သင်္ကြန်ပွဲတော်အထိ ရန်ကုန်-ဘန်ကောက်နှင့် စင်ကာပူ ပြည်ပလေယာဉ်နေရာများ နေရာပြည့်နေပြီ လေကြောင်းလိုင်းချင်း အကျိုးတူ ပူးပေါင်း ဆောင်ရွက် သင့်
ယခုနှစ် မြန်မာ နိုင်ငံ၏ ပွင့်လင်း ရာသီတွင် ခရီးသွား လုပ်ငန်း အခြေအနေ သည် အနေအထား ကောင်း တစ်ခု ဖြစ်နေ သည်။ ပုံမှန် ခရီးသွား များ အပြင်ရာ သီ အလိုက် ရိုးရာ ပွဲတော်များ၊ ဖေ ဖော်ဝါရီ အတွင်း ကျရောက် မည့် တရုတ် နှစ်သစ်ကူး ပွဲတော် နှင့် ဧပြီ မြန်မာ့ ရိုးရာနှစ်သစ်ကူး အတာ သင်္ကြန် ပွဲတော် များအထိ ရန်ကုန် – ဘန်ကောက် နှင့် စင်ကာပူ ပြည်ပ လေ ယာဉ် နေရာ များသည် နေရာပြည့် (fully booked) ဖြစ်နေ သည်။
အမြင့်ဆုံး
ပြီးခဲ့သော နှစ်က သင်္ကြန်ရက် အတွင်း ကာလကို မြန်မာ နိုင်ငံ၏ အမြင့်ဆုံး ကာလ (high season) အဖြစ် သတ်မှတ် ရောင်းချခဲ့ သည်။ ထို တောင်းဆိုမှု အရ ယခုနှစ် တွင် ပြည်ပ လေကြောင်း များ သည် လေ ယာဉ် ခရီးစဉ် များကို တိုးချဲ့ ပျံသန်းမှု ဖြင့်ပြင်ဆင် လာကြသည် ကို တွေ့ရှိ ရသည်။
တိုးချဲ့ ပျံသန်းမည်
ဖေဖော်ဝါရီမှ အစပြု၍ ဘန် ကောက် အဲဝေး (PG) သည် တစ်နေ့ လျှင် တစ်ကြိမ် နှုန်း ဖြင့် ပျံသန်း နေရာ မှ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ နှင့် တနင်္ဂနွေ နေ့များတွင် တစ်ကြိမ်စီ ထပ်တိုး လျက် တစ်ပတ် လျှင် ၁၁ ခေါက် ပျံသန်းမည် ဖြစ်သည်။ အ ပြည်ပြည် ဆိုင်ရာ မြန်မာ့ လေကြောင်း (MAI) ကလည်း ရန်ကုန် – ဘန်ကောက် ခရီးစဉ် ကို နေ့စဉ် တစ်ကြိမ် ပျံသန်းနေ ကျ အပြင် တနင်္ဂနွေ နှင့် ကြာသပတေး နေ့များ၌ တစ်ခေါက်စီ ထပ်တိုး ထား ပြီး ဖြစ်သည်။
ရန်ကုန် – စင်ကာပူ ခရီးစဉ်ကို ဂျက်စတား (3K) လေကြောင်းနှင့် (code shared) ပူးတွဲ ခရီးစဉ် အပြင် မိမိ၏ ခရီးစဉ် 8M၃၁ / ၂၃၂ အဖြစ် တစ်ပတ်လျှင် တနင်္ဂနွေ၊ အင်္ဂါနှင့် ကြာသပတေး နေ့တိုင်း ဇန်န၀ါရီ ၁၂ ရက်မှ စ၍ တိုးချဲ့ ပျံသန်း လျက်ရှိသည်။ အဲပုဂံ (W9) သည် ဖေဖော်ဝါရီ ၇ရက် မှ စ၍ ဧပြီ ၂၉ ရက်အထိ ရန်ကုန် – ချင်းမိုင် (ထိုင်းနိုင်ငံ) ခရီးစဉ်ကို တစ်ပတ်လျှင် နှစ်ကြိမ် ကြာသပတေး နှင့် တနင်္ဂနွေ နေ့များ တွင် ပျံသန်း ခဲ့သည်။ မြန်မာ့ အတာ သင်္ကြန် ပွဲတော်ကို လက်ယပ် ခေါ်ပုံရ သည်။
