နေပြည်တော်ရှိဝန်ထမ်းများ၊ ဒေသခံများ အနေဖြင့် ပြည်တွင်း ပြည်ပ များသို့ ဆက်သွယ် အဆင် ပြေ စေရန် မြန်မာ့ ဆက်သွယ် ရေး လုပ်ငန်းမှ ၂၀၀၉ ခုနှစ်၊ အောက် တိုဘာ တွင် ကျပ် ငါးသိန်းခွဲ တန် C.D.M.A(450) မိုဘိုင်း တယ်လီ ဖုန်း လျှောက်လွှာ များကို ဒီဇင်ဘာ ၂၅ ရက် နောက်ဆုံး ထား၍ လျှောက် လွှာ များ ခေါ်ယူ ခဲ့ရာ ဒီဇင်ဘာ နောက်ဆုံး ရက်တွင် ဖုန်း အလုံး ပေါင်း ၂,၀၆၃ လုံးအား သုံးစွဲခွင့် ပြု လိုက်ပြီ ဖြစ်သည်။ ယခု အခါ နေ ပြည်တော် ၌ နေပြည်တော် မြို့နယ်၊ ပျဉ်းမနား မြို့နယ်၊ တပ်ကုန်း မြို့နယ် နှင့် လယ်ဝေး မြို့နယ် ဟူ၍ မြို့နယ် များရှိရာ နေပြည်တော် မြို့နယ် အ တွက် ၆၁၄ လုံး၊ ပျဉ်းမနား မြို့နယ် အတွက် ၆၂၄ လုံး၊ တပ်ကုန်းမြို့ နယ်အတွက် ၂၈၂ လုံး၊ လယ်ဝေး မြို့နယ် အတွက် ၁၃၇ လုံးနှင့် နေ ပြည်တော် တိုင်းစစ်ဌာနချုပ် နှင့် အ ခြားသော ၀န်ထမ်းများ အတွက် ၄၀၆ လုံး စုစုပေါင်း ၂,၀၆၃ လုံး ဖြစ် ကြောင်း သိရသည်။
ခိုင်မင်း(နေပြည်တော်)
Share



ပြန်ပါတော့မယ်ဆိုမှတအားကိုနှတ်ဆက်နေတော့တာပဲ
[Reply]
5သိန်းခွဲတော့မလုပ်နဲ့15သိန်းခွဲတော့လုပ်လိုက်
[Reply]
နေပြည်တော်သရက်ခုံမှာမီးလောင်လို့တဲ့…ကားတွေတော် တော်ပါသွားတယ် ဒီနေ့…
[Reply]