ဂျုံနှင့် ပဲမျိုးစုံတို့ ရိတ်သိမ်းပြီး အင်ဂျင်စက်ကို အသုံး ပြု၍ ခုတ်ဖြတ်စက် နှင့် ချွေလှေ့စက် တို့ အသုံး ပြုခြင်း ကြောင့် နာရီပိုင်း အတွင်း တင်းချိန် များစွာ ပြီးစီး ကြောင်း သိရသည်။ “အင်ဂျင် ကတော့ တရုတ်ကနေ တင်သွင်း တယ်။ မြင်းကောင်ရေ ၂၂ ကောင် အား၊ ခုတ်ဖြတ်စက် နဲ့ ခြွေလှေ့ စက် ကတော့ ပြည်တွင်း စက်မှုဇုန် တွေက ထုတ်လုပ် တာဖြစ်ပါတယ်။ ခုတ်ဖြတ် တာရော ခြွေလှေ့ တာရော အင်ဂျင် တစ်လုံး တည်းနဲ့ တစ်ပြိုင်တည်း အသုံး ပြုနိုင်တယ်။ ဒီဇယ် တစ်ဂါလန်ကို သုံးနာရီ လောက် အသုံး ပြုနိုင်တယ်။ ဂျုံဆိုရင် တစ်နာရီကို တင်းချိန် ခုနစ် တင်းပြီးတယ်၊ ကုလားပဲဆိုရင်တော့ ၁၄ တင်း ပြီးတယ်။ ပဲပုပ်၊ စားတော်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်း၊ ပဲယင်း တွေကို ခုတ်ဖြတ် ခြွေလှေ့ နိုင်တယ်” ဟု ဒေသခံ ကိုခင်ဇော်က ရှင်း ပြသည်။
ကောင်းပြည့်(မန်း)
Share


