ရန်ကုန်မြို့တော်ကို မြို့တော် အင်္ဂါရပ်နှင့် အညီ အဘက်ဘက်မှ သာယာ လှပ ပြည့်စုံအောင် ဆောင်ရွက် တဲ့နေရာမှာ အများသုံး အိမ်သာ တွေကိုလည်း အများမြင်သာ ထင်သာ ရှိတဲ့ နေရာတွေမှာ ထပ်မံ ဖွင့်လှစ် ပေးဖို့ ပန်ကြား ချင်ပါတယ်။ သက်ကြီး ရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ဆီး၊ ၀မ်း ထိန်းချုပ်ဖို့ ခက်တဲ့ ဝေဒနာရှင် တွေအဖို့ ရန်ကုန်မြို့တွင်းကို အကြောင်း ကိစ္စအမျိုးမျိုးနဲ့ ရောက်ရှိတဲ့အခါ အသိအကျွမ်း မရှိတဲ့ လူတွေအဖို့ အတော် ကသိကအောက် ဖြစ်ကြ ရပါတယ်။ ရန်ကုန် မြို့တွင်း အချို့နေရာ တွေမှာ အများသုံး အိမ်သာ ရှိပေမယ့် ဘယ်မှာ ရှိမှန်း မသိတဲ့သူတွေအတွက် ရှာဖွေရ မလွယ်ကူပါဘူး။ အထူး သဖြင့် နယ်ဝေး ဒေသတွေက ရန်ကုန်မြို့ ကြီး အလည်အပတ် ရောက်ကြ သူတွေ ဆိုရင် ဒီဒုက္ခကို ကြုံကြ ရလေ့ ရှိပါတယ်။ နိုင်ငံတကာ က လာရောက် လည်ပတ်ကြတဲ့ နိုင်ငံခြား ဧည့်သည်တွေ အပါအ၀င် နယ်ရပ် ဝေးမှ အလည်လာသူတွေ၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန် ဆောင်မိခင် စသူတွေ အတွက် ဆီး၊ ၀မ်းဒုက္ခ ကင်းငြိမ်း ရအောင် အများသုံး အိမ်သာတွေ ထပ်မံ ဖွင့်လှစ် ပေးဖို့နဲ့ လမ်းညွှန် အမှတ်အသားတွေ တပ်ဆင် ပေးဖို့ မေတ္တာ ရပ်ခံ အပ်ပါတယ်။
ဦးမျိုးညွန့်(သာကေတ)
Share



ထောက်ခံပါတယ်..အရမ်းကို လုပ်ပေးသင့်တဲ့ ..အချက်ပါ..
[Reply]
အရမ်း ကောင်းတဲ့ idea ပါ။အဆင့်မီမီ သန့်သန့် ရှင်းရှင်း လုပ်နိုင်ဖို့လဲ အရေးကြီးပါတယ်။ ရည်ရှေအသုံး ပြုနိုင်ဖို့လည်းကြိုတင် စီစဉ်ထားရင် ပိုကောင်းပါတယ်။
[Reply]
ဒီအကောင်အထည်တစ်ကယ်ဖော်ပေးနိုင်တဲ့လူရှိရင်သိပ်
ကောင်းတာပေါ့။နိုင်ငံတကာအဆင့်မှီသွားတာပေါ့။
[Reply]
ဓါတ်ဆီ ဆိုင်တွေ မှာ တွဲဆောက်ပေးထားရင် သိပ်ကောင်းမယ်။ အခု ကိုယ်ပိုင် ဓါတ်ဆီဆိုင်လုပ်ခွင့်ပေးတော့ မယ်ဆိုတော့။ ထိုင်းနိုင်ငံ မှာ ဆို အိမ်သာ သွားချင်ရင် ဓါတ်ဆီ ဆိုင်ထဲ သွားလိုက်ရင်ရတယ်။ သန့်လဲ သန့်တယ်။ ပိုက်ဆံလဲ မပေးရဘူး။ တဆိုင်နဲ့ တဆိုင် အပြိုင်အဆိုင် လုပ်ကြတာ၊ နမူနာ ယူဘို့ကောင်းတယ်။
[Reply]