Your reliable news partner
  • စက်သုံးဆီ ရောင်းဝယ် ရေး ပုဂ္ဂလိက လက်ဝယ် ရောက်တော့မည်

    ၂၀၀၆ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယား တွေအရ မြန်မာ နိုင်ငံမှာ နှစ်စဉ် ဒီဇယ် ဆီဂါလန် ၃၂၅ သန်း၊ ဓာတ်ဆီ ဂါလန် သန်း ၁၂၀ ဖြန့်ဖြူး ပေး နေတယ် လို့ သိရပါတယ်။ ၂၀၀၃ ခု နှစ် အတွင်းက ခန့်မှန်း ထားချက် တစ် ရပ် အရတော့ မြန်မာ နိုင်ငံရဲ့အရန် ရေနံ သိုမှီ ထားမှု ပမာဏ ဟာ ရေနံ စည်ပေါင်း ၃ ဒသမ ၂ ဘီလျံ လောက် ရှိမယ် လို့ဆိုပါတယ်။ ၂၀၀၅ ခုနှစ်စာ ရင်း ဇယားတွေအရ ရန်ကုန်မြို့တစ် မြို့တည်း မှာတင် မော်တော်ယာဉ် စီး ရေ စုစုပေါင်း ၁,၅၀,၀၀၀ ကျော်ရှိ ကာ နယ်က ၀င်ရောက် လာတဲ့ ကုန် ကားတွေ၊ ဘုရားဖူး ယာဉ်တွေပါ ၀င် ရောက် လာပါက မော်တော်ယာဉ် စီးရေပေါင်း ၁,၈၀,၀၀၀ လောက် အထိ ရှိ သွား နိုင်တယ်လို့ ခန့်မှန်း ထား ကြပါတယ်။ ရန်ကုန်မြို့ တစ်မြို့တည်း မှာတင် ပြေးဆွဲ နေတဲ့ ခရီးသည်တင် ယာဉ်ပေါင်း ၆,၀၀၀ ကျော် ခန့်ရှိနိုင် တယ် လို့လည်း ခန့်မှန်း ကြတယ်။ ဘယ် လိုပဲ ဖြစ်ဖြစ် မော်တော်ကားတွေ၊ ဆိုင် ကယ်တွေ တစ်နှစ်ထက် တစ်နှစ်တိုး လာတယ်။ စက်သုံးဆီ အသုံးတွေလည်း များလာ တာကြောင့် နှစ်တွေကြာ လာတာနဲ့ အမျှ ဖြန့် နေကျ တွေထက် ပိုဖြန့် ပေးလာ ရမှာလည်း အသေအ ချာပါပဲ။ အသုံး တွေသာ ပိုလာမယ်၊ အထွက် ကတော့ ထူးထူးခြားခြား ပို တက် မလာ သေး လေတော့ စက်သုံး ဆီ လိုအပ်ချက် တွေကတော့ ပေါ် ပေါက် နေမြဲ ရှိနေမှာပါ။ ကမ္ဘာ့ ရေနံ ဈေး အပေါ် တည်မှီ ထားတဲ့ မော် တော် ယာဉ်တွေ၊ မော်တော် ဆိုင်ကယ် တွေ နိစ္စ ဓူဝ သွားလာ နိုင်ဖို့အတွက် လိုအပ်တဲ့ စက်သုံး ဆီကို နိုင်ငံတော် ကနေ ရောင်းချ ပေးခဲ့ပါတယ်။ မော် တော် ယာဉ်တွေဆို တစ်နေ့ အသုံး နှစ်ဂါလန် နှုန်းနဲ့ တွက်ချက်ပြီး တစ်လ ဂါလန် ၆၀ နှုန်းနဲ့ ရောင်းချ ပေးခဲ့ပါ တယ်။ နိုင်ငံက ဖြန့်ဖြူး ရောင်းချ ပေး နေတဲ့ စက်သုံးဆီ တွေရဲ့ဈေးနှုန်း ဟာ လည်း ကမ္ဘာ့ ရေနံ ဈေးနှုန်း အတက် အကျ ပြောင်းလဲမှု တွေ ပေါ်တည် မှီနေ တာ လည်း တွေ့ရ ပါတယ်။ ၁၉၉၇ ခုနှစ်၊ မေ မတိုင်မီ ရှစ်နှစ် ခန့်က ဒီ ဇယ်ဆီ တစ်ဂါလန်ကို ၁၆ ကျပ်နှုန်း၊ ဓာတ်ဆီ တစ်ဂါလန်ကို ၂၅ ကျပ်နှုန်း ထားနဲ့ တရားဝင် မှတ်ပုံတင် ထားတဲ့ မော်တော် ယာဉ်တွေ၊ ဆိုင်ကယ် တွေ ကို ရောင်းချ ပေးခဲ့ရာကနေ ၁၉၉၇ ခုနှစ် အရောက်မှာတော့ ဒီဇယ်တစ် ဂါလန်ကျပ် ၁၆၀ နှုန်း၊ ဓာတ်ဆီတစ် ဂါလန်ကျပ် ၁၈၀ နှုန်းပြောင်းလဲသတ် မှတ် ရောင်းချ ပေးခဲ့တာ တွေ့ရတယ်။ ၂၀၀၅ ခုနှစ် အရောက် မှာတော့ ဒီ ဇယ်ဆီ နဲ့ ဓာတ်ဆီ တစ်ဂါလန် ကို ကျပ် ၁,၅၀၀ နှုန်း ထားသို့ ပြောင်းခဲ့ ပြန်တယ်။ အခုလက် ရှိမှာတော့ နိုင်ငံ တော် ကဖြန့်ဖြူး ရောင်းချ ပေးနေတာ ဒီဇယ်ဆီ တစ်ဂါလန် ကျပ် ၃,၀၀၀၊ ဓာတ်ဆီ တစ်ဂါလန်ကျပ် ၂,၅၀၀ နှုန်း နဲ့ပါ။ နိုင်ငံ တော်က ဖြန့်ဖြူးပေး  နေတဲ့ စက်သုံးဆီ ဈေးနှုန်း တွေဟာ ကမ္ဘာ့ ရေနံပေါက်ဈေး တွေနဲ့အညီ တိုးမြှင့် သတ်မှတ် ခဲ့ရတာကို တွေ့ ရပါတယ်။

