ပင်လောင်း မြို့နယ်၊ ဆည်ခေါင်း ကျေး ရွာ၌ ပထမဆုံး အကြိမ် တောင်ရိုး တိုင်းရင်း သား များ၏ ယဉ်ကျေးမှု စုံညီ ပွဲတော်ကို ဖေဖော်ဝါရီ ၁၄ရက်နှင့် ၁၅ရက် တွင် ကျင်း ပ ခဲ့ရာ တောင်ရိုး တိုင်းရင်းသား များ ပျော်ရွှင် စွာ ပါဝင် ခဲ့ကြသည် ကို တွေ့မြင်ခွင့် ရခဲ့သည်။
ယခင်က ပြန့်ကျဲနေ
ယခင်က တောင်ရိုး တိုင်းရင်းသား များ သည် ရှမ်းပြည်နယ် ရှိ မြို့နယ် အသီးသီးနှင့် မြန်မာပြည် အနှံ့အပြား တွင် ရောက်ရှိနေ သည့် အတွက် ပြန်လည် တွေ့ဆုံကြစေရန် ရည်ရွယ်၍ ပွဲတော်ကို ပထမဆုံး ကျင်းပခဲ့ ခြင်း ဖြစ်သည်။ အဆိုပါ ပွဲတော်သို့ ကလော၊ ညောင်ရွှေ၊ ပင်းတယ၊ ပင်လောင်းမှ တောင် ရိုး တိုင်းရင်းသား များ စုံညီစွာ တက်ရောက် ခဲ့ ကြသည်။
ဆည်ခေါင်းရွာ ၌ ကျင်းပ
တောင်ရိုး တိုင်းရင်းသား များ ယဉ်ကျေး မှု စုံညီ ပွဲတော်ကို တောင်ရိုး တိုင်းရင်းသား အများ စုနေထိုင် လျက်ရှိသည့် ပင်လောင်း မြို့နယ်၊ ဆည်ခေါင်း ကျေးရွာတွင် ကျင်းပ ခဲ့ ခြင်းဖြစ်သည်။ အဆိုပါ ကျေးရွာ သည် အိမ်ခြေ ၂၅၀ ရှိပြီးလူဦးရေ ၅,၀၀၀ကျော် နေ ထိုင် လျက်ရှိသည်။
မြန်မာပြည်တွင် တိုင်းရင်းသား လူမျိုး ပေါင်းစုံ များစွာ နေထိုင် ကြသည့် အနက် တောင်ရိုး တိုင်းရင်းသား များသည် လူသိ နည်းပါး ခဲ့သည့် တိုင်းရင်းသား မျိုးနွယ်စု တစ်ခုဖြစ်သည်။ ပြီးခဲ့သော သစ်ခွ ပွဲတော်၌ လူအများ ၏ စိတ်ဝင်စားမှု ကိုရရှိခဲ့သည်။ တောင်ရိုး စကားပြောဟန် သည် အင်းသား၊ ဓနု၊ ပအိုဝ်း၊ ပလောင် တို့နှင့် ဆင်တူသော် လည်း ကွဲပြား ခြားနားသည်။ တောင်ရိုး ရိုးရာ ၀တ်စုံသည် အမျိုးသမီး သင်တိုင်း ရှည်ဖြစ် ပြီး အမျိုးသား များသည် အင်္ကျီ အပြာရောင် ရှမ်းဘောင်းဘီ အနက်ကို ၀တ်ဆင် ကြသည်။
ရိုးရာ ၀တ်စုံများဖြင့် လှပနေ
ရှေးယခင်က တောင်ရိုး အမျိုးသမီးများ သည် ဂျပ်ခုတ် သင်တိုင်း အရှည် တစ်ထည်ကို သာ ၀တ်ဆင် လေ့ရှိပြီး အိမ်ထောင် ကျပါက ဒူးခေါင်း အောက်တွင် ကြေးခြေကွင်း ကို ၀တ် ဆင် ရသည်။ အပျို များသည် ငွေခြေကွင်း ကို ခြေသလုံး တွင် ၀တ်ဆင် ရသည်။
