မန္တလေး မြို့တွင် ပထမ အကြိမ် ကျင်းပမည့် ၃၆ ကြိမ်မြောက် ပြည်နယ် နှင့် တိုင်း မြန်မာ ရိုးရာ ခြင်းလုံးခတ် ပြိုင်ပွဲ နှင့် ဆဋ္ဌမ အကြိမ်မြောက် အား ကစား ၀န်ကြီးဌာန ၀န်ကြီး ဖလားခြင်းလုံး အမှတ် ခတ် နှင့် အလှခတ် ပြိုင်ပွဲကို မတ် ၁၄ ရက်မှ ၂၀ ရက် အထိ မန္တလေးမြို့၊ ဗထူး အားကစားကွင်း ၌ ကျင်းပမည် ဖြစ်သည်။ ၀င်ရောက် ယှဉ်ပြိုင်လိုသော အသင်းများ သည် ဖေဖော်ဝါရီ ၂၈ ရက် နောက် ဆုံး ထား၍ မန္တလေးတိုင်း အားကစား နှင့် ကာယ ပညာ ဦးစီးဌာန ဗထူး အားကစား ကွင်းသို့ စာရင်း ပေးသွင်း နိုင်ကြောင်း၊ အသေးစိတ် သိလိုပါက ဦးမြတ်သူ (မန္တလေးတိုင်း ခြင်းလုံး ဆပ်ကော်မတီ၊ ဖုန်း – ၀၉ – ၂၀၃၄၀၃၆)၊ ဒေါ်ခင်အေးမူ (ဖုန်း – ၀၉ -၂၁၆၅၀၆၁) သို့ စာရင်း ပေးနိုင်ကြောင်း သိရသည်။
မောင်လေ့လာ(မန်း)
Share