    ဈေးနှုန်း အပြောင်းလဲ

    ကမ္ဘာ့ ရေနံ ဈေးနှုန်းပေါ် မြန် မာ့ စက်သုံးဆီ ဈေးနှုန်း တွေဟာလည်း တည်မှီ နေတာကြောင့် ကမ္ဘာ့ ဈေးနှုန်း ပေါက်ဈေး အရ ဈေးနှုန်း ပြောင်းလဲမှု တွေဟာ ရှိနေတယ်။ ဖြစ်ဖို့ များတာက ဈေးနှုန်း တက်ဖို့ပါပဲ။ နိုင်ငံတော် က ပဲကိုင်ကိုင်၊ ပုဂ္ဂလိက ကပဲကိုင်ကိုင် စက်သုံးဆီ ဟာ ကမ္ဘာ့ ပေါက်ဈေးနဲ့ အညီ လုပ်ဆောင် သွားရမယ့် အရေး ကြီး ကမ္ဘာ့ ကုန်စည် တစ်မျိုးဖြစ်နေ တာကြောင့် ဈေးဟာ တစ်သမတ် တည်းမရှိနိုင်ဘဲ ဈေးနှုန်းတွေ အခါ အားလျော်စွာ ပြောင်းလဲနေတတ် တယ်ဆိုတာကိုတော့ သတိထား သင့် ကြပါတယ်။ နိုင်ငံပိုင် အနေနဲ့ ကိုင် တွယ် ဖြန့်ဖြူး ခဲ့စဉ် အချိန်ကတော့ ကမ္ဘာ့ ဈေးတွေ မည်မျှ တက်ပင်တက် ငြား ဘက်စုံ ထောင့်စုံ ဈေးနှုန်းကို ချိန် ဆ ချင့်ချိန်ပြီးမှ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဈေးနှုန်း ကိုအချိန်ယူပြီး တက်လေ့ ရှိပါတယ်။ အတက် နှေးသလို အကျ လည်း နှေးတတ်ပါတယ်။ ပုဂ္ဂလိက ပိုင်းက ကိုင်တွယ် လာရရင်တော့ ကမ္ဘာ့ ဈေးနှုန်းနဲ့အညီ တက်တဲ့ ဈေး ကျဈေး အချိန်နဲ့ တစ်ပြေးညီ လှုပ်ရှား သွားမယ့် သဘော ရှိနေ ပါတယ်။ အ ရင်တုန်း ကလို အတက်နှေး၊ အကျ နှေး ပုံစံမျိုးနဲ့ သွားမှာ မဟုတ်တာလည်း သေချာ ပါတယ်။

