နေပြည်တော် ခရိုင် အတွင်း ပြေးဆွဲ လျက် ရှိသည့် ယာဉ်လိုင်းများ အနေဖြင့် ယာဉ် အန္တရာယ် ကင်းရှင်းရေး အတွက် နေပြည် တော် ပျဉ်းမနားမြို့၊ ရွှေညောင်ပင် မှတ်တိုင် ဂိတ်အား ယခင် ကားဝင်း အဟောင်းဖြစ် သည့် ကျောက်တိုင်ကွင်း သို့ ပြောင်းလဲ၍ ခရီးသည် အတင်အချ ပြုလုပ် ဆောင်ရွက် လျက် ရှိကြောင်း နေပြည်တော် မော်တော် ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ရေး ကော် မတီ (မြို့တွင်း) ပို့ဆောင်ရေးနှင့် ယာဉ်စည်း ကမ်း ထိန်းသိမ်းရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး က ရှင်းပြခဲ့သည်။
နေပြည်တော် ဖြစ်လာသည့် အချိန်မှစ၍ နေပြည်တော် ပျဉ်းမနားမြို့ မြင်းရတနာ အနီး ရှိ ရွှေညောင်ပင် နေရာသည် ကားမှတ်တိုင် ဂိတ် ဖြစ်လာပြီး မြို့တွင်း မြို့ပြင် ပြေးဆွဲ လျက်ရှိ သည့် တော်ဝင်ယာဉ် လိုင်း၊ အားမာန်သစ် ယာဉ် လိုင်း၊ ရွှေမြို့တော် ယာဉ်လိုင်း တို့ဖြင့် ခရီးသည် အတင်အချ ပြုလုပ် ခဲ့သည့် စည်းကားသော နေရာ တစ်ခု ဖြစ်လာ သည်။ ထို့ပြင် ရန်ကုန် – မန္တလေး ကားလမ်းမ ပေါ်တွင် တည်ရှိပြီး ရန် ကုန် ဘက်မှ လာပါက တစ်ဆစ်ချိုး နေရာဖြစ် ခြင်း၊ မန္တလေးဘက် မှလာပါက ငါးလိုက် ချောင်း တံတားကို ကျော်လွန်၍ တောင်ကုန်း ပေါ်တွင် တည်ရှိခြင်းနှင့် မြို့နယ် တရားရုံး၊ မြို့နယ် အေးချမ်း သာယာရေး နှင့်ဖွံ့ဖြိုးရေး ကောင်စီ ရုံးတို့တည်ရှိရာ တောင်ကုန်း အ ဆင်း လမ်းတွင် တည်ရှိ နေခြင်း တို့ကြောင့် အချိန်မရွေး ယာဉ် အန္တရာယ် ဖြစ်နိုင်သည့် နေရာ တစ်ခုဖြစ်သည်။ ယခုအခါ ယာဉ် အန္တရာယ် ကင်းရှင်း စေရန်အတွက် နေပြည် တော် စည်ပင်၊ နေပြည်တော် ယာဉ်ထိန်းရဲ တပ်ဖွဲ့၊ မြို့နယ် အေးချမ်း သာယာရေး နှင့်ဖွံ့ ဖြိုးရေး ကောင်စီ၊ မထသ (မြို့တွင်း)၊ တော်ဝင် ယာဉ်လိုင်း၊ ရွှေမြို့တော် ယာဉ် လိုင်းနှင့် အား မာန်သစ် ယာဉ်လိုင်းတို့မှ တာဝန်ရှိသူ များက ယာဉ်အန္တရာယ် ကင်းရှင်း ရေး အတွက် ညှိနှိုင်း ဆွေးနွေး ခဲ့ပြီး ယခုနှစ် ဇန်န၀ါရီ ၁၅ ရက်မှ စ၍ ရွှေညောင်ပင် ကားမှတ်တိုင် တွင် ခရီး သည်များ တင်ချခြင်းကို တားမြစ်ကာ အဆို ပါ နေရာနှင့် ကိုက် ၃၀၀ အကွာရှိ ကျောက် တိုင်ကွင်း တွင်ပြုလုပ် စေခဲ့ကြောင်း အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။
ခိုင်မင်း(နေပြည်တော်)
Share


