ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင် များအသင်းချုပ် (UMFCCI) ၊ လူ့စွမ်း အား အရင်း အမြစ်ဖွံ့ဖြိုးမှု ဆိုင်ရာလုပ်ငန်း ကော်မတီ၏ စီမံခန့်ခွဲမှု အောက် ၌ တည်ထောင် ဖွင့်လှစ် ထားသော UMFCCI Traning Institute ၏ ရည်ရွယ်ချက်၊ ဦးတည်ချက် တို့ကို ဖော်ဆောင် နိုင်သည့် အမှတ် တံဆိပ် logo ဒီဇိုင်း ပုံဖော် နိုင်ရန်အတွက် logo ယှဉ်ပြိုင်ရန် ပညာရှင် များအား ဖိတ်ခေါ် ထား ကြောင်း UMFCCI တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ သည်။
အဆိုပါ logo ပြိုင်ပွဲသို့ ဒီဇိုင်း ပညာရှင်များ၊ ပန်းချီ ပညာရှင်များ၊ မည်သူမဆို ပါဝင် ယှဉ်ပြိုင် နိုင်ပြီး ပထမ ဆုကို ကျပ် ၅,၀၀,၀၀၀ နှင့် နှစ်သိမ့်ဆု ကျပ် ၅၀,၀၀၀ လေးဆုကို ချီးမြှင့်သွား မည်ဖြစ်သည်။ ပြိုင်ပွဲဝင်သူ တစ်ဦး လျှင် logo ဒီဇိုင်း နှစ်မျိုးအထိ ယှဉ် ပြိုင်နိုင်သည်။
ပြိုင်ပွဲ ၀င်သူများသည် မိမိ၏ ဓာတ်ပုံနှင့် ကိုယ်ရေး မှတ်တမ်း အကျဉ်း ကို ယှဉ်ပြိုင်သည့် logo ဒီဇိုင်းနှင့် အတူ ပူးတွဲ တင်ပြရမည်ဖြစ်ပြီး logo ဒီဇိုင်းများကို ဖေဖော်ဝါရီ ၂၆ ရက် နောက်ဆုံး ထား၍ ပေးပို့ယှဉ်ပြိုင် နိုင်သည်။ လက်ခံ ရရှိသော ဒီဇိုင်း များကို ကျွမ်းကျင် ပန်းချီ ဒီဇိုင်း ပညာရှင်များ ပါဝင် သည့်အဖွဲ့ဖြင့် စိစစ် ရွေးချယ် သွားမည်ဖြစ်သည်။
အသေးစိတ် သိလိုပါက ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (လူ့စွမ်းအားအရင်းအ မြစ်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်း ကော် မတီ) ဖုန်း-၂၁၄၃၄၄-၄၉၊ ၂၁၇၂၁၀ သို့ဆက်သွယ် စုံစမ်း နိုင်သည်။
ပထမဆု အဖြစ် ရွေးချယ်ခြင်းခံရ သော logo ဒီဇိုင်းသည် UMFCCI Training Institute ၏ logo အမှတ်အသား အဖြစ် သတ်မှတ်ရန် UMFCCI Tranining Institute နှင့် ပြည်ထောင်စ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှု လက်မှု လုပ်ငန်းရှင် များအသင်း(UMFCCI)မှ လိုအပ် သလို လွတ်လပ်စွာ အသုံးပြု မည်ဖြစ် ကြောင်း သိရသည်။
နေသူရိန်ထွန်း၊ ယဉ်ယဉ်လှ
Share


