တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက ဘဏ် ၁၄ ခု နှင့် ဘဏ်ခွဲပေါင်း ၁၀၀ ကျော်ရှိ
အယ်လ်ပိုင်း သောက်ရေသန့် ထုတ်လုပ်သည့် လွယ်ဟိန်း ကုမ္ပဏီ ကလည်း ငွေကြေး အရင်းအနှီး ကြီး မား သည့် ဘဏ်လုပ်ငန်း ကိုပါ ပူးတွဲ လုပ်ကိုင် သွား မည်ဟု လွယ်ဟိန်း ကုမ္ပဏီဥက္ကဋ္ဌ ဒေါက်တာစိုင်း ဆမ်ထွန်း က ပြောကြားသည်။
အောင်မြင်သော လုပ်ငန်းရှင်
လွယ်ဟိန်း ကုမ္ပဏီ၏ အဓိက လုပ်ငန်းမှာ အယ်လ်ပိုင်း သောက်ရေသန့် ထုတ်လုပ်သည့် လုပ်ငန်း ဖြစ်သည်။ သောက်ရေသန့် လုပ်ငန်းကို မြန်မာနိုင်ငံ တွင် ပထမဆုံး ထုတ်လုပ်သည့် လုပ်ငန်းရှင် များတွင် လွယ်ဟိန်း ကုမ္ပဏီလည်း အပါအ၀င် ဖြစ်ရုံမျှမက အအောင်မြင်ဆုံး လုပ်ငန်းရှင် လည်းဖြစ်သည်။ လွယ်ဟိန်း ကုမ္ပဏီသည် ယခု နောက်ပိုင်း သောက် ရေသန့် လုပ်ငန်းသာမက အချိုရည် လုပ်ငန်း၊ ယမ ကာ လုပ်ငန်းများအပြင် ဘောလုံး ကလပ်အသင်း ထောင်ခြင်း လုပ်ငန်းပါ ဆက်လက် လုပ်ကိုင် နေရာ လုပ်ငန်း အားလုံး အောင်မြင်မှု ရရှိသည့်အပြင် ၎င်းပိုင် ရတနာပုံအက်ဖ်စီ ဘောလုံးကလပ် အသင်းပါ MNL တွင် တံခွန်စိုက်ဒိုင်း ချိတ်နိုင် သည်အထိ အောင်မြင်အောင် စွမ်းဆောင်နိုင် သော လုပ်ငန်းရှင် တစ်ဦးဖြစ်သည်။
တစ်နှစ် အတွင်း အကောင်အထည် ဖော်မည်
“မြန်မာနိုင်ငံတော် ဗဟိုဘဏ် ကသာ စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ လုပ်ဆောင် ဖို့ ခွင့်ပြုချက် ရရင် ဘဏ်လုပ်ငန်းကို တစ်နှစ် အတွင်း အပြီး အကောင်အထည် ဖော်ဆောင် ရွက်သွားမှာပါ” ဟု လွယ်ဟိန်း ကုမ္ပဏီဥက္ကဋ္ဌ က ထပ်မံ အတည်ပြု ပြောကြားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ၁၉၉၂ ခုနှစ် မှစ၍ ပုဂ္ဂလိက များအား ဘဏ်လုပ်ငန်း လုပ် ကိုင်ခွင့် လိုင်စင်များ ချပေးကာ ပုဂ္ဂလိက ဘဏ်များ အား လုပ်ကိုင်ခွင့် ပေးခဲ့သည်။
ပုဂ္ဂလိက ဘဏ် ၁၄ခုရှိ
ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ကို ကုမ္ပဏီများ မှတ်ပုံ တင်ရုံးတွင် ကုမ္ပဏီ လုပ်ကိုင်ခွင့် လျှောက်ထားပြီး မြန်မာ နိုင်ငံတော် ဗဟိုဘဏ်သို့ ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် ဆက် လက် လျှောက်ထား ရသည်။ ဘဏ်လုပ်ငန်း လုပ်ကိုင်လို သူက ရင်းနှီးမြှုပ်နှံငွေ ပမာဏကို တင်ပြရပြီး မြန်မာနိုင်ငံ တော် ဗဟိုဘဏ် က စိစစ်ကာ ပုဂ္ဂလိက လုပ်ငန်းရှင် များ အား လုပ်ကိုင်ခွင့် ပြုခဲ့သည်။ ယခုအခါ ပုဂ္ဂလိက ဘဏ် ၁၄ခုက ဘဏ် လုပ်ငန်း များကို ဆက်လက် လုပ်ကိုင်လျက် ရှိကြောင်း သိရသည်။
ပုဂ္ဂလိကဘဏ်များ
လက်ရှိ လုပ်ကိုင်နေသော ပုဂ္ဂလိက ဘဏ်များမှာ မြန်မာ့ စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်၊ သမ၀ါယမ ဘဏ်၊ ရန်ကုန် မြို့တော် စည်ပင်သာယာရေး ဘဏ်၊ မြန်မာနိုင်ငံ သားများ ဘဏ်၊ မြန်မာ့ မွေးမြူရေး နှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ်၊ နယ်စပ် စည်ပင်သာယာရေး ဘဏ်၊ ရတနာပုံ ဘဏ်၊ မြ၀တီ ဘဏ်၊ ပထမ ပုဂ္ဂလိက ဘဏ်၊ ရိုးမဘဏ်၊ အင်းဝဘဏ်၊ ကမ္ဘောဇ ဘဏ်၊ ထွန်းဖောင်ဒေးရှင်း ဘဏ်၊ မြန်မာ အရှေ့တိုင်းဘဏ် တို့ဖြစ်သည်။
ဘဏ်ခွဲများ ဖွင့်လှစ် ဆောင်ရွက်
ပုဂ္ဂလိက ဘဏ်များ အနက် ရိုးမဘဏ်သည် တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ဘဏ်ခွဲ ပေါင်း ၄၁ဘဏ် ဖွင့် လှစ် ဆောင်ရွက်နေသော ဘဏ်လုပ်ငန်း ဖြစ်သည်။ ရိုးမ ဘဏ် အနေဖြင့် ရန်ကုန် တိုင်းတွင် ဘဏ်ခွဲပေါင်း ၁၄ ခုရှိပြီး ပင်မ ဘဏ်ကို ရန်ကုန် ဘူတာကြီး အနီးတွင် ဖွင့်လှစ် ထားသည်။ မန္တလေး တွင် ဘဏ်ခွဲပေါင်း ငါးခု ထားရှိကာ ပြည်ဘဏ်ခွဲ၊ မူဆယ် ဘဏ်ခွဲ၊ မကွေး ဘဏ်ခွဲ၊ လားရှိုး ဘဏ်ခွဲ၊ အောင်လံ ဘဏ်ခွဲ၊ မြင်းခြံ ဘဏ်ခွဲ၊ ကျောက် ပန်းတောင်း ဘဏ်ခွဲ၊ ပခုက္ကူ ဘဏ်ခွဲ၊ မုံရွာ ဘဏ်ခွဲ၊ မိတ္ထီ လာ ဘဏ်ခွဲ၊ မြစ်ကြီးနား ဘဏ်ခွဲ၊ မြောင်းမြ ဘဏ်ခွဲ၊ စစ်တွေ ဘဏ်ခွဲ၊ ကလေး ဘဏ်ခွဲ၊ နေပြည်တော် ပျဉ်း မနား ဘဏ်ခွဲ၊ တောင်တွင်းကြီး ဘဏ်ခွဲ၊ ကျောက်မဲ ဘဏ်ခွဲ၊ ပုသိမ် ဘဏ်ခွဲ၊ ပြင်ဦးလွင် ဘဏ်ခွဲ၊ ဘားအံ ဘဏ် ခွဲများကို ပြည်နယ် နှင့် တိုင်းအနှံ့ ဖွင့်လှစ် ဆောင်ရွက်လျက် ရှိသည်။
