ကော့သောင်း မြို့တွင် မွေးမြူ သော ကြက်များမှ ကြက်ချေးကို နည်း ပညာ အသုံးချ ၍ လျှပ်စစ် ဓာတ်အား ကို ထုတ်လုပ် ရရှိပြီ ဖြစ်ကြောင်း ငါး လုပ်ငန်း ဦးစီး ဌာနမှ ညွှန်ကြား ရေး မှူးချုပ် ဦးခင်ကို လေးက ဇန်န၀ါရီ ၂၆ ရက်တွင် ကျင်းပသော သားငါး ဆိုင်ရာ အစည်းအဝေး တွင် ထည့် သွင်း ပြောကြားခဲ့သည်။
“ကော့သောင်းမှာ မွေးမြူရေး ကြက်ခြံတွေ အနက် ကြက်ခြံ သုံးခြံ မှာ မွေးမြူ ထားတဲ့ ကြက်ကောင်ရေ ၃၅,၀၀၀ ကောင်ထံမှ ကြက်ချေးကို အသုံးပြုပြီး လျှပ်စစ် ဓာတ်အား ထုတ် ယူနိုင်ခဲ့တယ်။ ကြက်ချေးကို အုတ် ကန် ထဲမှာ အရည်ကျ စေတယ်။ Punk နဲ့ ထည့်ထားတဲ့ ကြက်ချေးအရည်ကို ဒိုင်ဂျက်စတာထဲကို ရောက် အောင်ပို့တယ်။ Punk နဲ့ထည့်တယ်။ နေပူလာရင် လျှပ်စစ်အင် ဂျင်ကို လည် စေတယ်။ ပေါင်းအိုး ထဲက စွန့်ထုတ် လာတဲ့ ဘေးထွက် ပစ္စည်းတွေ ဓာတ်မြေသြဇာ အဖြစ် ပြန်လည် အသုံးပြုလို့ရတယ်။ ဒီက ထွက်လာတဲ့ ကြက်ချေး အဟောင်းကို ယင်မနားဘူး။ လောက်မကျဘူး။ အဲ ဒါကို ရောင်းစား လို့ရတယ်” ဟု အ ထက်ပါပုဂ္ဂိုလ်ကဆိုသည်။
ယခင်က ကြက်မွေးခြံ အနီးအ နား များတွင် လူနေထိုင်မှု မရှိကြောင်း ယခုအခါတွင် အဆိုပါပညာ အသုံးပြု ၍ သန့်ရှင်းအောင် ဆောင်ရွက်ထား နိုင်သဖြင့် ပတ်ဝန်းကျင်ကို ထိခိုက် မှုမရှိသည့် အတွက် ကြက်ခြံ နားတွင် လူနေထိုင်မှုများ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ကြက်ခြံ နားတွင် လူနေ ထိုင်မှု ကြောင့်ကြွက်များမလာ ရောက်အောင် ဇီးကွက်များ ကိုမွေး မြူထား ကြကြောင်း သိရသည်။
ထို့ပြင် မွေးမြူရေး လုပ်ငန်းရှင် များသည် ကြက်မွေးမြူရေး နှင့် ငါး မွေးမြူရေး ကို တွဲဖက်ကာ မွေးမြူ ထား သဖြင့် အဆင်ပြေ ကြောင်းသိရ သည်။ ယခုကဲ့သို့ ကြက်ချေးမှ လျှပ် စစ်ဓာတ်အား ရရှိသဖြင့် ကြက်ခြံ၊ ငါး မွေးမြူရေး ကန်များတွင် လျှပ်စစ် ဓာတ် လုံလုံ လောက်လောက် အသုံးပြု နေနိုင်ပြီ ဖြစ်သည်။
ယဉ်ယဉ်လှ
Share

ခွေးချေးနဲ့လည်းထုတ်လို့ပီဗျ.. ၂၄နာရီမပျက်ဘူးဆိုဘဲ