နေပြည်တော် ဒေသမှ ထွက်ရှိ သည့် ဖရဲသီး များကို မူဆယ်နှင့် တရုတ်ပြည် သို့ နှစ်စဉ် တင်ပို့ရောင်း ချပေး လျက်ရှိရာ ယခုနှစ်တွင် ဈေး နှုန်း ရရှိမှု ထက်ဝက်ခန့် ကျဆင်းသွား ကြောင်း နေပြည်တော် တပ်ကုန်းမြို့ ရှိ ဖရဲသီး ပွဲစား တစ်ဦးက မြန်မာပို့စ် သို့ ရှင်းပြသည်။
မြေဆွေးများ ထည့် ထားသည့် နှစ်လက်မ၊ သုံးလက်မ အရွယ်ပလတ် စတစ်အိတ် ထဲသို့ တစ်အိတ်လျှင် ဖရဲမျိုးစေ့ တစ်စေ့စီ ထည့်ပြီး နေ့စဉ် ရေလောင်း ပေးပါက ငါးရက်ခန့်အ ကြာတွင် အပင်များပေါက်လာပြီး အပင်သက် ငါးရက်အကြာတွင် အ ဆင်သင့် ပြုလုပ်ထားသည့် ဖရဲစိုက် ခင်းရှိကျင်းများတွင် တစ်ကျင်းလျှင် တစ်ပင်နှုန်း ဖြင့်စိုက်ပျိုးပါက တစ်လ ခန့် အကြာတွင် ဖရဲပင်၏ အဆစ် များ ၁၅ ဆစ်ခန့် အညွန့်ထွက်လာ သည်။ ထိုအပင်၏အညွန့်ကို ဖြတ် လိုက်ခြင်းအားဖြင့် နောက်ထပ်အ ညွန့်များ ငါးညွန့်ခန့် ထပ်ပြီး ပွားလာ၍ အသီးပါ ပါ လာသည်။ နောက်ထပ် ရက် ၂၀ ခန့် တွင် အညွန့်မှ ထွက်လာ သည့် အသီးများကို စိတ်ကြိုက် ရွေး ချယ်၍ တစ်ပင်လျှင် တစ်လုံးနှုန်း ထား၍ ကျန် အသီးများကို ဆွတ်ခူး ကာ ရောင်းချ နိုင်ပြီဖြစ်ကြောင်း နေ ပြည်တော် တပ်ကုန်းမြို့နယ် ဆင်တဲ ကြီးကျေးရွာမှ ဖရဲစိုက် တောင်သူဦး အောင်ရွှေက ရှင်းပြသည်။
“ယာ တစ်ဧကကို စိုက်ပျိုး စရိတ် က ကျပ် လေးသိန်းကနေပြီး ကျပ် ခြောက်သိန်း အထိရှိတယ်။ မြေသြ ဇာ ကျွေးတဲ့ အပေါ်မှာ မူတည်ပြီးကုန် တယ်။ အကျားမျိုး ကတော့ တစ်ဧက ကို ဖရဲသီး အလုံး ၂,၀၀၀ ၀န်းကျင် ထွက် တယ်။ တစ်လုံးကို ပျှမ်းမျှ ကျပ် ၅၀၀ နဲ့ ထွက်ရင် ငွေ ဆယ်သိန်း နီးပါး ရတယ်။ ဖရဲ ရာသီ ကုန်လို့ ပြန်တွက် ကြည့်ရင် တဧကကို ကျပ်နှစ်သိန်း ကျော် မြတ်ပါတယ်။ ဒါပေမယ့် အရင် နှစ် ကလောက် ဈေးမကောင်း တော့ အမြတ်တော့ နည်းသွား တာပေါ့” ဟု ရှင်းပြသည်။
ဖရဲသီး စတင် ပေါ်သည့်အချိန် တွင် မူဆယ်မှ ပွဲစားများနှင့် နေပြည် တော် တပ်ကုန်းမြို့မှ ပွဲစား များသည် ၂၄ လက်မ နှင့် အထက်ရှိ သော ဖရဲ သီး အရွယ်အစား များအား တစ်လုံး လျှင် ယခင်နှစ် က ကျပ် ၁,၂၀၀ မှ ကျပ် ၁,၇၀၀ အထိ ဈေးပေး ၀ယ်ခဲ့ကြ သည်။ ယခုနှစ် တွင် ကျပ် ၆၅၀ မှ ၇၀၀ အထိသာ ပေးဝယ် ကြသဖြင့် ထက်ဝက်ခန့် ဈေးနှုန်း ကျဆင်းသွား ရာ အမြတ် ရရှိဖို့ထက် စိုက်ပျိုး စရိတ် ကုန်ကျငွေ ပြန်လည် ရရှိရန် မသေချာ ကြောင်း နေပြည်တော် ဇဗ္ဗူသီရိမြို့ နယ် ပြန်ကပြေး ကျေးရွာမှ ဖရဲစိုက် တောင်သူ တစ်ဦးက ရှင်းပြသည်။ ယခုအခါ ဖရဲသီးများ လှိုင်လှိုင်ပေါ် ထွက်နေပြီး တစ်လုံးလျှင် ကျပ် ၂၀၀ မှ ကျပ် ၇၀၀ အထိ ဈေးနှုန်းရှိ ကြောင်း သိရသည်။
ခိုင်မင်း(နေပြည်တော်)
Share