ရန်ကုန် – ချင်းမိုင်
ယခင်က အဆို ပါ ရန်ကုန် – ချင်းမိုင် ခရီး စဉ် ကို အဲမန္တလေး (6T) သည် ပျံသန်း ခဲ့ဖူးသည်။ အဲမန္တလေး လေကြောင်း အစီ အစဉ်ဖြင့် ခရီး သွား (package tour) လုပ်ငန်းကို ဆောင် ရွက် ခဲ့သည်။ လက်ရှိ အပြည်ပြည် ဆိုင်ရာ မြန်မာ့ လေကြောင်း (MAI) သည် လည်း ရန်ကုန် – ဘန်ကောက် ခရီးစဉ် တွင် ခရီးသွား (package tour) လုပ်ငန်း အစီအစဉ် များဖြင့် ယနေ့ အထိ ဆောင်ရွက် လျက်ရှိသည်။ ခရီးသွား (package tour) လုပ်ငန်း ဆိုသည်မှာ လေကြောင်းလိုင်း များ၏ သတ်မှတ် ထားသော နှုန်းထားတစ်ခု ဖြင့် လေယာဉ်ခ၊ ဟိုတယ်ခနှင့် လှည့် လည် ကြည့်ရှုခ များ အပါအ၀င် ခရီး သွား များကို ၀န်ဆောင် ပေးသော လုပ် ငန်း ဖြစ်သည်။
ခရီးသည် ဆန္ဒ
မနှစ်က သွားခဲ့ဖူးသော ခရီး သွား များထံမှ ကြားသိ ရသည့်သ တင်းများ အရ အဲမန္တလေး အစီအစဉ် ဖြင့် ရန်ကုန် – ချင်းမိုင် ခရီးစဉ်ကို သွားခဲ့ ကြသော ခရီးသည် များသည် ထိုင်း နိုင်ငံရောက်ချင်း အတူတူ ဘန်ကောက် မြို့သို့ သွားလို သော ဆန္ဒ ရှိသော်လည်း သွား လို့ မရခဲ့ပေ။ အဘယ် ကြောင့်ဆို သော် အဲမန္တလေး ခရီးသွား အစီ အစဉ်ဖြင့် သွားရောက်ခြင်း ဖြစ်သ ဖြင့် ချင်းမိုင် မှ သာ ရန်ကုန် သို့ ပြန် လို့ ရသည်။ ဘန်ကောက်သို့ သွားလို လျှင် မိမိ စရိတ် မိမိ အကုန်ကျ ခံသွား ရမည်။ ဘန်ကောက် မှ ရန်ကုန်သို့ အပြည်ပြည် ဆိုင်ရာ မြန်မာ့လေ ကြောင်း (MAI) ဖြင့် ပြန် လို့မရ။ ပြန် လိုလျှင် ဘန်ကောက် – ရန်ကုန် လေ ယာဉ် ကို ပြန်စီးရမည်။ ထို့အတူ အပြည်ပြည် ဆိုင်ရာ မြန်မာ့လေ ကြောင်း (MAI) အစီအစဉ် ဖြင့် သွား သော ခရီးသွား များသည် လည်း ရန်ကုန် – ဘန်ကောက် သာ သွားလို့ရသည်။ ချင်းမိုင်သို့ သွားလို သော်လည်း ချင်းမိုင် မှ ရန်ကုန် သို့ အဲမန္တလေး ဖြင် ပြန်လို့မရ။ ဘန်ကောက်သို့ ပြန်လာ ပြီး MAI ကို ပြန်စီးမှ အဆင်ပြေ မည် သို့မဟုတ် လျှင် အပိုစရိတ်တွေ ကုန် ကျကြောင်း သိရသည်။
အပိုစရိတ်မကုန်
