ညောင်ရွှေ မြို့ပေါ်ရှိ မေဟော်နန်း ဟိုတယ် တွင် ဒုတိယ အကြိမ်သစ်ခွ ပွဲတော်အား ကျင်းနိုင်ရန် မဏ္ဍပ်များ၊ ပြပွဲ ခန်းမများ ကို ကြိုတင် တည်ဆောက် နေပြီ ဖြစ်ကြောင်း တောင် ကြီး ဟိုတယ် ဆိုင်ရာ လုပ် ငန်းရှင်များ အသင်း အတွင်းရေးမှူးက ပြောကြား သည်။
ဒုတိယ အကြိမ် ကျင်း ပမည့် သစ်ခွ ပွဲတော်တွင် ဈေးပွဲတော် ကိုပါ ပထမ ဆုံး အကြိမ် ထည့်သွင်း ရောင်းချ ပေးသွား မည်ဖြစ်သည်။ ယခုအခါ တွင် သစ်ခွ ပွဲတော်အား ကျင်းပ နိုင်ရန် အတွက် ဟိုတယ် နှင့် ခရီး သွားလာရေး လုပ်ငန်းဝန်ကြီး ဌာနမှ ကျပ် ၁၀သိန်း၊ ခရီးသွား လုပ်ငန်းရှင်များ အဖွဲ့မှ ကျပ်၂၁သိန်းခွဲ လှူဒါန်း ထားပြီး ဖြစ်သည်။ “Myanmar Treasure Hotel ကလည်း လှူဒါန်းမယ် လို့ သိရ ပါတယ်။ အင်းလေးမှာ ရှိတဲ့ ဟိုတယ် လုပ်ငန်းရှင် တွေလည်း ထည့်ဝင် လှူ ဒါန်းသွားကြပါ” ဟု အ ထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။
ယခင်နှစ် သစ်ခွ ပွဲ တော်ကို အင်းရေ ပြင်ပေါ် တွင် ကျင်းပခဲ့ ခြင်းကြောင့် အင်းရေပြင်၏ အလှအပ နှင့်အတူ၊ image ကို ရရှိ ခံစား စေခဲ့သည်။ ယခု မကြာမီ ကျင်းပမည့် သစ်ခွ ပွဲတော်အား ယခင် နှစ်နှင့် ကွဲပြား စေရန် မြေပြင်ပေါ် တွင် ကျင်းပ သွားမည်ဖြစ် သည်။
ယခု သစ်ခွ ပွဲကျင်းပ မည့် မေဟော် နန်းဟိုတယ် သည် မြေ ၁၀ ဧက ကျယ်ဝန်း သဖြင့် သစ်ခွ ပွဲတော်နှင့်အတူ ဈေးပွဲတော် ကိုပါ ထည့်သွင်း ရောင်းချ သွား မည် ဖြစ်သည်။ သစ်ခွ ပွဲတော် ၌ ဈေးပွဲတော် ရောင်းချ နိုင်ရန်အတွက် ကုမ္ပဏီ များမှ လာရောက် စာရင်း ပေးသွင်းနေပြီဖြစ်သည်။
YYH
Share


