မလေးရှား နိုင်ငံတွင် တရားမ၀င် လုပ်သားများ ကို အရေးယူ မည် ဖြစ်ကြောင်း မလေးရှား နိုင်ငံ ထုတ် ပြည်တွင်း သတင်းစာ တစ်စောင် တွင် သက်ဆိုင်ရာ က ကြေညာချက် ထုတ်ပြန် ထားရာ မြန်မာနိုင်ငံ မှ သွားရောက် အလုပ်လုပ် ကိုင်မည့်သူ အနေဖြင့် တရားဝင် အလုပ်အကိုင် ဖြင့်သာ သွားရောက် သင့်ကြောင်း ပြည်ပ အလုပ်အကိုင် အေဂျင်စီ အချို့ကဆိုသည်။
မလေးရှား နိုင်ငံထုတ် star သတင်းစာ တွင် နိုင်ငံအတွင်းရှိ တရား မ၀င် လုပ်သား များကို အရေးယူ ဆောင်ရွက်မှု များ ပြုလုပ် မည်ဖြစ် ကြောင်း သက်ဆိုင်ရာက ကြေညာချက် ထုတ်ပြန် ခဲ့ခြင်း ဖြစ်သည်။ မလေး ရှား နိုင်ငံတွင် အခြား ပြည်ပ နိုင်ငံများမှ လုပ်သား သန်းချီ၍ အလုပ်လာ ရောက် လုပ်ကိုင် လျက်ရှိရာ တရားမ၀င် လုပ်သားများကို မကြာခဏ အရေးယူ ဆောင်ရွက် မှုများ ပြုလုပ် လျက်ရှိသည်။
“မလေးရှား မှာက အဲဒီလိုမျိုး ကြေညာချက် ပြီးရင် တကယ်လည်း လုပ်တယ်။ တရားမ၀င် လုပ်နေတဲ့ သူတွေကတော့ မလွယ်ဘူး။ ဒီက တချို့ တရားမ၀င် အောက်က သွားတာမျိုး မလုပ်သင့်ဘူး။ တရားဝင် ဒီက အေဂျင်စီနဲ့ ချိတ်ပြီး သွားသင့်တယ်။ တကယ်လို့ တစ်ခုခု ဖြစ်ရင် တရားမ၀င် သွားတဲ့ သူတွေနာမှာပဲ။ တစ်လောက လည်း ပြန်လာတဲ့သူ တွေရှိတာ ဂျာနယ်တွေ၊ သတင်းတွေမှာ လည်းပါတယ်လေ။ တရားဝင် သွားတာ အန္တရာယ် ကင်းပါတယ်” ဟု ပြည်ပ အလုပ်အကိုင် အေဂျင်စီ တစ်ခု ကဆိုသည်။ မလေးရှား နိုင်ငံတွင် ယခုကဲ့သို့ တရားမ၀င် လုပ်သား များကို ကြေညာချက် ထုတ်ပြန် အရေးယူ မှုများ လေးကြိမ်ခန့် ဆောင် ရွက်ဖူး ကြောင်း သိရသည်။
News Image
Share


