မန္တလေးမြို့ အခြေစိုက် “ဦးတင်မောင် တက္ကသိုလ် ပညာသင်ဆု” ချီးမြှင့် ရေး ကော်မတီ က ပညာသင် ထောက်ပံ့ကြေး ဆု လျှောက် ထားလိုသူများ မတ် ၃၁ ရက် နောက်ဆုံး ထား၍ လျှောက်ထား နိုင်ကြောင်း ကြေညာ ထားသည်။ ပညာသင်ဆု အကျုံးဝင်သော တက္ကသိုလ် များမှာ ဆေးတက္ကသိုလ်၊ တိုင်းရင်း ဆေး တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(B.Tech ပထမနှစ်) နှင့် စိုက်ပျိုးရေး တက္ကသိုလ် တို့ဖြစ်သည်။ အဆိုပါ တက္ကသိုလ် ငါးခု တွင် ပထမနှစ် သင်တန်းများ တက်ရောက် နေသူများ လျှောက် ထားနိုင်ပြီး လျှောက်လွှာ ပုံစံများကို သက်ဆိုင်ရာ တက္ကသိုလ်မှ ရယူပြီး သတ်မှတ် ရက်အ တွင်း “ဦးတင်မောင် ပညာသင်ဆု ချီးမြှင့်ရေးကော်မတီ၊ ၃၁ လမ်း (၇၇ လမ်းနှင့် ၇၈ လမ်းကြား)၊ ချမ်းအေး သာစံမြို့နယ်၊ မန္တလေးမြို့သို့ ပေးပို့ လျှောက်ထား နိုင်ကြောင်း သိရသည်။
မြို့တော်ဋ္ဌေးအောင်
Share



hi
အစ်ကိုတို့က
group နဲ့လုပ်တာလား…အစ်ကိုတို့ တင်ထားတဲ့ website တွေကို လေ့လာလို့ရလားခင်ဗျာ..ကျွန်တော်လည်း website ရေးနည်း လေ့လာနေတဲ့ ကျောင်းသားတစ်ယောက်ပါ..အစ်ကိုတို့ web design တွေ၊ website တွေကို စိတ်ဝင်စားလို့ links လေးတွေပေးလို့ရမလားခင်ဗျာ
[Reply]
ဥိးတင်မောင်ရဲ့ ပညာဒါနကို လေးစားပါတယ်…ဒါပေမဲ မျက်နာလိုက်ရာ ကျမနေဘူးလား…နေရာတိုင်းမှာ ဆင်းရဲနွမ်းပါပြီး ထူးချွန်တဲ့သူတွေ ပေါများပါတယ်…ဘယ်ကျောင်းရယ်လို့ အစွဲမထားစေချင်ပါဘူး…တကယ်နွမ်းပါးသူကို သေချာစီစစ်ပြီး ပေးစေလိုပါတယ်…ကျေးဇူးတင်ပါတယ်…
[Reply]