    ခွဲတမ်း စနစ် ပပျောက် သွားမည်

    အရင် တုန်းကတော့ စက်သုံးဆီ ကို ခွဲတမ်း (quota) သဘောနဲ့ ပေး တာ ဖြစ်တဲ့အပြင် နိုင်ငံတော် သတ်မှတ် တဲ့ ဈေးနှုန်းနဲ့ ပြင်ပမှာ ရောင်းဝယ် နေကြတဲ့ တရားမ၀င် မှောင်ခိုဈေး ကွာဟ နေမှုကြောင့် မော်တော် ယာဉ် ပိုင်ရှင် တွေဟာ အခွင့်အရေး တစ်ရပ် အနေနဲ့ “ကိုတာ” ကို မပြည့်ပြည့် အောင် ထုတ် လေ့ ရှိတယ်။ လိုသလောက် သုံး ပြီး ပိုတာ ပြင်ပ ထုတ်ရောင်း လေ့ရှိ တယ်။ ကိုယ်သုံး တဲ့ဆီဖိုး ကာမိတယ် လို့တောင် အဆို ရှိခဲ့တယ်။ ပိုတာ ရောင်းစား တဲ့အခါ ဆီ အလကားသုံး ရတဲ့ သဘော။ စိုက်ရင် လည်း နည်း နည်း ပဲစိုက်ရတဲ့ သဘော။ တချို့ဆို ဈေး အနိမ့်ကား တွေဝယ်ပြီး ဆီထုတ် ရောင်းစားတဲ့ အလုပ်ကို စီးပွားဖြစ် တောင် လုပ်ခဲ့ကြတာရှိတယ်။ စက် သုံးဆီ လုပ်ငန်းကို ပုဂ္ဂလိက ကသာ ကိုင်ခဲ့မယ် ဆိုရင် တစ်လကို သတ် မှတ်ထားတဲ့ ဓာတ်ဆီဆိုင် မှာ ဘယ် နှစ်ဂါလန် ပဲထည့်ခွင့် ရှိမယ် ဆိုတဲ့ အ ကန့် အသတ် တွေလည်း ဝေးလွင့်သွား ရမှာပါ။ ကိုယ့်ကား ကို လမ်းပေါ်မှာ မောင်းနေရင်း ကိုယ့် လက်ကျန်ဆီ အခြေအနေ အရ အနီးဆုံး ဓာတ်ဆီ ဆိုင်မှာ လိုသလို ၀င်ထည့် နိုင်တဲ့အချိန် မျိုး ရောက်ရှိ လာတော့ မှာပါ။ “ကိုတာ” စနစ်နဲ့ တုန်း ကတော့ သတ်မှတ် ထား တဲ့ ဆီဆိုင် သွားထည့် တာကိုက အလုပ် တစ်ခု။ ဝေးရင် ဝေးသလို အ ချိန်ကုန်၊ ဆီကုန် ဖြစ်ခဲ့ တယ်။

    ဆီမ လျော့ဖို့လို

    ပုဂ္ဂလိက ပိုင်းကနေ စက်သုံးဆီ ဖြန့်ချိရေး ကို ကိုင်တွယ် လာတော့မယ် ဆိုရင် ဆီလျော့တဲ့ ပြဿနာ ကတော့ ပထမဆုံး ရှင်းသွား နိုင်တယ်။ ပုဂ္ဂလိ က ဆိုတဲ့ သဘောက အပြိုင်အဆိုင် လုပ်ကြတဲ့ သဘော။ ဒါကြောင့် နာ မည်ကောင်း ကို တည်ဆောက်ဖို့ ဆို တာ အရေးကြီးတယ်။ ဈေးလည်း ကောင်းမယ်။ ပစ္စည်း အမှန်အကန် ဖြစ်ရမယ်။ ဒါက ပုဂ္ဂလိကတွေ စား သုံးသူ အပေါ် တာဝန်ခံရမယ့် အလုပ် ပုဂ္ဂလိကနဲ့ သုံးစွဲသူ တိုက်ရိုက်ထိ တွေ့ခွင့် ရလာတဲ့ တစ်နေ့ကျရင် သုံး စွဲသူ ဘက်ကလည်း အမှန်ကို ထောက် ပြရဲကြရမယ်။ ပုဂ္ဂလိက ဖြန့်ချိရေး ပိုင်း တွေကလည်း ဖောက်သည် အမြဲမှန် ၏ဆိုတဲ့ လက်သုံး စကားကို လုပ်ငန်း လမ်းညွှန် အဖြစ် အမြဲ နှလုံးသွင်းထား ကြရမှာဖြစ်လို့ သုံးစွဲ သူကို စော်ကား တဲ့ ဖြစ်ရပ် မျိုးတွေ ကင်းဝေး သွားမယ် လို့ မျှော်လင့် ရပါတယ်။

