ဂီတ နယ်ပယ် တွင် နာမည်ကျော် ကြား လူကြိုက်များ သော တေးသီ ချင်းများ ကို ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကား များ၌ ဇာတ်ဝင် သီချင်း အဖြစ် အသုံး ပြုလိုလျှင် ထုတ်လုပ်သူ များ အနေဖြင့် သီချင်းရေး ဆရာကို သာမက သီဆို သူ၊ တီးခတ်သူ၊ အသံဖမ်းသူ၊ ထုတ် လုပ်သူ တို့အတွက်ပါ သီချင်း မူပိုင်ခွင့် အဖြစ် အခကြေးငွေ ပေးရမည်ဖြစ် ကြောင်း စည်းမျဉ်း အသစ် ထွက်ရှိ လာသဖြင့် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကား ထုတ်လုပ်သူများ အနေဖြင့် သီချင်း တစ်ပုဒ်ချင်းစီ အတွက် ယခင်ထက် ပိုမိုအကုန်အကျများ လာသည့် အတွက် သက်ဆိုင်ရာ ဇာတ်ဝင်ခန်းနှင့် ဆီ လျော်သည့် သီချင်းများ ကိုသာ ဖန် တီး ထည့်သွင်း တင်ဆက် သွားမည်ဖြစ် ကြောင်း ရုပ်ရှင်၊ ဗီဒီယို ထုတ်လုပ် ရေး လုပ်ငန်း နယ်ပယ် အတွင်းမှ သတင်းရရှိသည်။
ရုပ်ရှင် သီချင်းဟူသည်
ယခင်နှစ် များစွာက ရုပ်ရှင် အဖြူအမည်း ခေတ်တွင် ဇာတ်ဝင် ခန်းများအတွက် တေးသီချင်းများကို တေးရေး ဆရာထံ သီးခြားအပ်နှံ၍ ရေးသား စေကာ သီဆို အသံသွင်း အသုံးပြုခဲ့ကြသည်။ အချို့ရုပ်ရှင် ကားများ သည် ရုပ်ရှင်ကား ရုံတင် ပြသသည့်အချိန် ကျော်လွန်သွား သည့်တိုင်အောင် ဇာတ်ဝင်သီချင်း၏ လွှမ်းမိုးမှု သြဇာကြီးမားသည့် အတွက် ကာလများစွာ ကြာမြင့်သည့်တိုင် အောင် ရုပ်ရှင်ကြည့် ပရိသတ် ၏ရင် ထဲ စွဲမြဲစွာ နေရာယူ ထားနိုင်ခဲ့သည်။
ရုပ်ရှင်သီချင်း မှေးမှိန်လာခြင်း
ရုပ်ရှင် ဇာတ်ကားများ ရိုက်ကူး ထုတ်လုပ်သည့် နည်းပညာ မြင့်မား လျက် အဖြူအမည်း ရုပ်ရှင်ကား များ မှသည် ဆေးရောင်စုံ ရုပ်ရှင်ကားများ အဖြစ် အသွင်ပြောင်းလဲ တိုးတက်
လာသည့် အချိန် အကူးအပြောင်း ကာလ၌ ရုပ်ရှင် ဇာတ်ကား ဇာတ်ဝင် ခန်းများအတွက် သီးခြားအပ်နှံ ရေး ဖွဲ့သီဆိုသည့် အနေအထား တစ်ဆစ် ချိုး ပြောင်းလဲကာ ဂီတလောကမှ လူ ကြိုက်များ ကျော်ကြား သည့် တေးသီချင်း များကို ဇာတ်လမ်းနှင့် လိုက်ဖက်ညီ လျှင် ထည့်သွင်း အသုံးပြုလာကြ သည်။ ထိုအခါ အပြင် လောကတွင် ပရိသတ် နားစွဲပြီးသား သီချင်းကို ဇာတ်ဝင်ခန်း အတွက်အားဖြည့်သုံးစွဲ လိုက်သည့် အတွက် သီချင်းပရိသတ် ရော၊ ရုပ်ရှင် ပရိသတ်ပါ အကြိုက် တွေ့သော အနေအထားတစ်ခုရောက် လာခဲ့ သည်။