ကမ္ဘောဇ ဘဏ်ခွဲများ
ကမ္ဘောဇ ဘဏ်ရုံး ချုပ်ကို ကမာရွတ် တွင်ထားရှိပြီး လမ်းမတော် ဘဏ်ခွဲ၊ မင်္ဂလာဈေး ဘဏ်ခွဲ၊ ဘုရင့်နောင် ဘဏ်ခွဲ၊ ရွှေဂုံတိုင် ဘဏ်ခွဲ၊ ပုဇွန်တောင် ဘဏ်ခွဲ၊ မန္တလေး ဘဏ်ခွဲ ၁နှင့် ၂၊ ပခုက္ကူ ဘဏ်ခွဲ၊ ဟင်္သာတ ဘဏ်ခွဲ၊ တောင် ကြီး ဘဏ်ခွဲ၊ တာချီလိတ် ဘဏ်ခွဲ၊ လားရှိုး ဘဏ်ခွဲ၊ မူဆယ် ဘဏ်ခွဲ၊ မြစ်ကြီးနား ဘဏ်ခွဲ၊ ဗန်းမော် ဘဏ်ခွဲ၊ ဖားကန့် ဘဏ်ခွဲ၊ မော်လမြိုင် ဘဏ်ခွဲ၊ မြိတ် ဘဏ်ခွဲ၊ ကော့သောင်း ဘဏ်ခွဲ၊ စစ်တွေ ဘဏ်ခွဲ၊ မောင်တော ဘဏ်ခွဲ စသည်ဖြင့် ဘဏ်ခွဲပေါင်း ၂၁ ဘဏ်ထားရှိကာ ဘဏ် လုပ်ငန်းများ လုပ်ကိုင် လျက်ရှိသည်။
သမ၀ါယမ ဘဏ်ခွဲများ
သမ၀ါယမ ဘဏ်ရုံးချုပ် ကို လသာမြို့ နယ်တွင် ထားရှိကာ မဟာဗန္ဓုလ ပန်းခြံလမ်း ဘဏ်ခွဲ၊ ဆိပ်ကမ်းသာ လမ်းဘဏ်ခွဲ၊ လမ်းမ တော် ဘဏ်ခွဲ၊ စော်ဘွားကြီးကုန်း ဘဏ်ခွဲ၊ တောင်ဥက္ကလာပ ဘဏ်ခွဲ၊ အောင်ပန်း ဘဏ် ခွဲ၊ မန္တလေး ဘဏ်ခွဲ ၁၊ ၂နှင့် ၃၊ နေပြည် တော် ပျဉ်းမနား ဘဏ်ခွဲ၊ တောင်ငူ ဘဏ်ခွဲ၊ ညောင်လေးပင် ဘဏ်ခွဲ စသည်ဖြင့် ဘဏ်ခွဲ ပေါင်း၁၂ ဘဏ်ဖြင့် ဆောင်ရွက် လျက်ရှိသည်။
မြ၀တီ ဘဏ်ခွဲများ
မြ၀တီ ဘဏ်ကို ယခင် ဗဟိုဘဏ် နေရာတွင် ရုံးချုပ်အဖြစ် ထားရှိကာ ဘုရင့် နောင် ဘဏ်ခွဲ၊ မန္တလေး ဘဏ်ခွဲ၊ မုံရွာ ဘဏ်ခွဲ၊ နေပြည်တော် ပျဉ်းမနား ဘဏ် ခွဲ၊ ဖားကန့် ဘဏ်ခွဲ၊ တောင်ကြီး ဘဏ်ခွဲ၊ ပုသိမ် ဘဏ်ခွဲများအပြင် ဘဏ်ခွဲများ ဆက်လက် တိုးချဲ ဖွင့်လှစ်သွားရန် စီစဉ်လျက် ရှိကြောင်း သိရသည်။ နိုင်ငံတော်၏ ဈေးကွက် စီးပွားရေး စနစ်နှင့် အညီ ရင်းနှီး မြှုပ်နှံမှုများကို စီး ပွားရေး နယ် ပယ် အသီးသီး တွင်ပုဂ္ဂလိ က လုပ်ငန်းရှင်ကြီး များက အောင် မြင်စွာ ရင်းနှီး မြှုပ်နှံ လုပ်ကိုင် နေပြီ ဖြစ်ရာ ဘဏ် လုပ်ငန်း ကိုလည်း ပြည် နယ် နှင့် တိုင်း အနှံ့ ဘဏ် ခွဲများဖွင့် လှစ်ကာ အောင် မြင်စွာ ဆောင် ရွက်လျက်ရှိ ကြောင်း သိရ သည်။
မောင်မောင်စိုး
Share



Hope we can see Visa and Master there!
[Reply]