တောင်ရိုး ရိုးရာ ယဉ်ကျေးမှု စုံညီပွဲ တော်သို့ ကျောက်တန်း၊ အောင်ပန်း၊ ကျား တွန်၊ မြေခြား၊ ကျေးတောင်၊ တီကျစ်၊ ဆောင်းဖွတ်၊ နန်းတိုင်း၊ ပင်းတယ၊ နောင်မူ၊ နန်းတိုင်၊ လိုင်ယား၊ ကလော၊ မွန်းပင်၊ က လော သီခေါင်၊ ဟဲဟိုင်း သံတောင်၊ တိုက်ခဲ့၊ မြေနီကုန်း တို့မှ အဖွဲ့ပေါင်း ၃၀ ကျော် လာ ရောက်ပြီး အက ပဒေသာ များဖြင့် ဖျော်ဖြေ ခဲ့ ကြသည်။
တောင်ရိုး တိုင်းရင်းသား များ၏ ချစ်စရာ ဓလေ့
တောင်ရိုး ယဉ်ကျေးမှုသည် မြန်မာ ယဉ်ကျေးမှုနှင့် ဆင်တူသည်။ တောင်ရိုးတို့ ၏ ချစ်စရာ ကောင်းသော ဓလေ့စရိုက်မှာ အပြန်အလှန် ရိုင်းပင်း ကူညီခြင်း စည်းလုံး ညီ ညွတ်မှုရှိခြင်း၊ လက်စားချို လက်စားဖြူ စနစ် ကို ကျင့်သုံး သည်။ ယခင် ဓလေ့ ထုံးစံအရ တောင်ရိုး အမျိုးသားများသည် မိမိကြိုက်နှစ် သက်သော အမျိုးသမီး ကို ပဲလှော်ဖြင့် ပေါက် ၍ ချစ်ရေး ဆိုကြပြီး အမျိုးသမီး မှပြန်လည် နှစ်သက် လက်ခံပါက ပဲလှော်ဖြင့် ပြန်လည် ပေါက်ရသည်။
ကမ္ဘာလှည့်ခရီးသွား ဧည့် သည်များက မှတ်တမ်း တင်
အဆိုပါ ပွဲတော်သို့ တောင်ရိုး တိုင်းရင်း သားများနှင့် အတူ ပအိုဝ်း လူမျိုး များ ပျော် ရွှင်စွာ ပူးပေါင်း ဆင်နွှဲ ခဲ့ကြရာ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များက ပွဲတော် အား စိတ်ဝင်တစား လာ ရောက် လေ့လာ မှတ် တမ်းတင် ရိုက်ကူးခဲ့ကြ သည်။ တောင်ရိုးယဉ် ကျေးမှု ပွဲတော်ကို နှစ်စဉ် ဖေဖော်ဝါရီတွင် ကျင်းပ သွားရန် စီစဉ်ထားသည်။ ပွဲတော် တွင်တောင်ရိုး သီချင်းများ၊ ဓနုရိုးရာ တေးသီ ချင်းများ၊ မော်အေး ပြိုင်ပွဲများ၊ လှယဉ်ကျေး မယ် ပြိုင်ပွဲများ၊ တောင်ရိုး ဓားသိုင်း အကများ ထည့်သွင်း ပြသခဲ့ ကြသည်။
ယဉ်ယဉ်လှ
Share



တောင်ရိုးလူမျိုးဟာ ပအိုဝ်းလူမျိုးတမျိုးထဲမှာပါဝင်ပါတယ်။ တောင်ရိုးစကားဟာ ပအိုဝ်းစကားဖြစ်ပါတယ်။ ၀တ်စားဆင်ယင်မှုလည်းပအိုဝ်းလိုပါပဲ။
[Reply]
နယ်စပ်ကို ရောက်တုန်းက မြန်မာ တိုင်ရင်းသားတွေ ကို တွေ့ပါတယ်။ သူတို့ က မြန်မာ တိုင်ရင်းသား မဟုတ် ဘူးတဲ့၊ ငြင်းတယ်။ ထိုင်း လူမျိုးတဲ့။ ပဒေါင်း လူမျိုးတွေ တွေ့တော့ လဲ ထိုင်းလူမျိုးတဲ့။ မြန်မာ လူမျိုး ပျောက်သွားမှာ စိုးရိမ်ရတယ်။
[Reply]