ပြည်ပ ဆေးပညာရှင် များနှင့် ပြည်တွင်း ပညာရှင်များ ပူးပေါင်းပ ညာပေး ဟောပြောမည့် ပထမအကြိမ် အစာအိမ် အူလမ်းကြောင်း နှင့် အ သည်း ရောဂါ နှီးနှော ဖလှယ်ပွဲသို့ တက်ရောက်ရန် ပြည်တွင်း ပြည်ပမှ ဆေးပညာရှင် ဆရာဝန်များ အားဖိတ် ခေါ် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးပညာ နှီးနှောဖ လှယ်ပွဲကို မြန်မာနိုင်ငံ ဆရာဝန်အ သင်း အစာအိမ် အူလမ်းကြောင်း နှင့် အသည်းရောဂါ ပညာအဖွဲ့က ဦးစီး ကျင်းပ ခြင်းဖြစ်သည်။ အစာ အိမ်အူ လမ်းကြောင်းနှင့် အသည်း ရောဂါနှီး နှော ဖလှယ်ပွဲ တွင် စင်ကာပူ၊ အမေရိ ကန်၊ ပြင်သစ် စသည့် နိုင်ငံများမှ နာမည်ကြီး ဆေး ပညာရှင် များကို ဟောပြောရန် ဖိတ်ကြား ထားပြီး ပြည်ပ အိမ်နီးချင်း နိုင်ငံများ ဖြစ်သော ထိုင်း၊ အိန္ဒိယ၊ ကမ္ဘော ဒီးယား၊ စင် ကာပူ၊ မလေးရှားနိုင်ငံများမှ စိတ်ဝင် စားသူဆရာဝန်များလည်း တက် ရောက်ကာ ပါဝင် ဆွေးနွေး ကြမည် ဟု သိရသည်။
ဟောပြောမည့် အကြောင်း အ ရာများမှာ မြန်မာနိုင်ငံ တွင် မသိ မဖြစ်သည့် ဘီပိုး၊ စီပိုး ကုနည်းများ၊ အသည်း အဆီ ဖုံးခြင်း၊ရေဖျဉ်း ရောဂါ၊ အသည်း ခြောက် ရောဂါများ ကုသ နည်းများ ဖြစ်သည်။ ထို့အပြင် လက် ရှိ ကုသ လာနိုင်သည့် အသည်း အစား ထိုး ကုသနည်း အကြောင်းကို လူနာ ရာခိုင်နှုန်း ၇၀ ခန့်ကို ကုသပေး လျက် ရှိသော အိန္ဒိယနိုင်ငံမှ ဒေါက်တာ ဆွိုင်း ဦးဆောင်သည့် အဖွဲ့က ဆွေး နွေး ပြောကြား မည်ဖြစ်သည်။
အသည်း ရောဂါများအပြင် အ စာအိမ် အူလမ်းကြောင်း သွေးယိုစီး၍ အစာအိမ် (အူမကြီး) ကင်ဆာ အ ကြောင်း၏ ကုသပုံ ကုသနည်းကို လည်း ဟောပြော ဆွေးနွေးမည်ဖြစ် သည်။ အူမကြီး ကင်ဆာမှာ စောစီး စွာ သိရှိပါက ကုသ နိုင်သော ရောဂါ ဖြစ်သည့်အတွက် မည်ကဲ့သို့ ပညာ ပေး ရမည်ကို လည်း သိရှိရန် ပြော ကြား မည်ဟု သိရသည်။
အဆိုပါ နှီးနှော ဖလှယ်ပွဲ ၏ရည် ရွယ်ချက်မှာ ဆေးပညာရှင် ဆရာဝန် များ နောက်ဆုံးပေါ် ကုသနည်းများ ကို သိနိုင်ပြီး ကမ္ဘာတွင် နောက်ကျမကျန် ရစ်ရန်နှင့်ကျန်းမာရေး စောင့်ရှောက် မှုအရည်အသွေး တိုးတက် ရန် ရည် ရွယ် ပြုလုပ်ရခြင်း ဖြစ်ကြောင်း နှီးနှော ဖလှယ်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း (အသည်း) က ပြောကြား သည်။
အဆိုပါ နှီးနှော ဖလှယ်ပွဲ ၏ဟော ပြောမည့် ခေါင်းစဉ် များကို အခြေခံ ဆရာဝန် အများစု နားလည် နိုင်မည့် ခေါင်းစဉ်များ ရွေးချယ် ထားကြောင်း နှင့် ရခဲလှသော ဆွေးနွေးပွဲ ဖြစ်သဖြင့် အနယ်နယ် အရပ်ရပ်မှ ဆရာဝန်များ လာရောက် လေ့လာဆွေးနွေး စေလို ကြောင်း အစာအိမ် အူလမ်းကြောင်း နှင့် အသည်းရောဂါ ပညာအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သန်းသန်းဆွေ က ပြောကြားသည်။ နှီးနှော ဖလှယ် ပွဲ အစီအစဉ် ကို ရန်ကုန်မြို့၊ ကုန် သည်ကြီးများ ဟိုတယ်၌ ဖေဖော်ဝါရီ ၂၇ ရက်နှင့် ၂၈ ရက်တို့ကို သတ်မှတ် ထားပြီး ဟောပြော နေစဉ်အတွင်း နံနက်စာ၊ နေ့လယ်စာ၊ ညစာစား ကာ အပြန်အလှန် သိလိုသည်များကို ရင်းနှီးစွာ ဆွေးနွေးနိုင်ရန် စီစဉ်ထား ကြောင်းသိရသည်။ ဟောပြောပွဲတက် ရောက်လိုသည့် ပြည်တွင်း ဆရာဝန် များသည် ၀င်ကြေးငွေကျပ် ၃၀,၀၀၀ ပေးသွင်း ရမည်ဖြစ်ကာ ပြည်ပ ဆရာ ၀န်များ အတွက် အမေရိကန် ဒေါ်လာ ၁၀၀ သတ်မှတ် ထားသည်။ တက် ရောက်လိုသူများသည် လမ်း ၃၀ ဆေးခန်းတွင် စာရင်း ပေးသွင်းပြီး လက်မှတ် ထုတ်ယူ နိုင်ကြောင်း သိ ရသည်။
အေးမြခိုင်
Share


