ဥက္ကဋ္ဌ ဦးလှတင်ထွန်း
မြန်မာ့ အနုပညာနှင့် ပန်းပု အရောင်း ပွဲ တော်မှ ပန်းပု အနုပညာ လက်ရာ များနှင့် စပ်လျဉ်း ၍ မြန်မာနိုင်ငံ ရိုးရာ ပန်းပညာရှင်များ အစည်း အရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလှတင်ထွန်း က ပြောကြား ရာတွင် “အခု ဒုတိယ အကြိမ်မှာ ပန်းပု ပြိုင်ပွဲ လည်း ပါတယ်။ တစ်မျိုးက စိတ်ကြိုက် လက်ရာပြိုင်ပွဲ၊ နောက်တစ်မျိုး က မော်ဒန် လက်ရာ ပြိုင်ပွဲ၊ အချိန် တစ်လ လောက် ပေးပြီး ထု ခိုင်း တာပေါ့။ ဒီပွဲနဲ့ ပတ်သက်လို့ အရည် အသွေး ပိုင်းကို ပြောရရင် မြန်မာပြည်မှာ ရှိတဲ့ ပန်းပု ပညာရှင် အကျော် အမော် အကုန်ပဲ။ အထူး သဖြင့် ဒါးပိန်က သစ် သား ပန်းပု ပညာရှင် တွေပါကြတယ်။ ဒါးပိန် က သစ်သား ပန်းပု ပညာရှင် တွေက ခန္ဓာဗေဒ ကျွမ်း ကျင် ကြတယ်။ လက်ရာလည်း ကောင်းတယ်။ အဆင့်အတန်း လည်းမြင့်တယ်။ သစ်သား ပန်းပု ထဲမှာ တော့ အဆင့်အမြင့် ဆုံးပဲ။ နိုင်ငံတကာ အဆင့်ကို တောင်ကျော် သွားနိုင်တယ်။ ဘာ ကြောင့် လဲဆိုတော့ ကျွန်တော် တို့က ရိုးရာကို အခြေခံ တာကိုး။ နိုင်ငံ တကာကို ကျော်တာ မော် ဒန် လက်ရာ အနေနဲ့ ကျော်တာ။ ကျွန်တော် တို့က ရိုးရာ သစ်သား ထုတယ်။ ရိုးရာ ပန်းပု ဆရာတွေရဲ့ လက်ရာ တွေဟာ ကမ္ဘာ့ အဆင့်မီ တယ်”ဟု ပြော ကြားသည်။
အတွင်း ရေးမှူး ဦးကြည်ဝင်း (တူဒေး)
ဆက်လက်၍ မြန်မာ နိုင်ငံရိုးရာ ပန်းပုပညာ ရှင်များ အစည်းအရုံး အတွင်းရေးမှူး ဦးကြည်ဝင်း (တူဒေး) က ပြောကြားရာတွင် “လက်ရာ အားဖြင့် မြန်မာ ပြည်မှာ ပထမဆုံး ပြသတဲ့ ပွဲပဲ။ ဒီလို အင်နဲ့ အားနဲ့ ထုနဲ့ ထည်နဲ့ ဒီလို သစ် သား ပန်းပု လက်ရာ တွေဟာ အကြီးမား ဆုံးနဲ့ အများပြား ဆုံး တွေ့ရတာ ပေါ့။ လက် ရာပိုင်း လည်း အစုံ ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အကဲဖြတ် ရ ရင် လက်ရာ တွေဟာ ကောင်းပါတယ်။ ခန္ဓာဗေဒနဲ့ ထုဆစ် ထားပုံတွေဟာ နိုင်ငံတကာ စံချိန်မီ ပါတယ်။ ကျွန်တော် တို့လည်း နိုင်ငံတကာ အအရုပ် တွေကို တွေ့ နေတာ ပဲ။ သစ်သား အနေနဲ့ မြန်မာတွေက