Global Technology မှ Bitdefender Antivirus 2010 Brand Ambassador ခန့်အပ်ခြင်း၊ သုံးစွဲသူ များထံမှ ကံထူးရှင် များကို ဘန်ကောက် ခရီးစဉ် ရှင်းလင်းခြင်းနှင့် Reseller ပြုလုပ်ခြင်း အခမ်းအနားကို ဇန်န၀ါရီ ၂၁ ရက်တွင် ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပခဲ့သည်။ အခမ်း အနားတွင် Global Technology မှ ဒါရိုက်တာ ဦးမင်းဆွေလှိုင်မှ Bitdefender Antivirus 2010 ၏ Brand Ambassador အဖြစ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင်အား အပ်နှင်းသည်။ ထို့နောက် Brand Ambassador စိုင်းစိုင်း ခမ်းလှိုင်က နှုတ်ခွန်းဆက် စကား ပြောကြားပြီး Global မှ မားကက် တင်းမန်နေဂျာ ဦးငြိမ်းချမ်းဋ္ဌေးက Bitdefender 2010 သုံးစွဲသူများထဲမှ ကံထူးရှင်များကို ဘန်ကောက်သို့ အခမဲ့ ပို့ဆောင် ပေးမည့် အစီအစဉ်ကို ရှင်း လင်းပြောကြားခဲ့သည်။ ထို့နောက် Reseller Seminer ပြုလုပ်၍ Bitdefender Antivirus 2010 ကို အသုံးပြုပုံ ပါဝင်သည့် လုပ်ဆောင်ချက်များ သတိပြု လုပ်ရန် လိုအပ်ချက်များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားပြီး တက် ရောက်လာသူများ၏ မေးမြန်းချက် များကို ရှင်းပြခဲ့သည်။
ဝေယံလင်း
Share


