သံလွင် မြစ်ကမ်း တစ်လျှောက် ရေ အား လျှပ်စစ် စက်ရုံ သစ်ကြီး တစ်ရုံ တည် ဆောက်ရန် ထိုင်းနိုင်ငံ က ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက် သွား မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံအမြဲတမ်း စွမ်း အင် အတွင်းရေးမှူး ပွန်ချိုင်းရူဂျီပရာပါ ၏ ပြောကြားချက် ကိုကိုးကား၍ The Nation သတင်းစာက ဖော်ပြသည်။
မြန်မာနိုင်ငံ တွင် တည်ဆောက် မည့် အဆိုပါ ရေအားလျှပ်စစ် စက်ရုံကို ထိုင်း နိုင်ငံ အခြေစိုက် Electricity Generation Authority စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ပြီး ၁ ဒသမ ၃၅ ဂါဝပ် ရှိမည် ဖြစ် ကြောင်း၊ ၂၀၁၅ ခုနှစ် သို့မဟုတ် ၂၀၁၆ ခုနှစ်တွင် ရေအား လျှပ်စစ် စတင်ထုတ် လုပ်နိုင်မည်ဟု မျှော်မှန်း ထားကြောင်း သိရ သည်။ အဆိုပါ စီမံကိန်း ကို ယမန် နှစ်ကတည်း က စတင်ရန် စီစဉ် ခဲ့သော် လည်း အခြေအ နေ အရပ်ရပ် ကြောင့် အကောင် အထည်ဖော် ရန် နှောင့်နှေး ခဲ့ရသည်။ ယခုနှစ် တွင် မူ စီမံ ကိန်း ပြန်လည် ဆောင်ရွက် နိုင်ရန် ကြိုးပမ်း မည် ဖြစ်ကြောင်း၊ ထို စက်ရုံ တည်ဆောက် ပြီးစီးပါက မြန်မာ နိုင်ငံတွင် လျှပ်စစ်ဓာတ် အား ဖူလုံရေး အတွက် အထောက်အကူ ပြု နိုင်မည့် အပြင် ပြည်ပ ၀င်ငွေ တိုးမြှင့် ရရှိ ရေးကိုပါ တစ်ဖက် တစ်လမ်းမှ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ အစိုးရ ကလည်း အဆိုပါ ရေအား လျှပ်စစ် စက်ရုံသစ် ကို အချိန်မီ တည်ဆောက် နိုင်ခြင်း မရှိပါက တရုတ် နိုင်ငံ က လက်ဦးမှု ရယူမည်ကို စိုးရိမ် လျက်ရှိ သည်။ “ထိုင်း အစိုးရက ဒီ စီမံကိန်းကို ဆက်လက် အကောင်အထည် မဖော်နိုင် ရင် တရုတ်နိုင်ငံက လွှဲပြောင်း လုပ်ကိုင်ခွင့် ရ သွားပါ လိမ့်မယ်။ ဒါ့ကြောင့် စီမံကိန်း ဧရိ ယာ အတွင်း ကန့်ကွက်မှု အနည်းငယ် ရှိနေ ပေမယ့် ကျွန်တော်တို့ ဒီ စီမံကိန်းကို မကြာ မီ စတင် အကောင်အထည် ဖော်မှာပါ” ဟု ထိုင်းအစိုးရ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြား သည်။ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်းများ တွင် ရင်းနှီး မြှုပ်နှံ ရန် ပြည်ပ ရင်းနှီးမြှုပ်နှံ သူများက စိတ်ဝင်စား လျက်ရှိပြီး ထိုင်းနိုင်ငံက လည်း မြန်မာ့ ဓာတ်ငွေ့ ရာခိုင်နှုန်း ၆၀ခန့် ကို နှစ် စဉ် တင်သွင်း လျက်ရှိသည်။
ရေအား လျှပ်စစ် စက်ရုံသစ် တည် ဆောက် ပြီးစီးပါက ထွက်ရှိ လာမည့်လျှပ် စစ် ဓာတ်အားကို ပြန်လည် ၀ယ်ယူ သုံးစွဲ ရန် တရုတ် နိုင်ငံကလည်း စိတ်ဝင်စား လျက် ရှိရာ ထိုင်းနိုင်ငံ အာဏာ ပိုင်များက လက်ဦးမှု ရယူ ထားလိုစိတ် ရှိနေကြောင်း၊ အဆိုပါ စက်ရုံ တည်ဆောက် ခြင်းဖြင့် မြန်မာ – ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ မြှင့်တင် ရန်လည်း ရည်ရွယ် ထားကြောင်း သိရသည်။
ဖြိုးမောင်မောင်
Share


