မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မန္တလေး – မတ္တရာ – မိုးကုတ် ကားလမ်း ပေါ်ရှိ ကျောက်အိုး တံတား တည် ဆောက်ရေး လုပ်ငန်းများ ကို ပြည်သူ့ ဆောက်လုပ်ရေး လုပ်ငန်း တံတား တည်ဆောက်ရေး လုပ်ငန်း စီမံကိန်း အထူးအဖွဲ့ ၁၄ က တာဝန်ယူ ဆောင်ရွက် လျက်ရှိရာ ဇန်န၀ါရီ အတွင်း လုပ်ငန်း ပြီးစီးမှုမှာ ရာခိုင် နှုန်း ၅၀ ခန့် ဖြစ်ကြောင်း တာဝန်ခံ လက်ထောက် အင်ဂျင်နီယာ ဦးသက် နိုင်က ပြောပြသည်။ အဆိုပါ တံတား သည် လူသွား လမ်းတစ်ဖက် လျှင် သုံး ပေစီ ဖြင့် ခြောက်ပေ ပါရှိပြီး တံတား အကျယ် ၂၄ ပေရှိကာ တံတား အရှည်ပေ ၂၀၀ ခန့်ရှိသည်။
“ဒီတံတားကြီး ပြီးသွားရင်တော့ မန္တလေး – စဥ့်ကူး သွားလမ်းပိုင်း ကို အချိန်တို အတွင်း သွားလာ နိုင်မှာဖြစ် ပါတယ်။ ဒါ့အပြင် မန္တလေး – မိုးကုတ် သွား ကားလမ်းမကြီး ကိုလည်း လမ်း သား အကျယ် တိုးချဲ့ပြီး အဆင့်မြှင့် တင် ကတ္တရာ ခင်းခြင်း လုပ်ငန်းများ ကို ဘီအိုတီ စနစ်နဲ့ နိုဝင်ဘာမှ စတင်၍ ခင်းကျင်းလျက် ရှိပါတယ်။ မန္တလေး မြို့က စတွက်ရင် မိုင်တိုင် အမှတ် ၃/၃ကနေ ၄၅/၃ အထိကတော့ သန္တိသစ္စာ ကုမ္ပဏီ လီမိတက် က တာ ၀န်ယူ ပါတယ်။ မိုင်တိုင်အမှတ် ၄၅/၃ ကနေ သပိတ်ကျင်း ကြား ကိုတော့ ဆုထူးပန် ကုမ္ပဏီမှ တာဝန်ယူ ပါတယ်။ နဂို လမ်းသား ၁၂ ပေ ကနေ တစ်ဖက် လျှင် လမ်းသား ခြောက်ပေစီ၊ အဆင့် မြှင့်တင် ခင်းမှာဖြစ်လို့ ဒီလမ်းက ၂၄ ပေ အကျယ် အထိ ဖြစ်လာမှာ ဖြစ် ပါတယ်။
ဒီလမ်း အသုံးပြုတဲ့ ကားအစီး ရေကတော့ တစ်နေ့လျှင် အသွား အပြန် ယာဉ်စီးရေ ၃,၀၀၀ ကျော်ရှိ ပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ခရီး သွားလာမှု လွယ်ကူ စေရေးနဲ့ ကုန်စည် စီးဆင်းမှု လျင်မြန် သွက် လက် စေရေးအတွက် တံတား တည် ဆောက်ခြင်း၊ လမ်းဖောက် လုပ်ခြင်း လုပ်ငန်း များကို ဆောင်ရွက် နေတာ ဖြစ်ပါတယ်” ဟု ဆက်လက် ပြော ကြားသည်။
မောင်လေ့လာ(မန်း)
Share


