မန္တလေးကို ဗဟိုပြု၍ ရောက်ရှိ လာသော ခရီးသွား ဧည့်သည်များ အနေနှင့် တောင်သမန် ဒေသကို အဓိက ထား၍ လာရောက် လည်ပတ် လေ့လာ တတ်ကြသည်။ ပွင့်လင်း ရာသီတွင် တောင်သမန် ဒေသသို့ ခရီးသွား ဧည့်သည်များ ယခင်နှစ် ကထက် ရာခိုင်နှုန်း ၃၀ ပိုလာ သော်လည်း ငှက်လှေ စီးသော ခရီးသွား ဧည့်သည်အ ရေအတွက် နည်းကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ တောင်သမန် ဒေသတွင် နိုဝင်ဘာမှ ဖေဖော်ဝါရီ ကုန် အထိ ခရီးသွား ဧည့်သည် အလာများပြီး ပုံမှန်အားဖြင့် ဧည့်သည် ပြတ်သည် မရှိဟု ဆိုသည်။ တောင်သမန် ဒေသတွင် ကမ္ဘာလှည့် ခရီးသည် များကို ဦးပိန် တံတား ကြီးနှင့် မည်စည်တန်းကြီး တို့ကလည်း ဆွဲဆောင်မှု ရှိ သည်။ တောင်ပြုန်း နှင့် ရတနာဂူ ပွဲရက်များတွင် ရန်ကုန် အပါအ၀င် အောက်ပိုင်း မှဧည့်သည် အလာများ ကြောင်း သိရသည်။
ကောင်းပြည့်(မန်း)
Share


