ရန်ကုန်မြို့တွင် ပြေးဆွဲ နေသည့် ပါရမီ တက္ကစီ အချို့သည် မီတာဖြင့် မမောင်းနှင် ကြောင်း ခရီးသည် များ၏ တိုင်ကြားမှု အရ စစ်ဆေး တွေ့ရှိရ၍ အရေးယူ ဆောင်ရွက်ခဲ့ ကြောင်း ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေး လီမိတက်မှ သိရ သည်ဟု ဇန်န၀ါရီ ၂၇ ရက်ထုတ် ဂျာနယ်တစ်စောင် တွင် ဖတ်ရှု လိုက်ရ ပါသည်။ စည်းကမ်း မလိုက်နာသည့် ပါရမီ တက္ကစီ များကို သက်ဆိုင်ရာ အရေးယူခြင်း ကြောင့် စည်းကမ်း လိုက်နာ သည့် ပါရမီ တက္ကစီများ ဖြစ်လာ သကဲ့ စည်းကမ်း မလိုက်နာ သည့် အခြား တက္ကစီ များ ကို လည်း သက်ဆိုင်ရာ ကအရေးယူ ပေးစေ လိုပါသည်။ သို့မှသာ ရန်ကုန်မြို့တွင် ပြေးဆွဲ နေသည့် တက္ကစီ အားလုံး မီတာဖြင့် မောင်းနှင်သည့် တက္ကစီများ ဖြစ်လာမည် ဟု ယုံကြည် မိပါ သည်။
မောင်တက်
Share