ထိုကြောင့် ခရီးသွား အာလုံးက အပြည်ပြည် ဆိုင်ရာ မြန်မာ့လေ ကြောင်း (MAI) နှင့် အဲမန္တလေး (6T) တို့ ပူးပေါင်း ပျံသန်းခဲ့လျှင် အဆင် ပြေမည် ဖြစ်ကြောင်း ကြားသိ ခဲ့ရ သည်။
အချက်နှစ်ချက်
၂၀၀၇ ခုနှစ်၊ မေ ၁၅ ရက်နေ့၊ အဲပုဂံ လေကြောင်း (W9) ၏ ပထမ ဆုံး ပြည်ပ ခရီးစဉ်အဖြစ် ရန်ကုန် – ဘန် ကောက် ခရီးစဉ် ကို စတင် ပျံသန်း သော နေ့ဖြစ်သည့် ဖွင့်ပွဲ အခမ်းအနား ၌ ပို့ ဆောင်ရေး ၀န်ကြီး ဌာန ၀န်ကြီး ဗိုလ် ချုပ် သိန်းဆွေ ၏ အမှာ စကားတွင် ပါရှိသည့် အချက် နှစ်ချက် ကို သတိ ပြု မိသည်။ ပထမ အချက်မှာ အဲပုဂံ လေကြောင်း လိုင်းသည် ဒေသတွင်း ပျံသန်းရာမှ အပြည်ပြည် ဆိုင်ရာ လေကြောင်း လောကသို့ ၀င်ရောက် ပြီး အခြား လေကြောင်း လိုင်းကြီး များနှင့် ပူးပေါင်း ဆောင်ရွက် ရန်နှင့် ဒုတိယ အချက်မှာ လက်ရှိ ပျံသန်း ပြေးဆွဲ နေသည့် (MAI) နှင့်လည်း ပူးပေါင်း ပြေးဆွဲ စေရန်တို့ဖြစ်သည်။
တစ်စောင်အခမဲ့
အဲပုဂံလေကြောင်း(W9)သည် ရန်ကုန် – ချင်းမိုင် ခရီးစဉ် ဖွင့်ပွဲတွင် ဇန်န၀ါရီ ၃၁ ရက်အထိ တစ်စောင် ၀ယ်လျှင် တစ်စောင် အခမဲ့ ပေးမည် ဟုကြေညာ ခဲ့သည်။ သုံးည အိပ်ခရီး သွား (package tour) အစီ အစဉ်ဖြင့် အသွားအပြန် လေယာဉ် ခနှင့်ဟိုတယ်ခအပါအ၀င် အမေ ရိကန် ဒေါ်လာသို့မဟုတ် အက်ဖ်အီး စီ ၂၇၂ သာ ကျသင့်သည် ဟု ဆိုသည်။
အကျိုးတူ ပူးပေါင်း
ဝန်ကြီး၏ အမှာ စကားပါအ ချက်နှစ်ချက်အရ (MAI) နှင့် အဲပုဂံ (W9) တို့သည် အဲပုဂံ ချင်းမိုင် သို့ ပျံ သန်းမည့် နောက်ဆုံး ရက် ဧပြီ အထိ ရန်ကုန် – ချင်းမိုင် ခရီးစဉ် ကို အဲပုဂံဖြင့် သွား၍ ဘန်ကောက် -ရန်ကုန် – ချင်း မိုင် ခရီးစဉ်ကို (MAI) ဖြင့် ပြန်လာ စေခြင်းဖြင့် လည်းကောင်း၊ ရန်ကုန် – ဘန်ကောက် ခရီးစဉ်ကို (MAI) ဖြင့် သွား၍ ချင်းမိုင် – ရန်ကုန် ခရီးစဉ် ကို အဲပုဂံ လေကြောင်းဖြင့် ပြန်လာစေ ခြင်းဖြင့် လည်းကောင်း၊ လေကြောင်း နှစ်ခု အကျိုးတူ ပူးပေါင်းဆောင် ရွက်လျှင် လေကြောင်းလိုင်း နှင့် ခရီး သွားများ အဆင်ပြေမည် ဖြစ်ရာ သက်သာ ပျော်ရွှင် ခရီးတွင်မည် ဖြစ် ၍ ခရီးသွား များက မျှော်လင့်လျက် ရှိသည်။
မော်ထွန်းအောင်
Share


