတ်အိမ် ဇာတ် လမ်း ခိုင်ခံ့မှု နှင့် စကားပြော ပိုင်နိုင် ပြောင် မြောက်မှု အပိုင်းတွင် အိန္ဒိယကို မမီ။ ဓားသိုင်း ကား ရိုက်ကူးလျှင် တရုတ်ဓားကို မကျော်နိုင်။ သူတို့ နောက်လိုက်ပြီး သူတို့ကို မှီးချ ကူးယူရ သည်က များသည်။
တရုတ် ကျန်းကျောင်း ကားတွေ အတွဲ လိုက် ပြသစဉ်က မြန်မာ ကလေးများနှင့် မြန်မာ့ ရုပ်ရှင် လူထုကို ကျန်ကျောင်းက ဖမ်းစား ထား နိုင်သည်။ မြန်မာပြည်က သူရဲကောင်း ကျန်စစ်သား ထက် တရုတ်ပြည်က ကျန် ကျောင်းကို မြန်မာ ကလေးတွေ ပိုသိသည်။ ပိုပြီး စွဲလမ်းကြသည်။
ကိုရီးယား လွှမ်းမိုးမှု
ခုနောက်ပိုင်း ကိုရီးယား ဇာတ်လမ်း တွဲတွေ ခေတ်စား လာပြန်တော့လည်း မြန်မာ့ ရုပ်ရှင် ပရိသတ်ကို လွှမ်းမိုး နိုင်ပြန်သည်။ အချို့ အိမ် ထောင်ရှင်မ တွေ ကိုရီးယား ဇာတ် လမ်းတွဲ လာချိန် အိမ်အ လုပ်ပင် မလုပ်နိုင်ရှာ။ လွတ်သွားမှာ စိုးနေကြ သည်။ မြို့နေ လူငယ် ထု အတော် များများပို လည်း ကိုရီးယား ယဉ်ကျေးမှု က စိုးမိုး ထားသည်။ ဆံပင်တွေ ထောင် တိုတို ကျပ်ကျပ် စကတ်တွေ၊ ဘောင်း ဘီတွေ ၀တ်မှလှ တယ်၊ ခေတ်မီ တယ် ထင်ကြသည်။
ဒီလို ဖြစ်တာ တွေက မြန်မာ့ရုပ် ရှင် အနုပညာ ၀မ်းစာ အားနည်း နေပြီမှန်း ထင်ရှားသည်။ ယနေ့ တွေ့ကြုံ နေရသော သရုပ်ဆောင် ရှားပါးမှု ပြဿနာ ကလည်း မြန်မာ့ ရုပ်ရှင် လောကမှာ ရုပ်ရှင် အနုပညာ သင်ကျောင်း တွေ ခိုင် ခိုင်မာမာ ဖွင့် ဖို့လိုပြီလို့ သတိပေး နေပြီ။ မြန်မာနိုင်ငံမှာ အခါအား လျော်စွာဖွင့် သည့် ရုပ်ရှင် သင်တန်းလောက်နှင့် တော့ မြန် မာ့ ရုပ်ရှင် ပြည်ပဈေးကွက် ထိုးဖောက်နိုင် ရေးမှာ မလွယ်သေး။
ရုပ်ရှင်ရုံ
မြန်မာ့ရုပ်ရှင် ပြည်ပ ဈေးကွက်ထဲ မထိုး ဖောက် နိုင်သေးမီ ပြည်တွင်း ဈေးကွက်ကျယ် ပြန့်ရေးကို ဦးစွာ ကြိုးပမ်း သင့်သည်။ ဒီနေ့ မြန်မာ့ ရုပ်ရှင်ရုံ ဈေးကွက် ဆိုလို့ မည်မည်ရရ လက်ညှိုး ထိုးပြစရာ ရန်ကုန်မြို့က မင်္ဂလာ အုပ်စုပိုင် ရုပ်ရှင်ရုံများ သာရှိသည်။ ဇာတ်ကား ကြီး ထုတ်လုပ်သော ရုပ်ရှင် ကုမ္ပဏီအများစု က မင်္ဂလာ အုပ်စု အဆင့်မြင့်ရုံ ကရသော ၀င်ငွေ ကို အားထားသည်။ ထုတ်လုပ် နေကြရသည်။
