ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်သည့် ယဉ်ကျေးမှု ဇုန် ၀င်ကြေး နှင့် ပြတိုက် ၀င်ကြေး များကို prepaid card စနစ်ဖြင့် ကောက်ခံရန် စီစဉ် ဆောင်ရွက် လျက် ရှိကြောင်း ရှေးဟောင်းသု တေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှုး ချုပ် ဦးကျော်လွင်ဦး က ပြောကြား သည်။
ဇန်န၀ါရီ ၂၅ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ အမျိုးသား ဇာတ်ရုံ၌ ကျင်းပခဲ့သည့် နိုင်ငံတော် ၏ ယဉ်ကျေးမှု အမွေ အနှစ်များ ထိန်းသိမ်းရေး လုပ်ငန်းများတွင် ခရီး သွား လုပ်ငန်းများ၊ ဧည့်လမ်းညွှန် များ အခန်းကဏ္ဍ နှင့် စပ်လျဉ်း ၍ ယဉ် ကျေးမှု ၀န်ကြီးဌာန နှင့် ခရီးသွားလုပ် ငန်းများ၊ ဧည့်လမ်းညွှန် များ တွေ့ဆုံ ဆွေးနွေး ပွဲတွင် ဒုတိယ ညွှန်ကြားရေး မှူးချုပ်က အထက်ပါ အတိုင်း ပြော ကြားခြင်း ဖြစ်သည်။ ယဉ်ကျေး မှုဇုန် များနှင့် ပြတိုက်များ၌ ၀င်ကြေးများ ထောက်ခံ ရာတွင် prepaid card စနစ်ကို အကောင် အထည် ဖော် ဆောင်ရွက် မည်ဖြစ်ကြောင်း ထိုသို့ ဆောင်ရွက် ရာတွင် လက်ရှိ ပေးသွင်း သည့် နိုင်ငံခြား သုံးငွေ များ ရေစိုပျက် စီး၊ စုတ်ပြဲခြင်း များမှ ကာကွယ်ရန်၊ မသမာ အလွဲသုံးစား မှုများ မပြုနိုင် စေရန်နှင့် ခရီးသွား လုပ်ငန်းများ စနစ်ကျ လုပ်ကိုင် နိုင်စေရန် ဆောင် ရွက် ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက် လာသူများကို တာဝန် ရှိသူများက ပြောကြား ခဲ့ကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်နိုင် ရန် နည်းပညာ ဆိုင်ရာ ကုမ္ပဏီနှင့် ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့ပြီး ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေး ဟောင်း သုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေး မှုးချုပ် ဦးစန်းဝင်းက မေးမြန်းချက် များကို ရှင်းလင်း ပြော ကြားခဲ့သည်။
News Image
Share