ထို အနေအထားကို လက်ခံ ကျင့်သုံး သည့် အလေ့အထ တွင်ကျယ် လာသောအခါ ရုပ်ရှင် ဇာတ်ဝင်ခန်း များအတွက် သီးခြား သီချင်းရေးဖွဲ့ မှု တစ်စတစ်စ လျော့ပါးလာပြီး အပြင် လောကမှ နာမည်ကြီး သီချင်း များကို ဇာတ်ဝင်ခန်း အတွက်ထည့် သွင်း အသုံးပြုရန် အစဉ်တစိုက်ကြိုး ပမ်း လာကြ တော့သည်။ တစ်ခါတစ် ရံ နာမည်ကြီး သီချင်း၏ သြဇာကို ရုပ်ရှင်တွင် အသုံးချလိုသည့်အတွက် ထိုသီချင်း၏ နောက်ခံ အခင်းအကျင်း ကိုပင် ဇာတ် လမ်းချဲ့ ထွင်ဆင် ယူကာ ဖန် တီးရိုက်ကူး သော ရုပ်ရှင် ဇာတ်ကား များ ပေါ်ပေါက်လာခဲ့ ကြောင်း မှတ်မှတ် သားသား သတိပြုမိခဲ့ သည်။
ဗီဒီယို ခေတ်တွင်ကျယ်လာ
ရုပ်ရှင် တစ်ခုတည်းသာ ဖျော်ဖြေရေး မီဒီယာတစ်ခု အဖြစ် တည်ရှိခဲ့ရာမှ ဗီဒီယို ဇာတ်ကားများ တွင် ကျယ်လာသည့် အခြေအနေ တွင် ယခင်ရုပ်ရှင် ဇာတ်ကားကြီးများ ရိုက်ကူးသည့် ကာလစံချိန်ကို ဗီဒီယို ဇာတ်ကား ရိုက်ကူးသည့် ကာလစံချိန် က မနှိုင်းယှဉ်သာ လောက်အောင် စံချိန်ချိုး လာခဲ့သည် နှင့်အမျှ အချိန် တိုတိုဖြင့် ဇာတ်ကား တစ်ကားဖန်တီး ရသည့် ကာလခွင် စက်ဝိုင်းအတွင်း အချိန်ယူ စရာမလိုဘဲ အသင့်
ဆွဲငင် သုံးစွဲနိုင်သော ပေါက်ပြီးသား တေးသီချင်း ထည့်သွင်း သုံးစွဲလိုက်ခြင်း က ပိုမို အမြစ်တွယ် လာခဲ့သည်။
ကုန်ကျစရိတ်
ရုပ်ရှင်၊ ဗီဒီယိုဇာတ်တစ်ကား အတွက် (ယခင်ခေတ် ကကဲ့သို့) သီး ခြားသီချင်း အပ်နှံ ဖန်တီးခြင်း သည် ရေး၊ ဆို၊ တီး၊ ဖမ်း ပညာရှင် လေးဦး လေးဖလှယ် တို့၏ စွမ်းရည်များကို စုပေါင်း အသုံးချရခြင်း ကြောင့် သီ ချင်းတစ်ပုဒ်၏ အရင်းအနှီး သည် အတိုင်းအတာ တစ်ခုအထိ ကျသင့်မှု မြင့်မားခဲ့သည်။ ပေါက်ပြီး သားသီ ချင်းတစ်ပုဒ်ကို ခွင့်ပြုချက် တောင်းခံ ပြီး အသုံးပြုခြင်း မှာမူ တေးရေးဆရာ တစ်ယောက် တည်း ကိုသာ မူပိုင်ခံစား ခွင့်ပေးရကာ အသင့်ရှိ နှင့်ပြီး (ဆိုပြီး၊ တီးပြီး၊ ဖမ်းပြီး) သီချင်းကို အလွယ် တကူ ထည့်သွင်း လိုက်ရုံသာ ရှိသဖြင့် ထို အသင့်သုံး သီချင်းတစ်ပုဒ်၏ အရင်းအနှီးသည် သီးခြား သီချင်းအပ် နှံခြင်း၏ အရင်းအနှီး လောက် ကုန်ကျ စရိတ် မများလှ။ ထို့ကြောင့်လည်း ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားများ အနေ ဖြင့် အသင့်ရှိပြီး သီချင်းများကိုသာ အလျဉ်းသင့်သလို အသုံးပြုလာကြ ခြင်း ဖြစ်နိုင်သည်ဟု အကဲခတ် သူ များက သုံးသပ် ထားခဲ့ကြသည်။
စည်းမျဉ်းသစ်
ယခု ပေါ်ပေါက် လာသော စည်းမျဉ်း သစ် အရဆိုလျှင် ရုပ် ရှင်၊ ဗီဒီယို ဇာတ်ကား များ၌ ဇာတ်ဝင်တေး အဖြစ် အပြင်လောက မှ ပေါက်ပြီးသား သီ ချင်းကို ယူငင် သုံးစွဲ လိုလျှင် ရေး၊ ဆို၊ တီး၊ ဖမ်း၊ ထုတ် ဟူသော အလွှာ ငါး လွှာ စလုံးအား မူပိုင်ခွင့် အခကြေးငွေ ပေးရမည် ဖြစ်သဖြင့် ကုန်ကျစရိတ် ပိုမို များပြား လာမည် ဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူများထံမှ
ထိုကိစ္စနှင့် ပတ်သက်၍ မြန်မာ နိုင်ငံဂီတ အစည်းအရုံးမှ တာဝန်ရှိသူ တစ်ဦးဖြစ်သော တေးရေး မြင့်မိုး အောင်က “လွန်ခဲ့တဲ့ သုံးလ မတိုင်ခင် က ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေမှာ အသင့်ရှိပြီးသား သီချင်းတစ်ပုဒ် ကို သုံးမယ်ဆိုရင် တေးရေးသူ တစ် ယောက်တည်းရဲ့ ခွင့်ပြုချက် လက်မှတ် ပဲလိုတယ်။ ရေးသူ တစ်ယောက် တည်းကိုပဲ ဥာဏ်ပူဇော်ခ ပေးရင်ရ တယ်ပေါ့။ အဲဒီ နောက်ပိုင်းမှာ တော့ မရတော့ဘူး။ တေးရေး၊ တေးဆို၊ တေးဂီိတ၊ အသံဖမ်း၊ ထုတ်လုပ်ပေါ့။ ငါးယောက် စလုံးရဲ့ သဘောတူညီချက် ရမှ ခွင့်ပြုတာပေါ့။ ငါးယောက် စလုံး ရဲ့ ခွင့်ပြုချက် လက်မှတ်ပါမှ ရမယ်။ ငါးလွှာစလုံး ကို အနုပညာ ဥာဏ်ပူ ဇော်ခပေးရတယ်။ အဲဒီစနစ်ပြောင်း သွားတာပေါ့။ ဒီတော့ ဗီဒီယိုထုတ် လုပ်ရေးတွေမှာ အခက်အခဲဖြစ်ပါ တယ်။ နဂို တုန်းကဆိုရင် ဗီဒီယို မှာ သုံးတဲ့ သီချင်း တစ်ပုဒ်ကို တစ်သိန်း ခွဲလောက်၊ ပျမ်းမျှပေါ့။ ဒီဗီဒီဇာတ် ကားကြီး တွေဆိုရင် နှစ်သိန်းလောက်၊ ရုပ်ရှင် ကားကြီးတွေ ဆိုရင် သုံးသိန်း လေးသိန်း လောက်ပေါ့။ ယူကြတာ။ အခု ဒီစနစ်အရ ငါးလွှာ စလုံးကို ဥာဏ် ပူဇော်ခ ပေးရမယ် ဆိုတဲ့ အခါကျတော့ တစ်ခါတလေ ဈေးက အဆမတန်ဖြစ် သွားနိုင်တာပေါ့။