တော်တော် ကျွမ်းကျွမ်းကျင်ကျင် ထုနိုင်တဲ့ အနေ အထား မျိုးကို တွေ့ပါတယ်။ လက်ရာ ကောင်း သလို စိတ်ကူးလည်း ကောင်းတယ်။ ဒါပညာရှင် တွေ အတွက် အခွင့်အလမ်း တစ်ခုပဲ။ ကုန်ကြမ်း ပေါပေါ များများ နဲ့ထုဖို့ ဒီလို အခွင့်အလမ်း မျိုး ဟာ ကျွန်တော်တို့ ဆီမှာ သာမက ကမ္ဘာမှာ မရ နိုင်ဘူး။ ခုလို ရလိုက်တဲ့ အခွင့်အလမ်း ကိုမြန်မာ ပန်းပု ပညာရှင် တွေက ပိုင်ပိုင်နိုင်နိုင် အသုံးချ နိုင် ကြပါတယ်။ ဒီလို ကြီးမားတဲ့ အရွယ်မျိုး ထုနိုင်ဖို့ အခွင့်အလမ်း ဆိုတာ ဘယ်မှာမှ မကြုံနိုင်ပါဘူး။ နိုင်ငံတကာ ပညာရှင်တွေ လာကြည့် တော့လည်း တစ်အံ့တစ်သြပဲ။ ဒီလောက် ကြီးမားတဲ့ ရုပ်တုတွေ ထုဖို့သစ်ကို ဘယ်မှာမှ မရနိုင်ဘူး၊ ဘယ်မှာမှ မဖြစ်နိုင်ဘူး”ဟု ပြောကြားသည်။
ပန်းမြိုင်လယ်
မြန်မာ့ အနုပညာ နှင့် ပန်းပု အရောင်းပွဲ တော်ကို ဇန်န၀ါရီ ၂၅မှ ဖေဖော် ၀ါရီ ၃ ရက်အထိ ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာ လမ်းသစ်နှင့် ဆရာစံ လမ်းထောင့် ဆရာစံ ပလာဇာ၌ ကျင်းပ ခဲ့ရာ ကြည့်ရှု လေ့လာသူ ပရိသတ်များ စည်ကား ပြီး သစ်သား ပန်းပုရုပ်တု အစုံ ပန်းမြိုင်လယ်ကြီး အတွင်း ရောက်ရှိ သွားသလို တွေ့မြင် ခံစားရ သည်။
ဒေါ်ဝင်းစိန်
မြန်မာ့ အနုပညာ နှင့်ပန်းပု အရောင်း ပွဲတော် ပြန်ကြား ရေးနှင့် သတင်း ထုတ်ပြန်ရေး ဆပ်ကော် မတီမှ ဒေါ်ဝင်းစိန် (ဒုတိယ အထွေထွေ မန်နေဂျာ)အား တွေ့ဆုံ မေးမြန်းခဲ့ ရာ -
ပြည်တွင်း ပန်းပု ပြပွဲ မျိုးစုံ လေ့လာခဲ့ဖူးပါ တယ်။ ဒါပေ မဲ့ ခုလို လက်ရာ အစုံလင်ဆုံး ပစ္စည်း အားဖြင့်အထူးခြား ဆုံး၊ အနု ပညာ လက်ရာ အားဖြင့်အဆင့်အမြင့်ဆုံး၊ ဈေးကွက် အကျယ် ပြန့်ဆုံး၊ တိုင်းပြည် အတွက် ဂုဏ်ယူစရာ အကောင်း ဆုံး ပြပွဲဖြစ် တယ်လို့ ကျွန်တော် ထင်မြင် ယူဆပါတယ်။ ဒီအမြင်နဲ့ပတ်သက်လို့ ဘယ်လို သဘောရပါသလဲ။
မြန်မာ့ အနုပညာနဲ့ ပန်းပု အရောင်းပွဲတော် ပေါ့။ ပထမ အကြိမ်ကို ၂၀၀၉ခုနှစ်က ကျင်းပခဲ့ ပါတယ်။ အခု ဒုတိယအကြိမ်ပါ။
