ဆိပ်ကြီးခနောင်တို မြို့နယ်တွင် ခုတင် ၂၅ လုံးဆံ့ဆေးရုံ ဓာတ်မှန်ဆောင် ဖွင့်လှစ် ရှုခင်းသာ မြို့ပတ်လမ်း ၇၅ ရာခိုင်နှုန်း ပြီးစီး
ရန်ကုန် တစ်ဖက်ကမ်း ဆိပ်ကြီး ခနောင်တို မြို့နယ် ခုတင် ၂၅ လုံးဆံ့ ဆေးရုံ ပထမဦးဆုံး ဓာတ်မှန်ဆောင် ဖွင့်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်း က အဆိုပါ ဆေးရုံ၌ ကျင်းပရာ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဗိုလ်မှူးကြီး မောင်ပါ တက်ရောက် ၍ ဓာတ်မှန် ဆောင် အား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။
ဓာတ်မှန်ဆောင် ဖွင့်ပွဲ အခမ်းအနား တွင် ဒုတိယ မြို့တော်ဝန် ဗိုလ်မှူးကြီး မောင်ပါက ဒေသ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ မြို့တော် စည်ပင် အနေဖြင့် စဉ်ဆက် မပြတ် ဆောင်ရွက် ပေးလျက်ရှိရာ ယခုဆိုရင် ဆိပ်ကြီး ခနောင် တိုသည် ရန်ကုန်နှင့် အနီးဆုံး နေရာတွင် ရှိသော်လည်း မြစ်ချောင်းများ တားဆီးမှုကြောင့် မော်တော်ယာဉ် များ ဆက်သွယ် သွားလာမှု မရှိပေမယ့် မြို့နယ် အတွင်း အနှေး ယာဉ်များ သွားလာမှု လွယ်ကူ စေရန် ရှုခင်းသာမြို့ပတ် လမ်းကြီးကို မရှိမဖြစ် တည်ဆောက် ပေးနိုင်ခဲ့ ကြောင်း ပြောကြားသည်။
အဆိုပါ လမ်းသည် ယခုအခါ ၇၅ ရာခိုင်နှုန်း အထိ ပြီးစီး နေပြီဖြစ်သည်။ လမ်း အကျယ် ၁၀ ပေရှိ၍ အရှည် ပေ ၉,၉၆၀ ရှိကြောင်း၊ ထိုလမ်းကို ကော်မတီက ကျပ် သိန်းပေါင်း ၅၃၅ သိန်း အကုန်အကျခံပြီး တည်ဆောက် ပေးခဲ့ ကြောင်း သိရသည်။
ဆိပ်ကြီး ခနောင်တို မြို့နယ်ဖွံ့ဖြိုးရေး အတွက် ကော် မတီက မြို့ပြ အင်္ဂါရပ်နှင့် အညီ ကွယ်လွန်သူ များအတွက် မီးသင်္ဂြိုဟ်စက် သစ်တစ်လုံး ကိုလည်း တပ်ဆင် အသုံးနိုင် ရန် ဆောင်ရွက် ထားကြောင်း သိရသည်။
ဆက်လက်၍ ဆိပ်ကြီး နောင်တိုမြို့နယ် အတွင်း ယခင်က ခုတင် ၁၈ လုံးဆံ့ ဆေးရုံအား ခုတင် ၂၅ လုံး ဆံ့ ဆေးရုံအထိ တိုးမြှင့်ပြီး ဓာတ်မှန်ဆောင် များကို လည်း တိုးချဲ့ပေးခဲ့သည့် အတွက် စုစုပေါင်း ငွေကျပ် ၁၆၈ သိန်း ကုန်ကျခဲ့ ကြောင်း ဒုတိယမြို့တော်ဝန် ဗိုလ်မှူး ကြီးမောင်ပါ ၏ ဖွင့်ပွဲ အခမ်းအနား ပြောကြားချက် အရ သိရသည်။
စောလှိုင်ဝင်း(YCDC)
Share


