မြန်မာနိုင်ငံအား မလာရောက်သေး သော ခရီးသွား ဧည့်သည်များ အတွက် မြန်မာ နိုင်ငံနှင့် စပ်လျဉ်း၍ သိရှိသင့် သိရှိထိုက် သည့် အချက်အလက်များ အပြင် စိတ်ဝင်စားဖွယ် နေရာ ဒေသများ ကိုဖော်ကျူး လျက် မြန်မာပြည် လာရောက်အောင် ဆွဲဆောင်ထားသော Myanmar Travel Information Diary စာအုပ် ကို စတင် ထုတ်ဝေခြင်း အခမ်းအနား ကို ဇန်န၀ါရီ ၁၉ရက် နံနက် ၉နာရီတွင် မြန်မာ အင်ဖိုတက်၌ ကျင်းပ ခဲ့သည်။
အဆိုပါ အခမ်း အနားတွင် Myanmar Travel Information မှ ဦးဇော်ထွဋ်က စာအုပ် ထုတ်ဝေ ရခြင်းနှင့် ပတ်သက်၍ ရှင်း လင်း ပြောကြားပြီး ဦးနေအုပ်က Myanmar News Blog အကြောင်း၊ ယူနီကုတ် သုံးစွဲ ပုံများ၊ အွန်လိုင်းပေါ်မှ ပစ္စည်းများအား ၀ယ်ယူ နိုင်သည့် အကြောင်း အရာများကို ဆက် လက်ရှင်းပြခဲ့သည်။
အဆိုပါ စာအုပ်အား ခရီးသွား ကုမ္ပဏီများ၊ သံရုံးများ၊ မြန်မာပြည်ကို လာ ရောက်သော ဧည့်သည်များ အား ဖြန့်ဝေ သွားမည်ဖြစ်သည်။ “ဒီစာအုပ်မှာ မြန်မာပြည်ရဲ့ထင်ရှားတဲ့ နေရာ ဒေသ တွေကို ထည့်သွင်း ထားတယ်။ နှစ် အလိုက် web page တွေကို လဲလှယ်ပေး ထားတယ်။ မြန်မာပြည်ကို လာလည်မယ့် သူအတွက် ဘယ်နေရာကိုသွားမယ်၊ ဘယ် နေရာမှာ ထမင်းစားလို့ရတယ်။ ဘယ်နေရာ မှာဈေးဝယ်မယ်။ သွားချင်တဲ့ နေရာတွေ မျိုး စုံကိုကြည့်နိုင်တဲ့ web pages ပေါင်း ၃,၀၀၀ ကျော်ကို ထည့်ထား ပေးထားတယ်” ဟု အထက် ပုဂ္ဂိုလ်က ဆိုသည်။
YYH
Share