ဒါလောက် များပြားပြီးတော့ အနုပညာ လက်ရာ မြန်မာ့ ပန်းပု ပညာရှင် တွေရဲ့ ပညာစွမ်း ဖော်ထုတ် နိုင်တဲ့ပွဲ လို့လည်း ပြောလို့ ရပါတယ်။ ကျွန်မတို့ အမြင်နဲ့ ကျွန်မတို့ သိရ သလောက် လည်း နိုင်ငံတကာ နဲ့ယှဉ် ပြောရင် မရှိ သလောက် ပါပဲ။ ဒါလောက် အများကြီး လုပ်နိုင် တဲ့ပွဲ၊ ဒါ လောက် စုံတဲ့ပွဲ မရှိ သလောက်ပါပဲ။ အမျိုး အစားစုံ သလို ပန်းပု လက်ရာလည်း များတယ်။ များသလို လည်း လက်ရာ ပြောင်မြောက် တယ်။ ကမ္ဘာမှာ နိုင်ငံတကာ နဲ့ ယှဉ်ရင် ဒီပွဲဟာ အကြီးဆုံး ပွဲဖြစ် တယ်လို့ ထင်ပါတယ်။
ဂုဏ်ယူစရာ ကောင်းတဲ့ဒီပွဲကြီးကို ပြသနိုင်တဲ့အတွက် ၀မ်းသာ ပါတယ်။ တိုင်းပြည်နဲ့ လူမျိုး အတွက် လည်း ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ထုလုပ် ထားတဲ့သစ်သား ပစ္စည်းတွေက ဘယ်က ပစ္စည်းတွေဖြစ်ပါသလဲ။
၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်းနဲ့ ပြိုလဲသွားတဲ့ သစ်ပင် တွေရဲ့အမြစ်ဆုံ၊ အတုံး တွေဖြစ်ပါတယ်။ ထင်း လောင် စာ အဖြစ် အလဟဿ ဖြစ်သွားမယ့် အစား တန်ဖိုးရှိရှိ ဖြစ်အောင် စီမံ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီလို လုပ်ဖို့ အခွင့်အရေး ဟာ ရှား တယ်လေ။ သစ်သား ရှိမှ ထုလုပ်လို့ ရတာဖြစ် ပါတယ်။ ပန်းပု ပညာရှင်တွေ အဖို့ ပညာစွမ်း ပြခွင့် ရသလို သူတို့အတွက် ၀င်ငွေလည်း အများကြီးရပါ တယ်။
ထုလုပ်တဲ့ပန်းပညာရှင် တွေက ဘယ်ကပါလဲ။ ဘယ်နေရာ တွေမှာ ထု လုပ်ကြပါသလဲ။
ရန်ကုန် တိုင်း အတွင်းရှိ ပန်းပုပညာရှင်များ၊ ဒါးပိန်းမြို့ မှပန်းပုပညာရှင်များ၊ မန္တလေး တိုင်းအတွင်းရှိ ပန်းပု ပညာရှင် များ၊ ရခိုင် ပြည်နယ်မှ ပန်းပု ပညာရှင် များဖြစ်ပါတယ်။ စုစု ပေါင်းပန်းပုအဖွဲ့၆၁ဖွဲ့ဖြစ်ပြီး အဖွဲ့ခေါင်းဆောင် များနှင့် အဖွဲ့သား စုစုပေါင်း ၂၀၀ လောက် ရှိပါတယ်။
ပန်းပု ထုလုပ်တဲ့ လုပ်ငန်း နေရာများ ကတော့ ပြည် သူ့ဥယျာဉ်၊ သာကေတ ရှုခင်း သာ၊ မြောက်ဒဂုံနဲ့ ဆရာစံ ပလာဇာ ၀င်းအတွင်း လေးနေရာ ဖြစ်ပါတယ်။
ဒီပစ္စည်း တွေကို ထုလုပ်ရာမှာ အချိန် ဘယ်လောက် ယူရ ပါသလဲ။
