မြန်မာနိုင်ငံ သစ်တော မိတ် ဆွေများ အသင်းက ကမ္ဘာလှည့် ခရီး သည် များ ထံမှ လှူဒါန်း သောငွေ များဖြင့် သစ်ပင် စိုက်ပျိုးပေးနေ ကြောင်း အဆိုပါအသင်း မှတာဝန် ရှိသူ တစ်ဦးကပြောသည်။
ကမ္ဘာလှည့် ခရီးသည် များ ထံမှ လှူဒါန်း သော ငွေများအ တွက် စုဘူး များကို အသင်းမှ ရန် ကုန်မြို့ ဟိုတယ် ကြီးများရှိ ကောင် တာ များတွင် ထားရှိ ပေးထားကာ ယင်း စုဘူးများ တွင် ထည့်ဝင်လှူ ဒါန်းသော ငွေများအား ပုဂံတွင် သစ်ပင် များကို စိုက်ပျိုး ပေးနေ ကြောင်း သိရသည်။
“ပုဂံဒေသနဲ့ ကိုက်ညီတဲ့ အပင် များကို စိုက်ပေး ထားပါတယ်။ တမာ၊ ရှား၊ ကုက္ကို၊ ယူကလစ် အပင်များကို စိုက်ပျိုး ပေးနေပါ တယ်” ဟု တာဝန်ရှိ သူက ပြော သည်။
ရန်ကုန်မြို့ရှိ Traders Hotel, Sedona Hotel, ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်၊ Strand Hotel, Summit Park-view Hotel တို့၏ ကောင်တာ များတွင် စုဘူး များကို ထားရှိကာ ကမ္ဘာ လှည့် ခရီးသည် တစ်ဦးလျှင် တစ် ဒေါ်လာ ကောက်ခံ ကြောင်း သိရ သည်။
အဆိုပါ စီမံချက်ကို ၂၀၀၀ ပြည့်နှစ် ကတည်းက စတင် ဆောင် ရွက် နေရာ ယနေ့ အချိန်ထိ ဆောင် ရွက် နေကြောင်း သိရသည်။ ကမ္ဘာ လှည့် ခရီးသွား များထံမှ ရရှိသော ငွေများဖြင့် ပုဂံတွင် ၁၀ ဧက စိုက်ပျိုး ပေးထားပြီ ဖြစ်ကြောင်း၊ ထို့ ပြင် လူမှုရေး လုပ်ငန်း များကိုလည်း ဆောင်ရွက် ပေးလျှက် ရှိသည်။ ယခုအခါ ပုဂံတွင် အပင် ငါးသောင်း စိုက်ပျိုး ပေးထားပြီး ဖြစ်ကြောင်း သိရသည်။
YYH
Share


