နေပြည်တော် တိုင်း အတွင်း၌ ကျပ် ၅,၅၀,၀၀၀ တန် CDMA 450 မိုဘိုင်းဖုန်း အရေအတွက် ၂,၀၀၀ ကျော် ချထား ပေးလိုက် သဖြင့် အထိုင်ဖုန်း နှင့်ဟန်းဆက် အ ရောင်းဆိုင် များ အရောင်း အ၀ယ် သွက်နေကြောင်း နေ ပြည်တော် ပျဉ်းမနားမြို့ရှိ ဟန်းဆက် အရောင်းဆိုင်က ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ အတွင်း CDMA 450 မိုဘိုင်း ဖုန်း လျှောက်လွှာ ခေါ်ယူခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီ နောက်ဆုံး ပတ်၌ ဖုန်း အရေအတွက် ၂,၀၃၆ လုံးချထား ပေးလိုက်သဖြင့် ဖုန်းကိုင် ဆောင်ခွင့် ရရှိသူများမှာ အထိုင် ဖုန်းနှင့်ဟန်းဆက်များကို မဖြစ်မနေ ၀ယ်ယူ ကြရကြောင်း ဖုန်းရရှိသူ တစ်ဦးက ဆိုသည်။
“ဖုန်း လျှောက်ထားတာ ကျပြီဆိုတော့ ဆက်သွယ် ရေးရုံး ကိုသွားပြီး ပုံစံ ယူရတယ်။ ပြီးတော့ ဘဏ်မှာ ငွေ ငါးသိန်းခွဲ သွင်းရတယ်။ ဘဏ်မှာ ငွေသွင်းပြီးကြောင်း ချလန် ရတာနဲ့ ဖုန်းကတ်ကို တစ်ခါတည်း ထုတ်ပေးလိုက် တယ်။ ဖုန်းကတ် ရပြီးတော့ အဲဒီကတ်နဲ့ သုံး။ အထိုင်ဖုန်း ဒါမှမဟုတ် ဟန်းဆက် တစ်လုံး ၀ယ်ရတယ်။ အဲဒီဟန်း ဆက်ထဲကို ဖုန်းကတ် ထည့်လိုက်တော့မှ ပြောလို့ ရတာဆို တော့ အထိုင်ဖုန်း နဲ့ ဟန်းဆက် တစ်လုံးကို မဖြစ်မနေ၀ယ် ရတာပေါ့ဗျာ” ဟု ဟန်းဆက် ၀ယ်ယူသူ တစ်ဦးကဆိုသည်။
ယခုအခါ အထိုင်ဖုန်း နှင့် ဟန်းဆက် အရောင်းဆိုင် များ၌ ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့် အခြား နိုင်ငံများမှ တင်သွင်း သော Sellcom, General, PR 600 စသည့် အထိုင်ဖုန်းနှင့် ဟန်းဆက်များ ရောင်းချလျက်ရှိရာ အမျိုး အစား ပေါ်မူတည်၍ ကျပ် ၅၀,၀၀၀ မှ ကျပ် ၂,၀၀,၀၀၀ ကျော်ထိ ဈေးနှုန်း ရှိပြီး ကိုရီးယားမှ တင်သွင်း သော ကျပ် ၁,၀၀,၀၀၀ ကျော်တန် အထိုင်ဖုန်းနှင့် ဟန်းဆက်များ အရောင်းသွက် နေကြောင်း နေပြည်တော် ပျဉ်းမနားမြို့ရှိ အရောင်းဆိုင် တစ်ဆိုင်က ရှင်းပြသည်။
“ဖုန်းတွေ ကျပြီဆိုတာနဲ့ အထိုင်ဖုန်း တွေရော ဟန်း ဆက်တွေ ပါ အတော် ရောင်းရတယ်။ တချို့ဆိုရင် အထိုင် ဖုန်းကို ၀ယ်ပြီး ဟန်းဆက်ကို မ၀ယ်ဘူး။ ဟန်းဆက် ၀ယ်တဲ့ သူကလည်း အထိုင်ဖုန်းကို မ၀ယ်ဘူး။ အခု လောလော ဆယ်တော့ တစ်ဦးကို အထိုင် ဖုန်းရော၊ ဟန်းဆက်ပါ နှစ်မျိုး စလုံး ရောင်းရတာ နည်းတယ်။ ပစ္စည်းပြတ်သွား တဲ့ အထိ ရောင်းရတယ်။ ရန်ကုန်ကို ထပ်မှာရတယ်။ လက်ရှိ အခြေအနေ မှာတော့ ကိုရီးယားက တင်သွင်းတဲ့ အထိုင်ဖုန်း နဲ့ဟန်းဆက် တွေ အရောင်းသွက် နေတယ်” ဟု အရောင်း ဆိုင် တစ်ဆိုင်က ဆိုသည်။
ခိုင်မင်း(နေပြည်တော်)
Share


