နေပြည်တော် တိုင်းအတွင်း၌ ကျပ်ငါးသိန်းခွဲတန် CDMA 450 မိုဘိုင်း ဖုန်းအရေ အတွက် ၂,၀၀၀ ကျော် ချထား ပေးလိုက်သဖြင့် အထိုင် ဖုန်းနှင့် ဟန်းဆက် အရောင်းဆိုင် များ အရောင်းအ၀ယ် သွက်နေကြောင်း နေပြည်တော် ပျဉ်းမနားမြို့ရှိ ဟန်းဆက် အရောင်းဆိုင် တစ်ဆိုင်က ပြောကြား သည်။ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း က ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ အတွင်း CDMA 450 မိုဘိုင်းဖုန်းများ လျှောက် လွှာ ခေါ်ယူ ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်၊ ဇန် န၀ါရီ နောက်ဆုံးပတ် ၌ ဖုန်းအရေ အ တွက် ၂,၀၃၆ လုံး ချထား ပေးလိုက် သ ဖြင့် ဖုန်း ကိုင်ဆောင်ခွင့် ရရှိသူများမှာ အထိုင် ဖုန်းနှင့် ဟန်းဆက်များ ကို မဖြစ် မနေ ၀ယ်ယူ ကြရကြောင်း ဖုန်းရရှိသူ တစ်ဦးက ဆိုသည်။
ယခုအခါ အထိုင်ဖုန်းနှင့် ဟန်း ဆက် အရောင်းဆိုင်များ၌ ဂျပန်၊ ကို ရီးယား၊ တရုတ်နှင့် အခြား နိုင်ငံများမှ တင်သွင်းသော Sellcom, General, LG, PR600 စသည့် အထိုင် ဖုန်းနှင့် ဟန်းဆက် များ ရောင်းချ လျက် ရှိရာ အမျိုးအစားပေါ် မူတည်၍ ကျပ် ၅၀,၀၀၀ မှ ကျပ် ၂,၀၀,၀၀၀ ကျော်အထိ ဈေးနှုန်းရှိပြီး ကိုရီးယား မှ တင်သွင်းသော် ကျပ် ၁,၀၀,၀၀၀ ကျော်တန် အထိုင်ဖုန်းနှင့် ဟန်းဆက် များ အရောင်းသွက် နေကြောင်း နေ ပြည်တော် ပျဉ်းမနားမြို့ရှိ အရောင်း ဆိုင်တစ်ဆိုင်က ရှင်းပြသည်။
“ဖုန်းတွေ ကျပြီ ဆိုတာနဲ့ အ ထိုင်ဖုန်း တွေရော၊ ဟန်းဆက် တွေပါ အတော် ရောင်းရတယ်။ တချို့ဆိုရင် အထိုင်ဖုန်းကို ၀ယ်ပြီး ဟန်းဆက်ကို မ၀ယ်ဘူး။ ဟန်းဆက် ၀ယ်တဲ့သူက လည်း အထိုင်ဖုန်းကို မ၀ယ်ဘူး။ အခု လောလောဆယ်တော့ တစ်ဦးကို အထိုင်ဖုန်းရော ဟန်းဆက်ပါ နှစ်မျိုး စလုံး ရောင်းရတာ နည်းတယ်။ ဖုန်း တွေ ချပေးပြီဆိုတာနဲ့ တော်တော် ရောင်းရတယ်။ အမှန် အတိုင်းပြောရ ရင် ပစ္စည်းပြတ်သွားတဲ့ အထိ ရောင်း ရတယ်။ ရန်ကုန်ကို ထပ်ပြီးမှာရတယ်” ဟု ဟန်းဆက် အရောင်းဆိုင် တစ်ဆိုင် က ရှင်းပြသည်။
ခိုင်မင်း(နေပြည်တော်)
Share


