မကြာမီက ငှားရမ်း သုံးစွဲခွင့် ချထား ပေးခဲ့သည့် ငါးသိန်းတန် CDMA 800 MHz ဖုန်းများတွင် ထည့်သွင်း အသုံးပြု ရမည့် ဖုန်းပြောဆို Top Up ကတ်များ ကို သတ်မှတ် ထားသည့် ဈေးနှုန်း အတိုင်းသာ ရောင်းချမည် ဟု အဆိုပါ ကတ်များ ရောင်းချလျက် ရှိသည့် Elife Tech IT Services Company Limited က ပြောကြား ခဲ့ကြောင်း သိရသည်။
ဖုန်းဆက် သွယ်ခ ကြိုပေး စနစ် တစ်ခုဖြစ်သည် FEC 20 တန် GSM ကဒ်များမှာ ဈေးကွက် တွင် သုံးစွဲသူ များပြား သဖြင့် မူရင်း သတ်မှတ်နှုန်း ထက် ဈေးမြင့်လျက် ရှိသော်လည်း လက်ရှိ ငါးသိန်းတန် CDMA 800 MHz များ၏ Top Up ကတ်များကို မူရင်း သတ်မှတ် ထားသည့် နှုန်းထား အတိုင်း သာ ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။
Elife Tech ၏ ပြောကြားချက် အရ အဆိုပါ Top Up ကဒ်များကို ကုမ္ပဏီ အရောင်း ဆိုင်ခွဲ များတွင်သာ ရောင်းချ ပေးမည်ဖြစ်ပြီး တခြားဆိုင် များသို့ တစ်ဆင့် ပြန်လည် ရောင်းချခြင်း မရှိကြောင်း အရောင်း ဆိုင်ခွဲ များ ကိုလည်း မကြာမီ ထပ်မံ ဖွင့်လှစ် ရောင်းချ ပေးမည် ဖြစ်ကြောင်း သိရသည်။ ထို Top Up ကတ်များကို အမျိုးအစား လေးမျိုး ခွဲခြား ထားပြီး နှစ်မျိုးမှာ FEC ဖြင့်ဝယ်ယူ ရမည့် ကတ်များ ဖြစ်သည်။
ငါးသိန်းတန် CDMA 800 MHz ဖုန်းမှာ အထိုင်ဖုန်းအပြင် ဟန်း ဆက် များဖြင့်ပါ အသုံးပြု၍ ရနေသဖြင့် သုံးစွဲ သူများ အကြိုက်တွေ့လျက် ရှိပြီး မြို့နယ် အလိုက်သာ ကန့်သတ် အသုံးပြု နိုင်မည်ဟု ဆိုသော် လည်း လက်ရှိတွင် သတ်မှတ် မြို့နယ် ပြင်ပတွင်ပါ အသုံးပြု၍ ရနေကြောင်း ငှား ရမ်း သုံးစွဲသူ များ ထံက သိရသည်။
News Image
Share