တီးဝိုင်း တစ်ဝိုင်းဆို လို့ရှိရင် သူ တို့ရဲ့တီးဝိုင်းခ အတွက် ကိုချည်းပဲ နှစ် သိန်းခွဲ ယူတယ် လို့ကြားတယ်။ တီးဝိုင်းချည်းပဲ ကလည်း နှစ် သိန်းခွဲ၊ ရေးတဲ့သူ၊ ဆို တဲ့သူ၊ တခြားအသံ ဖမ်းနဲ့ ထုတ်လုပ် သူတွေက ပါယူ ကြတဲ့အခါ ကျတော့ ခြောက် သိန်း၊ ခုနစ်သိန်း လောက် ကျသွားနိုင် တယ်။ သဘော ပြောရရင် တစ်လွှာက ကြေးယူတာ များပြီ ဆိုက တည်းက တခြားအလွှာတွေ ကလည်း လိုက်တက် လိုက်တက် နဲ့ ဈေး က အရမ်းများ သွားတာပေါ့။ ဗီဒီယို ဇာတ်ကားတွေ အတွက်ဆိုရင်တောင် အရင်က သီချင်း တစ်ပုဒ်ကို တစ် သိန်းခွဲ ပေးရတာကနေ အခု သုံး သိန်း ပေးရတော့ မယ့် အနေအထား ဆိုတော့ သူတို့လည်း သုံးရမှာခက် တာပေါ့နော်။
အဲဒီ အခါမှာ ဘယ်လိုတွေပြန် ဖြစ်လဲဆို တော့ အလွှာငါးလွှာစလုံး ကို ညှိနှိုင်းလို့ ရတဲ့အခါ ကျရင်တော့ သုံးသိန်း လောက်နဲ့ ရသွားတာ များ တယ်။ ညှိနှိုင်းလို့ မရဘူးဆိုရင်တော့ အဲဒီသီချင်းကို ပြန်ဆို၊ ပြန်တီး၊ ပြန် သွင်းပေးတယ်။ တေးရေး သူက စီစဉ် ပေးတာပေါ့။ အဲဒီလို အစအဆုံး ပြန် လုပ်ပေးတဲ့ အခါ ကျသင့်တဲ့ တေး ရေးဆရာရဲ့ ဥာဏ် ပူဇော်ခ၊ အဆို တော်ကြေး၊ တီးဝိုင်းကြေး၊ အသံဖမ်း ကြေး အားလုံး ပေါင်း သုံးသိန်းပတ် ၀န်းကျင် လောက်ပေါ့။ ရေးပြီးသား၊ ဆိုပြီးသား မသုံး တော့ဘဲ အသစ်အပ် မယ် ဆိုရင်လည်း အဆိုတော် သင့်ရုံ နဲ့ သုံးသိန်း လေးသိန်းလောက် သုံး ပြီး သီချင်းသစ် အပ်လို့ရပါတယ်” ဟု ဖွင့်ဆို ရှင်းပြသွားသည်။
ထိုသို့ စည်းမျဉ်း စည်းကမ်းအ သစ် ပေါ်လာသည် ကို တေးရေးတို့ အနေဖြင့် အဆင်ပြေ လိုက်လျော ညီထွေ ဖြစ်အောင် စီမံ ဆောင်ရွက် ပေးသွားမှု အပေါ် ရိုက်ခတ်မှု တစ်စုံ တစ်ရာ ဖြစ်လာ နိုင်ပါ သလား ဟူသော အမေး ကို “အဲဒါ အနေနဲ့ ကျွန်တော့် အမြင်ကတော့ နဂိုတုန်းက ဗီဒီယို အတွက် သီချင်း တွေကို တေးရေး တွေပဲ ယူတာကလည်း စနစ်ကျ တဲ့ဟာ တော့ မဟုတ်ဘူး။ ဒါပေမဲ့ အခုလို မျိုး အလွှာ တိုင်းက ယူချင်သလောက် ယူတယ် ဆိုတော့ ဗီဒီယို လုပ်ငန်းရှင် တွေကို အခက်အခဲ ဖြစ်စေတယ်။ ဗီဒီယို