    အခွင့်အလမ်း ကောင်းများ ရရှိ

    တစ်ခုတော့ ရှိပါတယ်။ ပုဂ္ဂလိက က လွှဲပြောင်း ယူတဲ့အခါ ဒီလူတွေ နဲ့ ပဲ ဆက် စခန်း သွားကြ မလား ဆိုတာ ပါ။ “လူ” ကတော့ တကယ်တမ်း အဓိ ကမကျပါဘူး။ ပုဂ္ဂလိကက ကိုင် တွယ်ခွင့် ရလာမယ့် တစ်နေ့ ကျရင် နိုင်ငံခြား ကဆီဆိုင် တွေမှာလို ကိုယ့် ဆီဆိုင်မှာ ဆီ လာထည့်တဲ့ ကားကို မျက်နှာ သုတ်ပ၀ါ ငယ်လေး တွေကမ်း တာ၊ ရေသန့်ဘူး ပေးတာ၊ ကားဆီ ထည့်ရင် ကားရေ ဆေးပေး မယ်ဆို တဲ့ မက်လုံး ဆွဲဆောင် မှုတွေ အပြိုင် အဆိုင် ချိုသာ သွားမယ့် သဘောတွေ လည်း ရှိနေပါတယ်။ ကမ္ဘာ သုံးဆီ အမျိုးအစား ပေါင်းစုံကို သတ်မှတ် ထားတဲ့ ဈေးနှုန်း ဘောင်ထဲက စား သုံးသူတွေရဲ့ ၀ယ်ယူ သုံးစွဲနိုင်မယ့် အခွင့် အလမ်း ကောင်း တွေလည်း ကြံကြိုက် လာနိုင်ပါတယ်။ ဓာတ်ဆီ ဆိုပြီးရော၊ ဒီဇယ်ဆီ ဆိုပြီးရော တစ် မျိုးတည်း သုံးစွဲနေရတဲ့ အခြေအနေ မျိုးကနေ ကိုယ် စီးတဲ့ ကားနဲ့ လိုက် ဖက်တဲ့ ကိုယ်သုံး လို့ရတဲ့ အသုံးနဲ့ကိုက် တဲ့ဆီ အမျိုးအစားတွေ ၀ယ်ယူ သုံးစွဲ နိုင်ခွင့် တွေလည်း တစ်နေ့မှာ ကြုံ ကြိုက်လာဖို့ မျှော်လင့် ထားနိုင်ပါ တယ်။ အလျော့ အပြုပြဿနာက ကင်းတဲ့ ပြည်ပနိုင်ငံက ဆီဆိုင်တွေလို ကိုယ်တိုင် ပင် ပန့်ကိုင် ထည့်တဲ့စနစ် တွေ၊ စက်တွေလည်း ၀င်လာဖွယ် မျှော်လင့် ထားနိုင်တယ်။

