မြန်မာ အဆိုတော် များ ကို ၀င်ငွေခွန် ကောက်ခံ ရန် ပြည်တွင်း အခွန်များ ဦးစီးဌာန က အဆိုတော် တို့၏ နေရပ် လိပ်စာ စာရင်းကို ဂီတအ စည်း အရုံးထံမှ တောင်းခံ နေ ကြောင်း ဂီတ ရပ်ဝန်း အတွင်း သတင်း ရရှိသည်။ အထက်ပါ ကိစ္စ နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး မှတာဝန်ရှိ သူ တစ်ဦး ဖြစ်သော တေးရေး ဆရာ မောင်သစ်မင်း ထံသွား ရောက် မေးမြန်း ကြည့်ရာတွင် “ အရင်ကလည်း အနုပညာ သမား တွေကို ၀င်ငွေခွန် ကောက်တာ ရှိပါတယ်။ အထူး သဖြင့် ရုပ်ရှင်မင်း သား၊ မင်းသမီး တွေကိုပေါ့။ အဆို တော် တွေကိုလည်း ကောက်တာ တော့ ကောက်တယ်။ ဒါပေမဲ့ သိပ် တိတိကျကျ ကြီးတော့ မဟုတ်ဘူး။ နိုင်ငံခြား သွားမယ့် သူတွေ မှသာ သွား ခါနီး အခွန် ရှင်းလင်း သွားတာ တို့ ဘာတို့ လုပ်ရင်း အခွန် ဆောင်ရတာ။ ကျွန်တော် သိသလောက်တော့ နွဲ့ ယဉ်ဝင်း တို့ဆို နိုင်ငံခြားကို သွားလေ့ ရှိတော့ သူတို့ ၀င်ငွေ ကြေညာလွှာ တင်ပြီး မသွားခင် အခွန် တရားဝင် ဆောင်သွားတာ သိတယ်။ တခြား သူတွေလည်း ဥပမာ ကိုသန်းနိုင် တို့ ဆိုရင်လည်း အဲဒီလိုပဲ။ တခြားတော့ သိပ်မကြားဖူး သေးဘူး။ ခုဟာက တိုင်း ပြည်တွင်း အခွန်ဦးစီး ဌာနက ကျွန်တော်တို့ ဂီတ အစည်းအရုံးကို အဆိုတော် တွေရဲ့စာရင်းနဲ့ လိပ်စာ ပေးပါ လို့တောင်းတော့ စာရင်းပြု စုပြီး ပေးလိုက် ရတာပဲ ရှိတယ်။ ဘယ် အဆင့် ရောက်နေပြီလဲ၊ နှိုးဆော် စာ တွေ ဘာတွေ ပို့ပြီးပြီ လားဆိုတာ တော့ မသိရ သေးဘူး”ဟု မောင်သစ် မင်းက ဆိုသည်။ ထပ်မံ၍ အဆိုတော် များ သာမက သီချင်းရေး ဆရာများ ကိုပါ ၀င်ငွေခွန် ကောက်ခံရန် စာရင်း တောင်းဆိုခြင်း ရှိမရှိ၊ ထိုသို့ ကောက် ခံမည့် အစီအစဉ် ရှိပါက မည်သို့ဖြစ် နိုင်သည် စသည်ဖြင့် ဆက်လက် မေး မြန်းကြည့်ရာ-
“သီချင်းရေး ဆရာတွေကို စာ ရင်း တောင်းတာ တော့ မရှိဘူး။ ကျွန်တော်တို့ ကတော့ စာရင်းပေး ဆိုရင် ပေးလိုက် မှာပဲ။ အခွန် ကောက်ရင် လည်း ၀င်ငွေ ကြေညာလွှာ တင်သွင်းပြီး အစစ်ခံ လိုက် မှာပဲ။ အစစ်ခံတဲ့ အခါ ကိုယ် တစ်နှစ် ၀င်တဲ့ငွေ၊ ကိုယ်သုံးစွဲ တဲ့ တစ်နှစ်တာ စရိတ် စသည် ဖြင့် တိတိကျကျ ဖော်ပြရတာ လေ။ ကျွန်တော် တို့က သိပ်စို့ စို့ပို့ပို့ ရတာ မဟုတ်ပါဘူး။ နေ နိုင် စားနိုင်ရုံ လောက်ပဲ ရှိတာ ဆိုတော့ မသကာဆောင် ရလှ အနည်း အကျဉ်းပေါ့။ ဆောင် ရ မယ်ဆိုရင် ဆောင်ဖို့ အ သင့် ရှိပါတယ်” ဟုဆိုသည်။ ယခင်က ရုပ်ရှင် နယ်တွင် ရရ စားစား ၀ါးဝါး မျိုမျိုဖြင့် အမှုမဲ့ အမှတ် မဲ့ နေခဲ့ရင်း အခွန် ကြွေးကျန်များ စုမိ လာသောကြောင့် မဖြစ် မနေဆောင် ရသည့် အခါများ၌ အခက်အခဲ များ ကြုံတွေ့ ရသော အနုပညာ ရှင်အချို့ အကြောင်း ကြားဖူးကြသဖြင့် ရုပ်ရှင် အနုပညာ သည်များ ၀င်ငွေခွန်ဆောင် ရခြင်းကို လူသိများ သော်လည်း အဆို တော်များ ၀င်ငွေ ခွန်ဆောင်ရန်အ တွက်မှာ မူ အနည်းငယ် အသစ်အ ဆန်း ဖြစ်နေကြောင်း ကြားသိရသူ တိုင်း ကဆိုသည်။
မြတ်ထင်ကျော်
Share



အသစ်အဆန်းမဖြစ်နဲ့လေ…england ကဘောလုံးသမားတွေအတိုင်းဆောင်ခိုင်းလိုက်လိပ်မယ်…
ို…ဆန္စတွေမဆော်ကြပါနဲ့လို့ …
ပြောသားပဲ…လွယ်တာတွေကစပြီးပြောင်းခိုင်းတာပါ ခက်တာတွေကိုတော့ …
[Reply]