သက်တမ်း ၁၀၀ ကျော် ကြာပြီဖြစ်သော တံခွန် တိုင် နွားဘေးမဲ့ ရုံကြီး၏ နှစ်စဉ် ကျင်းပမြဲ ဖြစ်သော နွား ဘေးမဲ့ ပွဲတော်ကို ဖေဖော်ဝါရီ ၆ ရက်က တံခွန်တိုင် နွားဘေးမဲ့ရုံ ၌ကျင်းပသည်။ အဆိုပါ နွားဘေးမဲ့ ရုံတွင် နွား အရွယ်အစား မျိုးစုံ ၈၀ ကျော်ကို မွေးမြူထားပြီး နေ့ စဉ် ကျွေးမွေး ပြုစု စောင့်ရှောက် ထားသည်။ နွားဘေးမဲ့ ပွဲတော်ကို ကောက်သစ် ပေါ်ချိန် ဇန်န၀ါရီနှင့် ဖေဖော် ၀ါရီ တို့တွင် စနေ၊ တနင်္ဂနွေ၊ ဥပုသ်နေ့ နှင့် တိုက်ဆိုင် သည့် ရက်တွင် ကျင်းပဖြစ်ကြောင်း နွားဘေးမဲ့ ရုံဥက္ကဋ္ဌ ဦးဘရမ်း ကပြောသည်။ နွားဘေးမဲ့ ပွဲတော်တွင် ဟိန္ဒူ ရိုးရာ သက်သက်လွတ် အစားအစာ များကို ရောင်းချခြင်း၊ နွားစာ များကို ရောင်းချ ခြင်းဖြင့် ရန်ပုံငွေ ရှာခဲ့ပြီး နွား ဘေးမဲ့ ပွဲတော် လာသူများ အတွက် ၂၇ လမ်း နှင့် ၈၃ လမ်းထောင့်မှ ကားများ ကို အခမဲ့ ပြေးဆွဲပေးခဲ့ ကြောင်း သိရသည်။
ကောင်းပြည့် (မန်း)
Share


