စဥ့်ကိုင် မြို့နယ်၊ မန္တလေး – ရန် ကုန် ကားလမ်းမကြီး ကံသာအေး ရွာ အနီးတွင် အင်းနား မီးဖို လုပ်ငန်းများ တွင်ကျယ် ပြီး အရောင်း အ၀ယ်ဖြစ် လျက် ရှိသည်။ အင်းနား မီးဖို လုပ်ငန်း တွင် မြေမီးဖို၊ ကျောက်မီးဖို ဆိုပြီး နှစ်မျိုး ရှိကြောင်း၊ အမျိုးအစား အ လိုက် အမှတ်စဉ် နှင့် ခွဲခြား ထားပြီး ဈေးနှုန်း များကို လည်း အမှတ်စဉ် နှင့် ခွဲခြား ထားကြောင်း၊ အမှတ်စဉ် ၁ မှ ၆ အထိ ရှိပြီး အမှတ်စဉ် ၁ နှင့် ၂ မီးခံပြား ပါ မြေမီးဖို တစ်လုံးလျှင် ငွေကျပ် ၄,၀၀၀ နှုန်း၊ မီးခံပြား မပါ အလွတ် ငွေကျပ် ၃,၅၀၀ နှုန်း၊ အ မှတ်စဉ် ၃ နှင့် ၄ မီးခံပြား မပါ မြေ မီးဖို နှင့် ကျောက်မီးဖို တစ်လုံးလျှင် ၁,၅၀၀ နှုန်း ဖြင့် ရောင်းချ ကြောင်း၊ အမှတ်စဉ် ၅ နှင့် ၆ ငွေကျပ် ၁,၄၀၀ နှုန်း ရောင်းချကြောင်း၊ မန္တလေးမြို့၊ ပြင်ဦးလွင်မြို့၊ ပခုက္ကူမြို့၊ ကျောက် ဆည်မြို့၊ မြင်းခြံမြို့၊ မိတ္ထီလာမြို့များ သို့ အဓိက တင်ပို့ကြောင်းနှင့် လုပ်ကိုင် သူ ၁၀ ဦး ရှိကြောင်း မြရတနာ မီးဖိုလုပ် ငန်းမှ သိရသည်။
မောင်လေ့လာ(မန်း)
Share


