Capital Hypermarket ကကြီးမှူး၍ Tiger Co., Ltd. ၏ပံ့ပိုးမှု ဖြင့် တရုတ်ရိုးရာခြင်္သေ့အကပြိုင်ပွဲ (Lion Dance Campionship 2010) ကို သာကေတမြို့နယ်၊ မင်းနန္ဒာ လမ်းရှိ Capital Hypermarket အ ရှေ့၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၀ ရက် အထိ နေ့စဉ် ညနေ ၄ နာရီမှ ည ၁၀ နာရီ အထိ ကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲသို့ အသင်း ခြောက်သင်းဝင် ရောက် ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး တစ်သင်း လျှင် ပြိုင်ပွဲဝင် ဦးရေ ၅၀ မှ ၆၀ အထိ ယှဉ်ပြိုင်ခွင့် ပြုပြီး ပထမဆုကျပ် ၁၀ သိန်း၊ ဒုတိယ ဆုကျပ် ၅,၀၀,၀၀၀၊ တတိယဆု ကျပ် ၃,၀၀,၀၀၀ နှင့် နှစ်သိမ့်ဆု သုံးဆု တစ်ဆုကျပ် ၁,၀၀,၀၀၀ စီ ချီးမြှင့် မည် ဖြစ်သည်။
အဆိုပါ တရုတ်ရိုးရာ ခြင်္သေ့အက ပြိုင်ပွဲနှင့်ပတ်သက် ၍ ဇန်န၀ါရီ ၂၉ ရက်တွင် ဦးကျော်ဆန်းဦး (Asst; Manager, Center A&), AV Tam(a)Tan Teck Woi (Hypermarket Consultant) နှင့် ဦးဝင်းချစ်ဦး (Even Organizer) တို့က ရှင်းလင်းပြောကြားပြီး စာနယ် ဇင်းများ၏မေးမြန်းချက်များကို ရှင်းလင်း ခဲ့ကြောင်း သိရသည်။
စိုးကြွယ်
Share