နယ်မြို့ ကြီးများ
မြန်မာ့ ရုပ်ရှင်ရုံတွေ ခေတ်နဲ့အညီ အဆင့် မမြင့်ခြင်း ကလည်း မြန်မာ့ ရုပ်ရှင်ပရိ သတ်ကို ဗီဒီယို အခွေ ဘက်တွန်းပို့ သလိုဖြစ် နေသည်။ မြန်မာ့ရုပ်ရှင် ထုတ်လုပ်သူ ပရိုဂျူ ဆာ တစ်ဦးက ဦးဇော်မင်း ၏ မင်္ဂလာ အုပ်စု အဆင့်မြင့်ရုံမျိုး နောက်ထပ် ရန်ကုန်မှာ လေး ရုံ ငါးရုံရှိပြီး ပြည်နယ်နှင့် တိုင်း မြို့ကြီး တွေမှာ တစ်ရုံစီ ပဲရှိ။ ကျွန်တော်တို့ ဇာတ်ကား အများ ကြီး ထုတ်နိုင်တယ်။ ရှုံးမှာ မကြောက်ဘူး” ဟု ဆိုသည်။
ဝန်ဆောင်မှု
“ဦးဇော်မင်းရုံ လူဘာ လို့ဝင်လဲ။ ၀န် ဆောင်မှု ကောင်းလို့ဝင်တာ။ သွင် ရုပ်ရှင်ရုံကို ဦးဇော်မင်း မယူခင်က ၀င်ငွေ မကောင်းဘူး။ ဦးဇော်မင်း ယူပြီးတော့ ၀င်ငွေ ကောင်းလာ တယ်။ အဲဒါ ဘာကြောင့်လဲ။ ၀န်ဆောင်မှု ကောင်းလို့ လူဝင်တာ။ အဆင့်မြင့် မော် တော်ယာဉ် လိုင်းတွေ၊ အဆင့်မြင့် စူပါမား ကက်ကြီးတွေ လူ ဘာကြောင့် စည်ကား တာ လဲ။ ၀န်ဆောင်မှု ကောင်းလို့ဆိုတာ ထင်ရှား နေတာပဲ။ လူ အတော် များများက ခေတ် နဲ့ အညီ သက်သက် သာသာ နေချင် ကြပြီ။ သိပ် ဒုက္ခ မခံချင် ကြတော့ဘူး။ ဒီတော့ နေ ရာ တကာမှာ ၀န်ဆောင်မှုက စကား ပြော လာပြီ။ ၀န်ဆောင်မှု ကောင်းမှ ဈေးကွက် ကျယ်ပြန့်မယ်။ ဈေးကွက် ရှိမှ ကျယ်မှ စီးပွား ရေး လုပ်ငန်းတစ်ခုက ရေရှည် ရပ်တည်နိုင် မယ်။ ဒါက တစ်ခုနဲ့တစ်ခု ဆက်စပ်နေ တယ်။ ခွဲခြား၍ မရဘူး။
အခု ကျွန်တော်တို့ ဆီမှာက ၀ါသနာ ပါလို့ မိဘ လက်ငုတ်လက်ရင်း မို့ တခြားစီး ပွားရေးလည်း မလုပ် တတ်လို့၊ မလုပ်ချင် လို့ ဒီရုပ်ရှင် လုပ်ငန်းသာ လုပ် နေရတယ်။ အာမ ခံချက် မရှိဘူး။ ရေရှည် ရပ်တည် လို့မရဘူး။ ဒါကြောင့် မြန်မာ့ ရုပ်ရှင်ကုမ္ပဏီကြီးတွေ သက်တမ်း မရှည်တာ” ဟု အဆိုပါ ပုဂ္ဂိုလ် ကပင် သုံးသပ် သွားသည်။
မောင်မောင်စိုး
Share