ပထမ အကြိမ် ပွဲကတည်းက တောက်လျှောက် ထုလုပ် လာတာပါ။ ပြီး သမျှဒီမှာ ပြထားတာ ဖြစ်ပါ တယ်။ အခုလည်း ဆက်ထု နေပါတယ်။
ထုလုပ် ပြသထားတဲ့ ပန်းပု လက်ရာ အမျိုးအစား တွေနဲ့ ပြသတဲ့အရေ အတွက်ကို ပြောပါဦး။
ဘာသာရေး ဆိုင်ရာ ရုပ်တုနှင့် ကားချပ်များ၊ ရှေးခေတ် ဟန်လက်ရာ ရုပ်တုများ၊ တိုင်းရင်းသား ရိုးရာ ဟန်ရုပ် တုများ၊ ကျေးလက် ဟန်ရုပ်တုများ၊ တိရစ္ဆာန် အမျိုး မျိုး ရုပ်တုများ၊ အရှေ့တိုင်း၊ အနောက်တိုင်း ဟန် ရုပ်တု များ၊သစ်မြစ် ဆုံ ပုံဖော်ခြင်း များ၊ သစ်ခြမ်း ပြားစားပွဲ၊ ထိုင်ခုံ၊ ပရိဘော ဂများ၊ လူဟန် တိရစ္ဆာန် ဟန် မော်ဒန် ရုပ်တု များဖြစ်ပါတယ်။ ပြသ ထားတဲ့ရုပ် တု စုစုပေါင်း ၂,၀၀၀ ကျော်ရှိ ပါတယ်။
ရောင်းချ တဲ့ပုံစံက ဘယ်လိုပါလဲ။
ပြည်တွင်း အရောင်း ကတော့ မြန် မာကျပ်ငွေ ပေါ့နော်။ ပြည်ပ အရောင်းက ဒေါ်လာပေါ့။ ကြိုက်ရောင်း ကြိုက်ဝယ် သဘော ဖြစ်ပါတယ်။ အောက်ဈေး တော့ သတ်မှတ် ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာမှာ တရုတ် ပေကျင်းကို ပို့တာ သက်ဆိုင်ရာ ကခွင့် ပြုပြီး ရုပ်တု ၈၀၀ ကျော် တင်ပို့ခွင့် ရ ထားပါတယ်။ ရုပ်တု ၁၅၀ စပို့ ပြီးသွားပြီ။ အနိမ့်ဆုံး ဈေးသုံးဒေါ်လာ၊ လေးဒေါ်လာ ကနေ အမြင့်ဆုံး ဈေး ဒေါ်လာ ၅၀၀ အထိ ဖြစ် ပါတယ်။
အခုပြပွဲမှာ ပြထားတာနဲ့ပတ်သက်လို့ ကြီးတဲ့ အပေါ် နဲ့ လက်ရာပေါ်မူတည်ပြီး ဈေး မြင့်သွား မှာပေါ့နော်။
နောက်ပွဲတွေ ဆက်ပြနိုင်ဖို့ အခြေအနေနဲ့ အလားအလာ ရော ဘယ်လို ရှိပါသလဲ။
ကုန်ကြမ်း သစ်သား ပစ္စည်းတွေ ရှိနေပါ သေးတယ်။ ပြခန်းကိုလည်း စဉ်ဆက်မပြတ် ဒီမှာ ထားပေးမှာပါ။
ဒီလက်ရာ ၀ယ်သွားတဲ့ နိုင်ငံခြား သားတွေဟာ ဘယ်လိုထင်မြင် ပြောဆိုပါသလဲ။
သူတို့က တော်တော် သဘောကျကြပါ တယ်။ အရှေ့တိုင်း သားတွေက ပိုပြီးသဘော ကျပါတယ်။
မြန်မာပို့စ်
Share

ပန်းပုတွေကိုရောင်းမဲ့ အစားပြတိုက်လုပ်ပြီးပြဖို့ကောင်းပါတယ်
ဘာလို့လဲဆိုတော့ ဒီလိုအရွယ်အစားကြီးမားတဲ့သစ်ပင် ဟာရှားပါးနေပြီလေ ပြီးတော့နာဂစ်အမှတ်တရပေါ့
ဒါလည်း ကောင်းတဲ့ အကြံ တစ်ခုပဲဗျ။