အဋ္ဌမအကြိမ် မြို့တော်ဝန် ဖလား ဟင်းသီး ဟင်းရွက်နှင့် သစ်သီး ၀လံ ပန်းမန် ပြပွဲပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား နှင့် ဆုပေးပွဲကို ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၈ နာရီခွဲတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော် ကြီး အပန်းဖြေ ဥယျာဉ်၌ ကျင်းပခဲ့သည်။ အဋ္ဌမ အကြိမ်မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက် နှင့် ပန်းမန် ပြပွဲပြိုင်ပွဲကို မန္တလေးတိုင်း အေးချမ်း သာယာ ရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ်တင်ငွေ၊ မန္တလေးမြို့တော်ဝန်ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက မန္တလေးကန်တော်ကြီး လူထု အပန်းဖြေ ဥယျာဉ် အတွင်း ခင်းကျင်းပြသ ထားသောပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆုပေးပွဲ အခမ်း အနားကို မွန်းလွဲပိုင်း တွင်ဆက်လက် ကျင်းပရာ မန္တလေးမြို့တော် ၀န်က ဌာနဆိုင်ရာ ပြခန်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်း ကောင်း၊ တာဝန်ရှိသူများက ပုဂ္ဂလိကပြခန်းများနှင့် ပန်းအလှပြုပြင်ခြင်း ပြိုင်ပွဲ၊ ပန်းအလှ ပင်ပြိုင်ပွဲ၊ အရွက်အလှပင် ပြိုင်ပွဲ ဆုရရှိ ကြသူများကို လည်းကောင်း၊ ပြည်တွင်း သစ်ခွပြိုင်ပွဲ၊ ပြည်ပ သစ်ခွပြိုင်ပွဲ (ကတ်တလီး ယား) ပြိုင်ပွဲ တို့တွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိ ကြသူများ ကိုလည်း ကောင်း၊ ပြည်ပ သစ်ခွပြိုင်ပွဲ (စင်ဘီးဒီးယမ်)၊ ပြည်ပ သစ်ခွပြိုင်ပွဲ (ဗင်ဒါ)၊ နှင်းဆီပင် အမျိုးမျိုး ပြိုင်ပွဲ တို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများ ကို လည်းကောင်း၊ တိုင်းစိုက်ပျိုးရေး မန်နေဂျာ ဦးကျော်သိန်း နှင့် တာဝန်ရှိ သူများက ဟင်းသီး ဟင်းရွက် ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက် အထုတ် ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက် အသီးပါ ပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက် ဥပြိုင်ပွဲ၊ သစ်သီး ပြိုင်ပွဲ၊ ဟင်းသီးအသီး အလုံးလိုက် ပြိုင်ပွဲ၊ သစ်သီးဝလံ အခိုင်လိုက် ပြိုင်ပွဲ၊ သစ်သီး ၀လံ ဥပြိုင်ပွဲ၊ ဟင်းသီးအသီး အနှံအသီး ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယရရှိကြသူများကိုလည်းကောင်း ဆုများ ပေးအပ် ချီးမြှင့်ကြသည်။ ထို့နောက် တိုင်းမှူးက ပြိုင်ပွဲ ၂၁ မျိုးတွင် ပထမနှစ်ဆု၊ ဒုတိယလေးဆု၊ တတိယသုံးဆု၊ စုစုပေါင်း ကိုးဆု ရရှိသည့် ဦးလှထွန်းအောင်(ခါတော်မီ) အား တံခွန်စိုက်ဆုဖလားပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါပြပွဲကြီးအား ဌာန ဆိုင်ရာပြခန်း ၁၀ ခန်း၊ ပုဂ္ဂလိကဆိုင်ရာပြခန်းငါးခန်း၊ ပျိုးပင်အ ရောင်းပြခန်း ၂၅ ခန်းနှင့် စားသောက် ဆိုင်များ၊ လူသုံးကုန် ပစ္စည်းအ ရောင်းဆိုင် များဖြင့် စည်ကား လျက်ရှိရာ ပြပွဲကို ဖေဖော်ဝါရီ ၁၂ ရက်မှ ၁၈ ရက် အထိ ပြသပြီး ပြပွဲ ကာလအတွင်း နေ့စဉ်ည ၇ နာရီမှ ၁၀ နာရီ အထိ ခေတ်ပေါ်တေးဂီတများဖြင့် ဖျော်ဖြေ တင်ဆက်ကြောင်းသိရ သည်။
မောင်လေ့လာ(မန်း)
Share


