နေပြည်တော် အတွင်း တရား မ၀င် ဆိုင်ကယ် ကယ်ရီများ ပြေးဆွဲ ခြင်းနှင့် လိုင်စင်မဲ့ ဆိုင်ကယ်များ စီး နင်း ခြင်း တို့ကို နေပြည်တော် ယာဉ် စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ တားမြစ် ထားသည့်ပြင် နေပြည်တော် ဧရိယာအတွင်း မော်တော် ဆိုင်ကယ်များ စီးနင်းခြင်း ကို ကန့်သတ် ထိန်းချုပ် လျက် သတ်မှတ် ထားသည့် လမ်းကြောင်း များအတိုင်း သာ စီးနင်း ခွင့်ပြု သွားရန် စီစဉ် လျက် ရှိကြောင်း သိရ သည်။
နေပြည်တော် အတွင်း ၂၀၀၉ခု နှစ် ယာဉ်မတော်တဆ တိုက်မှု ၂၇၉မှု ဖြစ်ပွား ခဲ့ရာ မော်တော် ဆိုင်ကယ်ပါ ၀င်ပတ် သက်မှုမှာ ၁၆၆မှုဖြစ်ပြီး ရာ ခိုင်နှုန်း အားဖြင့် ၅၉ဒသမ၅ရာခိုင် နှုန်း ဖြစ်ကြောင်း သိရသည်။ ယာဉ် မတော် တဆမှု များ လျော့နည်း ကျဆင်း သွားစေရေး အတွက် ဆောင်ရွက်ရာ တွင် ယာဉ်တိုက်မှု များတွင် အဓိက ဖြစ်ပွား ပေါ်ပေါက် လျက်ရှိသည့် မော်တော် ဆိုင်ကယ် တိုက်မှုများ လျော့နည်း စေရန် မော်တော် ဆိုင် ကယ် စီးနင်းခွင့်များကို လမ်းအပိုင်း အလိုက် ထိန်းချုပ် ကန့်သတ်မှုများ ပြုလုပ် သွားရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ နေပြည်တော် တွင် တရားဝင် မှတ်ပုံ တင် ထားသော မော်တော် ဆိုင်ကယ် စီးရေ ၃၀,၀၀၀ ကျော်ရှိပြီး နယ်ကျော်ဝင်ရောက်လာ သော မော်တော် ဆိုင်ကယ် စီးရေ အ မြောက် အများ ရှိနေကြောင်း သိရ သည်။
အောင်ခိုင်(နေပြည်တော်)
Share

လောင်စာဆီခြွေတာဖို့ ဆိုရင်… မော်တော်ဆိုင်ကယ်အသုံးပြု သင့်တယ်… ဒါပေမဲ့…
မော်တော်ဆိုင်ကယ် သုံးမယ်ဆိုရင် ကောင်းတော့ ကောင်းတယ် ဒါပေမဲ့ လမ်းတွေ အရမ်းရှုပ်ပြီး ထိန်းသိမ်းရ ခက်ကုန်မယ် ထင်တယ် ဗျ။