    မှောင်ခို ပပျောက်သွားမည်

    ပုဂ္ဂလိက ပိုင်းကသာ ကျယ်ကျယ် ပြန့်ပြန့် ကိုင်တွယ် လာနိုင်ရင် စက် သုံးဆီ မှောင်ခို ရောင်းဝယ်ရေး လောက ပျောက်သွား နိုင်တယ်။ လမ်းဘေး တောက်လျှောက်က ပုံးထောင် တရား မ၀င် ရောင်းချ နေတဲ့ ဆိုင်လေး တွေ ပပျောက်သွားနိုင်။ မီးရေး ထင်းရေး အန္တရာယ် အတွက်လည်း အေးသွား နိုင်ပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် ဖိ လုပ်နိုင်ရင် တရားမ၀င် မှောင်ခိုရောင်း ၀ယ်ရေး ယန္တရားဟာ ဘယ်လို ပုံစံနဲ့မှ အရေးယူ ဖမ်းဆီး စရာမလိုဘဲ သူ့ အလိုလို ပျောက်သွား နိုင်တဲ့အခြေ အနေပါ။ ဆီဆိုင် ဈေးဘယ်လောက် လဲ၊ အပြင်ဈေး ဘယ်လောက်ပေါက် နေသလဲဆိုတာ အနာဂတ် မှာမေးဖို့ မလိုတော့ တဲ့ မေးခွန်းတွေ ဖြစ်သွားပါ လိမ့်မယ်။ ပြင်ပမှာ မှောင်ခို ရောင်း ၀ယ်ရေး လုပ်ငန်း တွေ ဖြစ်ထွန်း လာရ တာဟာ အကန့် အသတ် တွေ ပိတ်ဆို့ တားမြစ်ချက် တွေလိုရင်လို သလောက် မဖြည့်ဆည်း နိုင်မှုတွေ ပေါ်အခြေခံ ပါ တယ်။ လိုတာ ကို လိုသလောက် ဘာအကန့်အသတ်မှ မထားဘဲ သင့် တင့် လျှောက်ပတ်တဲ့ ဈေးနှုန်းနဲ့ ရောင်း ချပေး နိုင်ခဲ့ရင် မှောင်ခို ရောင်းဝယ် ရေး ဆိုတာ ဖြစ်ထွန်း လာစရာ ဘာအ ကြောင်းမှမရှိပါဘူး။ မလွဲသာ လို့ ကိုယ့် အသုံးဟာ များပြီး ဆီမလောက် ငလို့ လမ်းဘေးဆိုင် တွေက ၀ယ်သုံးကြ ရရင်လည်း မော်တော်ယာဉ် ပိုင်ရှင် တွေဟာ ဆီသန့်မှ သန့်ရဲ့လား၊ ပြည့် မှပြည့်ရဲ့လား၊ ဘာတွေများ ရော ထားသလဲ ဆိုတဲ့ သံသယ တွေနဲ့ဝယ် ယူသုံးစွဲခဲ့ ကြရတာပါ။ ဆီဆိုင်က ရောင်းချလာတဲ့ ဆီလောက်တော့ ဘယ်ဟာမှ စိတ်မချ ရပါဘူး လို့တောင် ယာဉ်ပိုင်ရှင် တွေ ထင်မြင် ခဲ့ကြပါ တယ်။ကိုယ့်ကားလို သလောက်ရောက် တဲ့ အရပ်မှာ ၀င်ထည့်ခွင့် တွေရလာခဲ့ ရင် ဒီပြဿနာတွေ ဟာလည်း အေး သွားမှာဖြစ်ပါတယ်။

    ပုဂ္ဂလိက လုပ်ငန်းရှင်တိုင်း လုပ်နိုင်

    ပုဂ္ဂလိက စက်သုံးဆီ ဖြန့်ချိရောင်း ၀ယ်ရေးကို တရားဝင် နိုင်ငံခြားငွေ ရရှိထားတဲ့ လုပ်ငန်းရှင်တွေက လုပ် ဆောင်ခွင့် ရကြတော့ မယ်ဆိုတဲ့ သ တင်း စကားကြောင့် ပုဂ္ဂလိ က စက်သုံး ဆီ ဖြန့်ချိ ရောင်းဝယ်ရေးကို လုပ်ပိုင် ခွင့် ပေးတဲ့နေရာမှာ တရားဝင် နိုင်ငံ ခြားငွေ ရရှိထား သူတိုင်း လုပ်ကိုင်လို က လုပ်ကိုင် ခွင့်ပြုဖို့ လည်း လိုပါလိမ့် မယ်။ တစ်ဦး တစ်ယောက် တည်းကို လုပ်ပိုင်ခွင့် ပုံအောပြီး ချပေးတာမျိုး လည်း မဖြစ် သင့်ပါဘူး။ ပုဂ္ဂလိက တစ် ဦးတည်းပိုင် ဖြစ်သွားရင် အခက်တွေ့ ကြရမှာက ဈေးကွက် ကိုမောင်ပိုင်စီး (monopoly) လုပ်သွား နိုင်တဲ့အဖြစ် မျိုး တွေရှိ လာနိုင်ပါတယ်။ ဈေးကွက် စီးပွားရေးရဲ့ သဘော သဘာဝကိုက ပြိုင်ဆိုင်မှု ပေါ်အခြေခံ ပါတယ်။ အ ချင်းချင်း ပြိုင်ဆိုင်မှု ကနေ စားသုံးသူ တွေ အဆင်ပြေစေ တဲ့စနစ်မျိုး ပါ။ ဘာ ပဲလုပ်လုပ် စားသုံးသူ တွေ အဆင် ပြေ ရေးကို ဦးစားပေး ကြရမှာပါ။ ပုဂ္ဂ လိက ပိုင်ဝင်လာ ရင်တော့ အရင် ကထက် ပို အဆင်ပြေ လာမှာပဲလို့ တော့ သုံးစွဲသူ အများစုက အကောင်း မြင် မျှော်လင့်နေ ကြပါတယ်။

