ပဲမျိုးစုံနှင့် နှမ်း စိုက်ပျိုးသည့် တောင်သူ များကို ဈေးကွက် သတင်း အချက် အလက်နှင့် နည်းပညာ ပံ့ပိုး ကူညီမှု များ ပြုလုပ် ပေးရန် ရှိကြောင်း မြန်မာ နိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည် များ အသင်းမှ အသင်းဝင် တစ်ဦးက ဆိုပါ သည်။
ပဲ၊ နှမ်း စိုက် တောင်သူများကို မြန်မာ စိုက်ပျိုးရေး လုပ်ငန်းနှင့် မြန်မာ့ လယ်ယာထွက်ကုန် ရောင်းဝယ်ရေး လုပ်ငန်း များမှ ကျွမ်းကျင် သူများက ဈေးကွက် သတင်း အချက်အလက် နှင့် နည်းပညာ ပံ့ပိုး ကူညီမှုများ ဆောင် ရွက် သွားမည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက် ရာတွင် ပဲမျိုးစုံနှင့် နှမ်း အသင်း၏ တိုင်း အသင်းခွဲ များဖွဲ့စည်း ဆောင်ရွက် ရာတွင် တစ်ပါတည်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ တောင်သူ များ အနေဖြင့် စိုက်ပျိုး ရာနှင့် ထွက်ကုန်များ ရောင်း ချရာ တွင်ဈေးကွက် သတင်း အချက် အလက် များရရှိရန်၊ ဈေးကွက် အနေ အထားကို သိရှိ စိုက်ပျိုး နိုင်ရန်နှင့် စိုက်ပျိုး ရာတွင် မျိုးကောင်း မျိုးသန့် များ စိုက်ပျိုးပြီး နည်းစနစ် ကျသည့် မြေသြဇာ၊ ပိုးသတ်ဆေး များ ထည့် သွင်း စိုက်ပျိုး နိုင်ရန် ပညာပေး ဆောင် ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်းနှင့် မြန်မာ့ လယ်ယာ ထွက်ကုန်ရောင်း ၀ယ်ရေး လုပ်ငန်းမှ ကျွမ်းကျင် သူများ က တောင်သူ များကို ပညာပေး ဟော ပြောပွဲ များနှင့် လက်ကမ်း စာစောင် များ ဖြန့်ချိ ပေးမည် ဖြစ်ကြောင်း သိရ သည်။
News Image
Share