လုပ်ငန်းရှင် တွေဘက်ကကြည့် တဲ့ရင်တော့ သိပ်ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါက တစ်ဖက်အမြင် ပေါ့နော်။ ဂီတ အစည်းအရုံးကစီစဥာ် ပြီးလုပ်ပေးတာဆိုတော့ မှန်ကန်တဲ့ သဘောလို့ ယူဆလို့ ရပါတယ်။ ဒီလိုပဲ တခြား နေရာတွေမှာလည်း မှန်ကန်ဖို့ လိုအပ်တာပေါ့နော်။ ဘာ လို့လဲဆို တော့ စတိတ်ရှိုးဆိုလည်း ဒီအတိုင်းပဲ လေ။ ကျန်တဲ့ အလွှာတွေ တိုင်းက ရပြီး တေးရေး အလွှာတစ်ခု ပဲ မရဘူးဆိုတော့ ဒီနေရာ မှာလည်း မှန်ကန်ဖို့ လိုအပ်တယ်။ စည်းမျဉ်းက လည်း အခုမှ အစဆိုတော့ ဒါက လည်း တာဝန်ရှိတဲ့လူတွေ တစ်နည်း နည်းနဲ့ ဆောင်ရွက် နေကြတယ်ဆိုတော့ အခိုက်အတန့် အားဖြင့် ပီပီပြင်ပြင် ဖြစ်မလာတဲ့ သဘောလေး တွေတော့ ရှိတာပေါ့။ ဒါပေမဲ့ ဒီအချိန်မှာ ပဲ အဆိုတော်တွေ၊ ကန်ထရိုက်တွေ အများကြီး ရှိပါတယ်။ ဆက်သွယ်ပြီး စနစ်တကျ ဆောင်ရွက် တာတွေပေါ့။ တချို့ကျ တော့လည်း ခုထက်ထိမ ဆက်သွယ် သေးတဲ့သူတွေ ရှိပါတယ်။ ကာလ တစ်ခုရောက်ရင်တော့ ဒါလေး တွေက စနစ်တကျနဲ့ ပီပီ ပြင်ပြင်ဖြစ် သွားမယ် လို့ ထင်ပါတယ်။ ဒါ့အပြင် အထွေ အထူး ပြောစရာ မရှိတော့ဘူး။ အနုပညာ လောက ဆိုတာလည်း အနု ပညာ ဖန်တီးတာက တစ်ကဏ္ဍ ဆိုပေ မယ့် ဖန်တီးတဲ့ နယ်တစ်ခုက စနစ် တကျနဲ့ ဖွံ့ဖြိုး တိုးတက် နေဖို့လိုတယ်။ အဓိကကျတယ်။ အနုပညာတွေ ဖွံ့ ဖြိုး တိုးတက်ဖို့ ဆိုရင် ဒီ အနုပညာလော ကရဲ့ စည်းကမ်း စနစ်တွေ ကလည်း တိုးတက်ဖို့ လိုတယ် လို့ ထင်ပါတယ်” ဟု အသေးစိတ် ရှင်းပြ သွားသည်။
ရုပ်ရှင်၊ ဗီဒီယိုလုပ်ငန်းဘက်မှ
ထို စည်းမျဉ်းသစ်နှင့် ပတ်သက် ၍ တိုက်ရိုက် သက်ဆိုင်နေသော ရုပ်ရှင်၊ ဗီဒီယို လုပ်ငန်းရှင်များက လည်း “အခု ဆိုရင် ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကား တွေမှာ သုံးမယ့် သီချင်း တွေကို အလွှာငါးခု ဆီက ပညာရှင် ငါးယောက် ဆီမှာ ခွင့်ပြုချက် လက် မှတ် လိုက်ထိုးပြီး အားလုံး စုံတဲ့လက် မှတ်ရမှ ဂီတ အစည်းအရုံးကခွင့် ပြုတာ ဆိုတော့ တစ်နေရာစီမှာ လက်မှတ် လိုက်ထိုးခိုင်းရတာ အရမ်း ဒုက္ခ ရောက်ပါတယ်။ ဒီတော့ သီး သန့် သီချင်းရေး ခိုင်းပြီး