    ဟံသာထွန်း

    Share
    This entry was posted on Wednesday, February 3rd, 2010 at 2:18 pm and is filed under ခေါင်းကြီးသတင်းများ, မြန်မာနိုင်ငံရေးရာ. You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.
  • comment တွေ ရေးသားဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။ comment တွေကို web admin က moderate အရင် ပြုလုပ်မှာဖြစ်တာကြောင့် ချက်ချင်း မပြပေးနိုင်တာကို တော့ နားလည် ပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
  • 0 Comments

    Take a look at some of the responses we've had to this article.

    1. conalin
      Feb 7th

      ဆီဆိုင်ဝန်ထမ်းတွေ အပြင်မှာလုပ်စားတတ်ပါ့မလား

    2. Web Admin
      Feb 8th

      သူတို့ လည်း တစ်ခောတ် ကုန်သွားပြန်ပြီပေါ့။ :D

  • Leave a Reply

    Let us know what you thought.

  • Name (required):

    Email (required):

    Website:

    Message:

PHVsPjxsaT48c3Ryb25nPndvb19hYm91dDwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzE8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX2ltYWdlXzI8L3N0cm9uZz4gLSAvaW1hZ2VzL2FkLmdpZjwvbGk+PGxpPjxzdHJvbmc+d29vX2FkX3VybF8xPC9zdHJvbmc+IC0gaHR0cDovL2V4YW1wbGUuY29tPC9saT48bGk+PHN0cm9uZz53b29fYWRfdXJsXzI8L3N0cm9uZz4gLSBodHRwOi8vZXhhbXBsZS5jb208L2xpPjxsaT48c3Ryb25nPndvb19hbHRfc3R5bGVzaGVldDwvc3Ryb25nPiAtIGRlZmF1bHQuY3NzPC9saT48bGk+PHN0cm9uZz53b29fYXJjaGl2ZXM8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19hdXRvX2ltZzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fYmlvPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTA8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xMTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzEyPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMTM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF8xODwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzIwPC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMjQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfMzwvc3Ryb25nPiAtIGZhbHNlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF80PC9zdHJvbmc+IC0gdHJ1ZTwvbGk+PGxpPjxzdHJvbmc+d29vX2NhdF9taWRfNTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzY8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X21pZF83NDwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19jYXRfbWlkXzg8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX2hlaWdodDwvc3Ryb25nPiAtIDc2PC9saT48bGk+PHN0cm9uZz53b29fY2F0X3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjA3PC9saT48bGk+PHN0cm9uZz53b29fY3VzdG9tX2Nzczwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX2N1c3RvbV9mYXZpY29uPