နေပြည်တော် တွင် မကြာမီက ဖွင့်လှစ် လိုက်သည့် အာဟာရ သုခ ကုန်စိမ်း ဈေးသစ်ကြီး အမှီပြု၍ ရာ သီပေါ် သီးနှံများ စိုက်ပျိုးခြင်းကို တွင် တွင် ကျယ်ကျယ် လုပ်ကိုင် လျက်ရှိ ကြောင်း စိုက်ပျိုးရေး လုပ်ငန်းကို လေ့ လာ နေသူ တစ်ဦးက ရှင်းပြသည်။
နေပြည်တော် ဇေယျာသီရိမြို့ နယ်ရှိ ရေဆင်း၊ ကျည်တောင်၊ စိမ်း စားပင်၊ စည်ပင်ကြီး စသည့် ကျေးရွာ များနှင့် နေပြည်တော် ပျဉ်းမနားမြို့ နယ်ရှိ ဦးကျေး၊ ကင်ပွန်းကန်း၊ ညောင်ပင်သာ၊ သစ်စိမ်ပင်၊ ရွာ သစ်ကြီး၊ ကျီးအင်း စသည့်ကျေးရွာ များတွင် ယခင်က မိုးစပါး၊ နွေစပါး နှင့်ကြံစသည်တို့ကို မိရိုးဖလာ လုပ် ငန်းအဖြစ် အသက်မွေး ၀မ်းကျောင်း ပျိုးလျက် ရှိရာမှ ယခုအခါ နေပြည် တော် စည်ပင်သာယာရေး ကော်မတီ က နေပြည်တော် ပျဉ်းမနားမြို့၏ အ ရှေ့ဘက်တွင် အာဟာရ သုခ ကုန်စိမ်း ဈေးသစ် ကြီးကို တည်ဆောက် ပေး ခဲ့သဖြင့် ဒေသခံ များမှာ မိုးစပါးနှင့် နွေစပါး ရိတ်သိမ်းပြီးသော အချိန်များ တွင် မြေများပေါ်၌ ငရုတ်၊ ပန်းဂေါ် ဖီ၊ မုန်လာ၊ မုန်ညှင်း၊ ကြက်သွန်နီ၊ ဖရဲသီး၊ ပဲသီး၊ ခ၀ဲသီး စသည့်ရာသီ ပေါ်သီးနှံများနှင့် မေမြို့ပန်း၊ ဂန္ဓမာ ပန်း၊ သပြေပန်းစသည်တို့ကို အင် တိုက်အားတိုက်စိုက်ပျိုး၍ထွက်ရှိ သည့်သီးနှံများအား အာဟာ ရသုခ ဈေးကြီးသို့ နေ့စဉ်လက်လီ၊ လက် ကား သွားရောက် ရောင်းချလျက် ရှိ ကြောင်း၊ သစ်စိမ်ပင် ကျေးရွာမှ တောင်သူ ဦးစိုးဝင်းက ရှင်းပြသည်။
“ ကျွန်တော်တို့ ရွာနဲ့ဈေးကြီးက တစ်မိုင် လောက်ပဲ ဝေးတယ်။ အခင်း က ထွက်တဲ့ သီးနှံတွေကို နေ့စဉ်နှင့် အမျှ သွားပြီး ပွဲရုံကြီး တွေကို ဖောက် သည် သွင်းတယ်။ ကိုယ်တိုင် လည်းချ ရောင်းတယ်။ ရာသီ အလိုက် စိုက်ပျိုး လို့ရတဲ့ သီးနှံတွေကို အကုန်လုံး စိုက်တယ်။ မနှစ်က ငရုတ် တစ်ဧက စိုက်တာ သိန်း ၅၀ ဖိုးလောက်ရ တယ်။ အခုတော့ ဆောင်းကြက် သွန်တွေ စိုက်ပျိုး ထားပါတယ်” ဟု ဦး ကျေးရွာ ကျေးမှ စိုက်ပျိုးရေး တောင်သူ တစ်ဦး ကရှင်းပြသည်။
ခိုင်မင်း(နေပြည်တော်)
Share