ဆိုတာကမှ ကိုယ့် ဇာတ်ကားရဲ့ မူပိုင်သီချင်း ရသေးတာပေါ့နော်။ သီချင်းရေး ဆရာ တွေမှာလည်း နာမည်ရပြီး သား သီချင်းရေး ဆရာကို ပေးရ တဲ့ ဥာဏ်ပူဇော်ခ နဲ့ နာမည်မရသေး တဲ့ သီချင်းရေး ဆရာကို ပေးရတဲ့ ဥာဏ်ပူဇော်ခက ကွာသွား တယ်လေ။ ပြီးတော့ အဲဒီ ဇာတ်ဝင်သီချင်း သီဆိုတဲ့ နေရာမှာ အသံကောင်း တဲ့ သူဖြစ်ဖြစ်၊ ဒီဇာတ်ကား မှာသရုပ် ဆောင်မယ့် မင်းသားဖြစ်ဖြစ်၊ မင်းသမီး ဖြစ်ဖြစ် သူ့ဇာတ်ဝင် သီချင်းကို သူ ကိုယ်တိုင် ဆိုလို့လည်း ရတယ်။ နောက် ပြီး ရွက်ပုန်းသီး အဆိုဝါသနာရှင် တွေ ထည့်သုံးရင်လည်း ရသေးတယ်။ အရင်တုန်း ကလည်း ရုပ်ရှင် ဇာတ်ဝင် တေးတွေက ကျော်ကြား သွားခဲ့တာ လည်းရှိခဲ့ တာဆိုတော့ ဇာတ်ဝင်ခန်း နဲ့ ပတ်သက်တဲ့ အကြောင်းအရာကို သီးသန့် အပ်ပြီး ဇာတ်ဝင် တေးသက် သက်ဖန် တီးဖို့ ဗီဒီယိုလုပ်ငန်းရှင် တွေ ဘက်ကစိတ်အား ထက်သန်နေကြတာ ပေါ့” ဟု ရှင်းလင်း ပြောကြား သွားသည်။
အနာဂတ်အလားအလာ
အပြင် လောကမှာ ပေါက်ပြီး သား သီချင်းကို ယူသုံးရခြင်း ၏ အဓိက အကြောင်းရင်းမှာ အလုပ် ရှုပ်သက် သာခြင်း၊ စရိတ်စက အကုန်အကျ သက်သာခြင်း၊ ပေါက်ပြီးသား သီချင်း ၏ အားကို ရုပ်ရှင်၊ ဗီဒီယိုတွင် ဖြည့် စွက် သုံးစွဲနိုင်ခြင်း စသည် တို့ကြောင့် ဖြစ်ရာ ယခု စည်းမျဉ်းသစ်ကြောင့် အလုပ်များ ပိုလာခြင်း၊ ကုန်ကျစရိတ် ပိုမို မြင့်မားလာခြင်း၊ သီချင်းနှင့်ပတ် သက်သော ခံစားချက် ပရိသတ် ထံသို့ အပြည့်အ၀ မရောက်နိုင်ခြင်း စသော အားနည်းချက်များ ပေါ်ပေါက်လာ သဖြင့် မိမိ ထုတ်လုပ်သော ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကား များအတွက် သီး သန့် သက်သက် ထိရောက်သော သီ ချင်းများ အပ်နှံရေးဖွဲ့စေခြင်းဖြင့် တစ်ခေတ် တစ်ခါက ခေတ်စားခဲ့ သော ရုပ်ရှင် သီချင်းများ တစ်ဖန်ပြန် လည် ရှင်သန် လာဦးမည် လားဟုမျှော် လင့်ဖို့သာ ရှိပေတော့သည်။
ဝင်းလက်၊ မြတ်ထင်ကျော်
Share

ရေခြားမြေခြားက သံစဉ်ပိုင်ရှင်တွေက ဘာပြောလည်း…
mp3,mp4,ringtone ကစာသားတွေတောင်ခွင့်ပြုချက်လိုတယ်ဆိုရင်… သူများဆီကလည်းသံစဉ်တွေအလကားရတိုင်းမကူးနဲ့လေ…