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZW1haWw8L3N0cm9uZz4gLSA8L2xpPjxsaT48c3Ryb25nPndvb19leGNsdWRlX2NhdHM8L3N0cm9uZz4gLSB0cnVlPC9saT48bGk+PHN0cm9uZz53b29fZmVhdHVyZWRfY2F0ZWdvcnk8L3N0cm9uZz4gLSAmYWFjdXRlOzwvbGk+PGxpPjxzdHJvbmc+d29vX2ZlZWRidXJuZXJfdXJsPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2VudHJpZXM8L3N0cm9uZz4gLSBTZWxlY3QgYSBudW1iZXI6PC9saT48bGk+PHN0cm9uZz53b29fZmxpY2tyX2lkPC9zdHJvbmc+IC0gPC9saT48bGk+PHN0cm9uZz53b29fZ29vZ2xlX2FuYWx5dGljczwvc3Ryb25nPiAtIDxzY3JpcHQgdHlwZT1cInRleHQvamF2YXNjcmlwdFwiPg0KdmFyIGdhSnNIb3N0ID0gKChcImh0dHBzOlwiID09IGRvY3VtZW50LmxvY2F0aW9uLnByb3RvY29sKSA/IFwiaHR0cHM6Ly9zc2wuXCIgOiBcImh0dHA6Ly93d3cuXCIpOw0KZG9jdW1lbnQud3JpdGUodW5lc2NhcGUoXCIlM0NzY3JpcHQgc3JjPVwnXCIgKyBnYUpzSG9zdCArIFwiZ29vZ2xlLWFuYWx5dGljcy5jb20vZ2EuanNcJyB0eXBlPVwndGV4dC9qYXZhc2NyaXB0XCclM0UlM0Mvc2NyaXB0JTNFXCIpKTsNCjwvc2NyaXB0Pg0KPHNjcmlwdCB0eXBlPVwidGV4dC9qYXZhc2NyaXB0XCI+DQp0cnkgew0KdmFyIHBhZ2VUcmFja2VyID0gX2dhdC5fZ2V0VHJhY2tlcihcIlVBLTE2NjE2MDctMTJcIik7DQpwYWdlVHJhY2tlci5fdHJhY2tQYWdldmlldygpOw0KfSBjYXRjaChlcnIpIHt9PC9zY3JpcHQ+PC9saT48bGk+PHN0cm9uZz53b29faG9tZV9wb3N0czwvc3Ryb25nPiAtIDM8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9kaXNhYmxlPC9zdHJvbmc+IC0gZmFsc2U8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV9oZWlnaHQ8L3N0cm9uZz4gLSAxNzM8L2xpPjxsaT48c3Ryb25nPndvb19pbWFnZV93aWR0aDwvc3Ryb25nPiAtIDIzMDwvbGk+PGxpPjxzdHJvbmc+d29vX2xvZ288L3N0cm9uZz4gLSBodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWY8L2xpPjxsaT48c3Ryb25nPndvb19tYW51YWw8L3N0cm9uZz4gLSBodHRwOi8vd3d3Lndvb3RoZW1lcy5jb20vc3VwcG9ydC90aGVtZS1kb2N1bWVudGF0aW9uL29wZW4tYWlyLzwvbGk+PGxpPjxzdHJvbmc+d29vX3Jlc2l6ZTwvc3Ryb25nPiAtIHRydWU8L2xpPjxsaT48c3Ryb25nPndvb19zaG9ydG5hbWU8L3N0cm9uZz4gLSB3b288L2xpPjxsaT48c3Ryb25nPndvb19zaG93X2Jsb2c8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RoZW1lbmFtZTwvc3Ryb25nPiAtIE9wZW4gQWlyPC9saT48bGk+PHN0cm9uZz53b29fdGhlX2NvbnRlbnQ8L3N0cm9uZz4gLSBmYWxzZTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX2hlaWdodDwvc3Ryb25nPiAtIDE0NTwvbGk+PGxpPjxzdHJvbmc+d29vX3RodW1iX3dpZHRoPC9zdHJvbmc+IC0gMjE4PC9saT48bGk+PHN0cm9uZz53b29fdHdpdHRlcjwvc3Ryb25nPiAtIDwvbGk+PGxpPjxzdHJvbmc+d29vX3VwbG9hZHM8L3N0cm9uZz4gLSBhOjI6e2k6MDtzOjYzOiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzUtbG9nby5naWYiO2k6MTtzOjY1OiJodHRwOi8vd3d3LnRoZW15YW5tYXJwb3N0LmNvbS93cC1jb250ZW50L3dvb191cGxvYWRzLzQtMy1sb2dvLmdpZiI7fTwvbGk+PGxpPjxzdHJvbmc+d29vX3ZpZGVvX3Bvc3RzPC9zdHJvbmc+IC0gU2VsZWN0IGEgbnVtYmVyOjwvbGk+PGxpPjxzdHJvbmc+d29vX3ZpZHBhZ2U8L3N0cm9uZz4gLSBTZWxlY3QgYSBwYWdlOjwvbGk+PC91bD4=