ငွေဆောင် ကမ်းခြေသို့ အပန်း ဖြေ လာရောက် ကြမည့် ပြည်တွင်း ခရီး သွား ဧည့်သည်များ စိတ်ချမ်း မြေ့စွာ နားနေ နိုင်ရေး အတွက် ရည်ရွယ်လျက် E.F.R Seconda Casa Beach Resort ကို ငွေဆောင်တွင် မကြာ သေးမီက ထပ်မံ ဖွင့်လှစ် ခဲ့ကြောင်း အဆိုပါ Resort မှတာဝန်ရှိသူ တစ် ဦးက ပြောသည်။
အဆိုပါ Beach Resort အား ငွေဆောင်ရွာ အနီး စားသောက်ဆိုင် များ အဆုံး၌ တည်ဆောက်ထား ကြောင်း သိရသည်။ “မြေတစ်ဧက အကျယ်အ၀န်း ပေါ်မှာ ဒီဇိုင်းပုံစံ ဆန်းဆန်းနဲ့ လုံးချင်း ဟိုတယ်များကို တည်ဆောက် ထားပါတယ်။ ငွေ ဆောင်မှာ ဈေးနှုန်း သက်သာစွာ တည်းခို နိုင်ရန် အတွက် Budget Hotel များ ပေါ်ထွန်းရေး ကို အ ထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ် ခဲ့တာပါ” ဟု ရှင်းပြ သည်။
အဆိုပါ Beach Resort တွင် အခန်း ၁၇ ခန်းပါရှိပြီး Chalet, suite, Family စသည်ဖြင့် အခန်း အမျိုးအစား သုံးမျိုး ခွဲခြား ကာ မိမိ နှစ်သက်ရာ ရွေးချယ် တည်းခိုနိုင် ကြောင်း သိရသည်။ အခန်းတိုင်း တွင် Family Entertainment TV Program, LCD TV, 24 hours Lighting System, တယ်လီဖုန်း များ ထည့်သွင်း ထားပြီး ရေသန့်ဘူး၊ ရေချိုးခန်းသုံး အသုံးအဆောင် ပစ္စည်းများ ကို အခမဲ့ ၀န်ဆောင်မှု ပေးကြောင်း သိရသည်။ ငွေဆောင် ၁၀နှစ်ပြည့် အထိမ်းအမှတ် အဖြစ် နှစ်ညအိပ် သုံးရက်ခရီး package tour များကို ဈေးနှုန်း သက်သာစွာ ဖြင့် ဆောင်ရွက် နေကြောင်း၊ ဆက်သွယ်စုံစမ်းလိုပါက United Condo (1) လေးထပ် အလံပြ ဘုရားလမ်း၊ ဒဂုံမြို့နယ် ဖုန်း ၃၈၁၀၁၀၊ ၃၈၁၀၆၆၊ ၀၉ ၅၀၀၄ ၇၈၆သို့ ဆက်သွယ် နိုင်ကြောင်း သိရသည်။ ယခုလက်ရှိတွင် ငွေ ဆောင်တွင် Beach Resort ဟို တယ်သစ် အပါအ၀င် ဟိုတယ် ၁၇ လုံး ဖွင့်လှစ် ထားရှိကြောင်း သိရ သည်။
ယဉ်ယဉ်လှ
Share


